Union Minister U Kyaw Tin participates in the High-level Video Conference on Belt and Road International Cooperation

(Nay Pyi Taw, 19 June 2020)

Union Minister for International Cooperation U Kyaw Tin participated in the High-level Video Conference on Belt and Road International Cooperation on Combating COVID-19 at 6:30 p.m. on 18 June 2020 from the Ministry of Foreign Affairs, Nay Pyi Taw.

The Meeting was chaired by Mr. Wang Yi, State Councilor and Foreign Minister of the People's Republic of China, and was attended by the Foreign Ministers and other Ministers concerned from 26 Partner Countries of Belt and Road Cooperation, the Director-General of World Health Organization, and the Administrator of the United Nations Development Programme.

At the Meeting, the Ministers shared their national efforts in addressing the challenges of the COVID-19 pandemic and discussed matters on cooperation by extending mutual support, sharing timely and necessary information, upgrading the capacity of public health system, promoting joint scientific research and international dialogues among health professionals and providing assistance to countries in need in the fight against the pandemic.

The Ministers also exchanged views on the importance of enhancing cooperation among BRI countries in such areas as digital economy, health care industry, food security, and exploration of new sources of growth to mitigate the global economic and social disruption caused by the COVID-19. They also encouraged business friendly policies, particularly for micro, small and medium enterprises (MSMEs) and vulnerable economic sectors. They also emphasized the importance of promoting economic, social, fiscal, financial and environmental sustainability of projects. They also stressed that deepening Belt and Road Cooperation would contribute to socio-economic development, poverty alleviation and economic recovery.

Union Minister U Kyaw Tin informed the meeting that Myanmar had so far been able to keep the COVID-19 under control, attributing to the “Whole-of-Nation” approach taken by the government by mobilising the strength of people and support of the partners in its efforts for prevention and containment of the COVID-19. He also stressed that adhering to the principle of “Leaving no one behind”, Myanmar's response to the COVID-19 covers the whole strata of society including IDPs, EAOs and people with disabilities. He also explained Myanmar's endeavours to mitigate the economic impacts of the pandemic including the adoption of the COVID-19 Economic Relief Plan (CERP)

Union Minister also encouraged BRI participating countries to foster cooperation by setting up an arrangement to provide necessary medical equipment and supplies to the countries in need in responding to the pandemic. He also stressed the importance of keeping supply chains and ensuring smooth cross-border movement of food commodities and essential medical equipment and supplies through closer macroeconomic policy coordination, ensuring the smooth flow of cross-border bilateral trade with China. He also emphasized the need to work together to move forward BRI projects in accordance with the respective national development plan and policies, early implementation of foreign investment projects and promotion of trade to enhance economic growth, socio-economic development and creation of job opportunities, despite the challenges posed by the global pandemic.

The Joint Statement of the High-Level Video Conference on Belt and Road International Cooperation “Combating the COVID – 19 with Solidarity” was issued at the meeting. Also present at the Video Conference were the Permanent Secretary and senior officials from the Ministry of Foreign Affairs.

* * * * * *

ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အဆင့်မြင့် ဗီဒီယိုကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ပါဝင်တက်ရောက်

(၁၉-၆-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် သည် ၁၈-၆-၂၀၂၀ ရက်နေ့၊ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ကျင်းပပြုလုပ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများအကြား ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့် ဗီဒီယိုကွန်ဖရင့်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံ (၂၆) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အုပ်ချုပ်ရေးမှူးတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေး အတွက် မိမိတို့နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီး၊ ကူးစက်ရောဂါအား တိုက်ဖျက်ရာတွင် လိုအပ်သည့် သတင်းအချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ ဖလှယ်နိုင်ရေး၊ ပြည်သူ့ကျန်းမာရေးစနစ် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျန်းမာရေးပညာရှင်များအကြား ပူးတွဲလျက် သိပ္ပံနည်းကျသည့် သုတေသနများနှင့် နိုင်ငံတကာ ဆွေးနွေးပွဲများကို တိုးမြှင့်ပြုလုပ်နိုင်ရေးနှင့် အကူအညီလိုအပ်သည့် နိုင်ငံများအား အထောက်အပံ့ပေးရေး စသည့်ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဝန်ကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး သက်ရောက်မှုများ လျော့ပါးသက်သာစေရန်အတွက် ဒစ်ဂျစ်တယ် စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့် စားနပ်ရိက္ခာဖူလုံမှု ကဏ္ဍများတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ဖွံဖြိုးမှုနည်းလမ်းသစ်များ ရှာဖွေရေးတို့၏ အရေးပါမှုတို့အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ဝန်ကြီးများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းနှင့် ထိခိုက်လွယ်သည့် စီးပွားရေးကဏ္ဍများအတွက် သဟဇာတဖြစ်စေမည့် စီးပွားရေးမူဝါဒများ ချမှတ်သွားရေးနှင့် စီးပွားရေး၊ လူမှုရေး၊ ငွေရေးကြေးရေး၊ ဘဏ္ဍာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့သည့် စီမံကိန်းများ၏ အရေးပါမှုတို့ကို လည်းကောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအားဖြင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး၊ စီးပွားရေး နာလန်ထူရေးအတွက် အထောက်အကူပြုစေရေး ကိစ္စများကိုလည်းကောင်း အလေးပေးဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများ၏ အင်အားနှင့် မိတ်ဖက်များ၏ ပံ့ပိုးမှုကိုရယူ၍ “တစ်နိုင်ငံလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံ”ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ မှုကြောင့် ကူးစက်ရောဂါအား ယနေ့အထိ ထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေး တို့တွင် လူမှုအသိုက်အဝန်းအားလုံး အကျုံးဝင်စေရန် “မည်သူတစ်ဉီး တစ်ယောက်မျှ မကျန်ရှိ စေရေးမူ”ကို လက်ကိုင်ပြုလျက် နေရပ်စွန့်ခွာသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မသန်စွမ်းသူများအပါအဝင် လူမှုအသိုက်အဝန်း၏ အလွှာအသီးသီးအတွက် ဆောင်ရွက်ပေးနေမှုများကို အလေးထား ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကူးစက်ရောဂါကြောင့် စီးပွားရေး အပေါ် ထိခိုက်မှုများ လျော့ပါးသက်သာစေရေးအတွက် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) ချမှတ် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများအကြား ကူးစက်ရောဂါကို တုံ့ပြန် ဆောင်ရွက်ရာတွင် အကူအညီလိုအပ်သည့် နိုင်ငံများသို့ လိုအပ်သော ဆေးဝါးပစ္စည်းများ ပံ့ပိုးပေးနိုင်မည့် အစီအစဉ်တစ်ရပ်ချမှတ်၍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်နိုင်ရေးအတွက် တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မက်ခရိုစီးပွားရေး မူဝါဒ ညှိနှိုင်းပေါင်းစပ်မှုမှတစ်ဆင့် ထောက်ပံ့ရေး ကွင်းဆက်လမ်းကြောင်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၏ အရေးပါမှုနှင့် စားသောက်ကုန် ပစ္စည်းများ၊ အရေးကြီးသည့် ဆေးပစ္စည်းကိရိယာများနှင့် အထောက်အပံ့များအား နယ်စပ် ဖြတ်ကျော်လျက် လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးကိစ္စရပ်များ၊ မြန်မာ-တရုတ် နယ်စပ်တွင် ကူးစက်ရောဂါထိန်းချုပ်ရေး အစီအမံများကြောင့် ကုန်စည်စီးဆင်းမှုများ အဟန့်အတားမဖြစ်စေရေး အတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးရေးကိစ္စများအား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ရှိနေသော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံများ၏ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ၊ မူဝါဒများနှင့်အညီ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည် ဖော်ခြင်းနှင့် ကုန်သွယ်မှုမြှင့်တင်ခြင်းတို့ကို အတူတကွကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ၏ အဆင့်မြင့်အစည်းအဝေးက ကိုဗစ်-၁၉ ကူးစက်ရောဂါအား စုစည်းညီညွတ်စွာ တိုက်ဖျက်ရေး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

* * * * * *

Embassy Websites

Government Ministries