နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား အသိပေးကြေညာခြင်း

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်မှု လွှမ်းခြုံမှုမြင့်မားစေ ရန် ဆောင်ရွက်နိုင်မှုများနှင့် ပြည်သူလူထုအနေဖြင့် ပုံမှန်နေထိုင်မှုပုံစံသစ် (New Normal Setting) အား လိုက်နာကျင့်သုံးလာမှုများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများ သိသာစွာကျဆင်းလာပြီး ခရီးသွား လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြေလျှော့မှုများဆောင်ရွက်နိုင်ရန် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအား ဖြေလျှော့ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် “နိုင်ငံတကာ လေကြောင်းခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ်ဝင်/ ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ (၁-၃-၂၀၂၄)” အား ပယ်ဖျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အား အသိပေးကြေညာအပ်ပါသည်။

 

Embassy Websites

Government Ministries