၂၀၂၀ပြည့်နှစ်၊ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်
ပြည်ပရောက်မဲဆန္ဒရှင်များမှပုံစံ(၁၅)များကိုဖြည့်စွက်ပေးပို့ရေးအသိပေးထုတ်ပြန်ချက်
( ၂ / ၂၀၂၀)
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် (တနင်္ဂနွေနေ့)၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၁၁၅ / ၂၀၂၀) ဖြင့်၁-၇-၂၀၂၀ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ သို့ပါ၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ၅၇(ခ)အရ ကြိုတင်ဆန္ဒမဲ တောင်းခံရာတွင် ဖြည့်စွက်ရမည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြန်မာသံရုံးများတွင် စတင်ထုတ်ယူနိုင်ရေးအတွက်လည်းကောင်း၊ ဖြည့်စွက်ပြီးပုံစံ(၁၅)များ ပြန်လည်ပေးပို့ရမည့်နေ့ရက်နှင့် ပတ်သက်၍လည်းကောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ( ၁၁၈ / ၂၀၂၀ ) ကို၂-၇-၂၀၂၀ရက်နေ့တွင် အောက်ဖော်ပြပါ အတိုင်းကြေညာချက်ထုတ်ပြန်ခဲ့ပါသည်-
(၁) ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး အတွက် ပုံစံ(၁၅)များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက် [ ပုံစံ(၁၅)များကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် website၊ နိုင်ငံခြားရေး ဝန်ကြီးဌာနwebsite နှင့် သက်ဆိုင်ရာသံရုံး၏website များမှလည်းDownload ရယူနိုင်ပါသည် ] ၃-၇-၂၀၂၀
(၂) ပြည်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး အတွက် အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက် ၁၆-၇-၂၀၂၀ မှ ၅-၈-၂၀၂၀
၃။ ထို့ကြောင့်အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်၊ အရီဇိုးနားပြည်နယ်၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဟာဝိုင်ယီပြည်နယ်၊ နယူးမက္ကဆီကိုပြည်နယ်၊ အော်ရီဂွန်ပြည်နယ်၊ နီဗားဒါးပြည်နယ်၊ ဝါရှင်တန် ပြည်နယ်နှင့် အမေရိကန်ဆာမိုအာကျွန်း၊ ဂူအန်းကျွန်းနှင့် မြောက်ပိုင်းမာရီယာနာကျွန်းစုများ စသည့် ဒေသများတွင်နေထိုင်လျက်ရှိပြီး၊ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ရောက်ရှိနေသော သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲသို့ မိမိဆန္ဒအလျောက်ကြိုတင်ဆန္ဒမဲများပေးအပ်နိုင်ရေးအတွက် ပုံစံ(၁၅)အား ၃-၇-၂၀၂၀ ရက်နေ့မှ စတင်၍မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ (သို့မဟုတ်) အောက်ဖော်ပြပါ Website/ Facebook Page တို့တွင်ဖြစ်စေရယူနိုင်ပါကြောင်းအသိပေးအပ်ပါသည် -
(က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
Website - www.uec.gov.mm
(ခ) နိုင်ငံခြားရေးဝန်ကြီးဌာန
Website - www.mofa.gov.mm
(ဂ) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊လော့စ်အိန်ဂျယ်လိစ်မြို့
Website - www.myanmarcgla.org
Facebook Page - https://www.facebook.com/myancglosangeles
၄။ ပုံစံ(၁၅)ပါအချက်အလက်များကို ဖြည့်စွက်ရာတွင် ပြည်ပနေရပ်လိပ်စာအား အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြရန်၊ ထိုသို့ဖော်ပြရာတွင် မြို့/နိုင်ငံအမည်များကို ပြည့်စုံစွာရေးသားဖော်ပြရန်၊ မြန်မာနိုင်ငံရှိ လိပ်စာကိုဖော်ပြရာ၌ မိမိတို့၏အိမ်ထောင်စုစာရင်းတည်ရှိရာ လိပ်စာကိုဖော်ပြရန်၊ ဖြည့်စွက်ပြီး ပုံစံများကို email ဖြင့် ပေးပို့ပါကလည်း ကြည်လင်ပြတ်သားသည့် အနေအထားဖြင့် ပေးပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။
၅။ ပုံစံ(၁၅)ကို ပြည့်စုံစွာဖြည့်စွက်ပြီးပါက သက်တမ်းရှိနိုင်ငံကူးလက်မှတ်မိတ္တူ၊ မြန်မာနိုင်ငံရှိ အိမ်ထောင် စုစာရင်း ပုံစံ(၁၀)မိတ္တူတို့နှင့်အတူ ၅-၈-၂၀၂၀ရက်နေ့နောက်ဆုံးထား၍ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်သော်လည်းကောင်း၊ email ဖြင့်သော်လည်းကောင်း ပြန်လည်ပေးပို့ပေးပါရန်နှင့် သတ်မှတ်ရက်ထက်နောက်ကျပြီးမှ လက်ခံရရှိသည့်ပုံစံ(၁၅)များအား ကြိုတင် ဆန္ဒမဲပေးမည့်စာရင်းတွင် ထည့်သွင်းသွားမည်မဟုတ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။ ပုံစံ(၁၅) ပြန်လည်ပေးပို့ရမည့် လိပ်စာနှင့်email တို့မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
Consulate-General of the Republic of the Union of Myanmar
3435 Wilshire Blvd., Suite 1590,Los Angeles,CA 90010
Email : This email address is being protected from spambots. You need JavaScript enabled to view it.
၆။ ၂၀၂၀ပြည့်နှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ထားသော အမိန့်ကြေညာစာများ၊ သတင်းအချက်အလက်များ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် လမ်းညွှန်းချက်များကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ website တွင်ဝင်ရောက် လေ့လာနိုင်ပါကြောင်း အသိပေးဖော်ပြအပ် ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့
ရက်စွဲ၊ ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လ ၃ရ က်