၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲသို့ နိုင်ငံပြင်ရောက်ရှိနေသူများမှ ကြိုတင်ဆန္ဒမဲဖြင့်
မဲပေးနိုင်ရေးအတွက် အသိပေးကြေညာချက်
(၃/၂၀၂၀)

၁။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲသို့ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေးနိုင်ရေး အတွက် ဆန္ဒမဲတောင်းခံရာတွင် လိုအပ်သည့် ပုံစံ(၁၅)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်နှင့်အညီ ၃-၇-၂၀၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်၍ ဖြန့်ဝေခဲ့ပြီးဖြစ်ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အလိုက် မဲဆန္ဒနယ်များကို သက်ဆိုင်ရာလွှတ်တော်များ၏ ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ အောက်ပါအတိုင်း သတ်မှတ်ခဲ့ပြီးဖြစ်ပါ၍ သိရှိနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်-

(က) ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၃၀) နယ်
(ခ) အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၆၈) နယ်
(ဂ) တိုင်းဒေသကြီ/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၆၄၄) နယ်
(ဃ) တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉) နယ်

၃။ ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထုတ်ပြန်ထားသည့် လွှတ်တော် မဲဆန္ဒနယ်တွင်ပါဝင်သည့် နယ်မြေစာရင်းနှင့် ရွေးကောက်ပွဲဆိုင်ရာအခြားသိသင့်သည့် ထုတ်ပြန်ချက်များ အပါအဝင် အသေးစိတ်အချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Facebook Page ဖြစ်သော www.facebook.com/uecmyanmar နှင့် website ဖြစ်သော www.uec.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းလည်း အသိပေးကြေညာအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်

 

Embassy Websites

Government Ministries