Union Minister U Kyaw Tin participates in the 53rd ASEAN Foreign Ministers' Meeting and related Meetings held via video conference
(9-9-2020, Nay Pyi Taw)
Union Minister for International Cooperation U Kyaw Tin participated in the Opening Ceremony of the 53rd ASEAN Foreign Ministers' Meeting, the 53rd ASEAN Foreign Ministers' Meeting and related Meetings which were held via video conference today at 07:30 a.m. from the Ministry of Foreign Affairs, Nay Pyi Taw.
The Opening Ceremony was commenced with the singing of ASEAN Anthem by Vietnamese artists. Then, Mr. Nguyen Xuan Phuc, Prime Minister of the Socialist Republic of Viet Nam as ASEAN Chair of the year 2020 delivered welcoming remarks and Mr. Pham Binh Minh, Deputy Prime Minister and Minister for Foreign Affairs of the Socialist Republic of Viet Nam delivered opening remarks.
The 53rd ASEAN Foreign Ministers' Meeting was chaired by Mr. Pham Binh Minh, Deputy Prime Minister and Minister for Foreign Affairs and attended by ASEAN Ministers and the Secretary-General of ASEAN. At the Meeting, the Ministers discussed and exchanged views on ASEAN community building, follow up to the 36th ASEAN Summit and ASEAN 2020's priorities, applications of external partners to accede to the Treaty of Amity and Cooperation in Southeast Asia (TAC), regional architecture and external relations, regional and international issues, activities of ASEAN Intergovernmental Commission on Human Rights Representatives, adoption of the Joint Communique of the 53rd AMM, preparations for ASEAN Post Ministerial Conference (PMC) 10+1 Sessions with ASEAN's Dialogue Partners, 21st ASEAN Plus Three Foreign Ministers' Meeting, 10th East Asia Summit Foreign Ministers' Meeting, 27th ASEAN Regional Forum and the 37th ASEAN Summit and related Summits.
Then, the Union Minister attended Meeting of the Southeast Asia Nuclear Weapon-Free Zone (SEANWFZ) Commission, the 27th ASEAN Coordinating Council, Special Session of the ASEAN Coordinating Council Meeting on Sub-Regional Development, ASEAN Post Ministerial Conferences (PMC) with China, Japan and the Republic of Korea, 21st ASEAN Plus Three Foreign Ministers' Meeting and 10th East Asia Summit Foreign Ministers' Meeting.
At the ASEAN Post Ministerial Conferences (PMC) with China, Japan and the Republic of Korea, the Ministers discussed and exchanged views on future cooperation as well as regional and international issues.
The Special Session of the ASEAN Coordinating Council Meeting on Sub-Regional Development was attended by Foreign Ministers from the ASEAN Member States, the Secretary-General of ASEAN, Representatives from ASEAN Economic Community pillar, ASEAN Socio-Culture Community pillar, Asia Development Bank and Economic Research Institute of ASEAN and East Asia.
The 10th East Asia Summit Foreign Ministers' Meeting was attended by Foreign Ministers from the ASEAN Member States, Australia, China, India, Japan, Republic of Korea, New Zealand, Russian Federation, United States and the Secretary-General of ASEAN. During the Meeting, the Ministers discussed and exchanged views on future directions of the East Asia Summit Cooperation, regional and international issues and the preparation of the 15th East Asia Summit which will be held in November this year.
* * * * *
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၅၃) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
(၉-၉-၂၀၂၀ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၇၃၀ နာရီတွင် video conference ဖြင့် ကျင်းပပြုလုပ် သည့် (၅၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၊ (၅၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
(၅၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်အနုပညာရှင်များ၏ အာဆီယံသီချင်း သီဆိုခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
(၅၃) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေး၊ ၂၀၂၀ ပြည့်နှစ် အာဆီယံ၏ ဦးစားပေးလုပ်ငန်းများနှင့် (၃၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ်ရေးထိုး မည့်ကိစ္စရပ်များ၊ ဒေသတွင်း ဗိသုကာပုံစံနှင့် အာဆီယံ ပြင်ပဆက်ဆံရေး ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာကော်မရှင်မှ တင်ပြသည့် ကိစ္စရပ်များနှင့် (၅၃) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက် အတည်ပြုရေးကိစ္စရပ်များကိုလည်းကောင်း၊ အာဆီယံ ဆွေးနွေးဖက် နိုင်ငံများနှင့် သီးခြားစီ ကျင်းပပြုလုပ်မည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများ၊ (၂၁) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၁၀) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်နှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေး၊ ဒေသခွဲဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အထူးအစည်းအဝေး၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုးရီးယားသမ္မတနိုင်ငံတို့နှင့် သီးခြားစီ ကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများ၊ (၂၁) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၀) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ အခြားအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။
ဒေသခွဲဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အာဆီယံပူးပေါင်းညှိနှိုင်းမှုကောင်စီ အထူးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံနှင့် အရှေ့အာရှဒေသ စီးပွားရေး သုတေသနအဖွဲ့တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့် သီးခြားစီ ကျင်းပ ပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့တွင် နိုင်ငံခြားရေးဝန်ကြီးများက အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(၁၀) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အရှေ့အာရှထိပ်သီးအစည်းအဝေး၏ ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။