Announcement on Extension of the Precautionary Restriction Measure Relating to Control of the COVID-19 Pandemic until 31 January 2022
1. With a view to the further strengthening of measures to contain the spread of the COVID-19 pandemic, the Ministry of Foreign Affairs of the Republic of the Union of Myanmar has issued the following announcements regarding temporary entry restrictions for visitors from all countries. All those restrictions were extended until 31 December 2021 by the Ministry's announcement dated 30 November 2021.
(a) Announcement dated 15 March 2020 regarding precautionary measures for all travellers visiting Myanmar;
(b) Announcement dated 20 March 2020 regarding additional precautionary measures for travellers visiting Myanmar and temporary suspension of issuance of visa on Arrival and e-visa;
(c) Announcement dated 24 March 2020 regarding additional precautionary measures for travellers from all countries visiting Myanmar; and
(d) Announcement dated 28 March 2020 regarding temporary suspension of all types of visas (including social visit visas) and visa exemption services.
2. In order to continue its effective response measures to protect the population of the country from the risks of importation and spread of the COVID-19, the Government of the Republic of the Union of Myanmar has decided to extend the afore-mentioned entry restriction measures until 31 January 2022.
3. In case of urgent official missions or compelling reasons, foreign nationals, including diplomats and United Nations officials, who wish to travel to Myanmar by available relief or special flights, may contact the nearest Myanmar Mission for possible exception with regard to certain visa restrictions. However, all visitors must abide by existing directives issued by the Ministry of Health and Sports relating to the prevention and control of the COVID-19 pandemic.
Ministry of Foreign Affairs
Nay Pyi Taw
Dated. 1 January 2022
**********
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်
၁။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါကန့်သတ်ချက်များအားလုံးကို ၃၀-၁၂-၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြင့် သတ်မှတ် ကြောင်း ၃၀-၁၁-၂၀၂၁ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်-
(က) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များ နှင့်စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
(ခ) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီ ရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
(ဂ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင် ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
(ဃ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့် နှင့် လူမှုရေးဗီဇာအပါအဝင် မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းမှုနှင့် စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါကြေညာချက်။
၂။ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူ များအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက် သွားနိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီ ကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ် လိုက်ပါသည်။
၃။ သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပ နိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန် ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံရန်ဖြစ်ပါသည်။ သို့သော် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာကြ ရမည် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်