Union Minister U Kyaw Tin participates in the ASEAN Post Ministerial Conference (PMC) 10+1 Sessions with ASEAN’s Dialogue Partners and co-chairs the ASEAN-Canada Ministerial Meeting held via video conference

(10-9-2020, Nay Pyi Taw)

Union Minister for International Cooperation U Kyaw Tin participated in the ASEAN-United States Ministerial Meeting, ASEAN- Canada Ministerial Meeting, ASEAN-Australia Ministerial Meeting and ASEAN-New Zealand Ministerial Meeting which were held via video conference today starting from 07:30 a.m. from the Ministry of Foreign Affairs, Nay Pyi Taw.

During the Ministerial Meetings, the Ministers reviewed cooperation between ASEAN and respective Dialogue Partner and exchanged views on future directions as well as regional and international issues.

As Myanmar is the current Country Coordinator of ASEAN-Canada Dialogue Relations, Union Minister U Kyaw Tin co-chaired the ASEAN-Canada Ministerial Meeting with Mr. François-Philippe Champagne, Foreign Minister of Canada. In his statement delivered on behalf of the ASEAN Member States, Union Minister U Kyaw Tin appreciated the steady growth in the ASEAN-Canada Dialogue Relations and significant progress in the implementation of the Plan of Action to implement the Joint Declaration on ASEAN-Canada Enhanced Partnership (2016-2020). The Union Minister highlighted possible areas of cooperation between ASEAN and Canada to strengthen dialogue relations based on inclusivity, equality, mutual respect and mutual benefit. He also stressed the importance of enhancing mutual trust, engagement and cooperation between Canada and individual ASEAN Member State in strengthening the existing partnership and enhancing the dialogue relations to the higher level. At the end of the Meeting, the Ministers adopted a new Plan of Action to implement the Joint Declaration on ASEAN- Canada Enhanced Partnership (2021-2025).

The Union Minister also attended the ASEAN Foreign Ministers’ Meeting Interface with ASEAN Intergovernmental Commission on Human Rights Representatives and the ASEAN Ministerial Dialogue on Strengthening Women’s role for Sustainable Peace and Security.

* * * * *

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီ ကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများသို့ ပါဝင်တက်ရောက် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲသဘာပတိ ဆောင်ရွက်

(၁၀-၉-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၇၃၀ နာရီမှ စတင်၍ video conference ဖြင့် ကျင်းပ ပြုလုပ်သည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံနှင့် သက်ဆိုင်ရာ ဆွေးနွေးဖက် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး၏ လက်ရှိ ညှိနှိုင်းရေးမှူးတာဝန် ကို ရယူထားသည်ဖြစ်ရာ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးသည် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mr. François-Philippe Champagne နှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက် ဆက်ဆံရေးသည် ပုံမှန်တိုးတက်လျက်ရှိသည့်အပြင် အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၀) ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိနေခြင်းကို တန်ဖိုးထားကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး၊ အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို အားလုံးပါဝင်မှု၊ သာတူညီမျှရှိမှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းမှုတို့အပေါ်တွင် အခြေခံလျက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နယ်ပယ်များကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား လက်ရှိမိတ်ဖက်ဆက်ဆံရေးကို တိုးတက်ခိုင်မာစေရန်နှင့် ဆွေးနွေးဖက်ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်တို့အတွက် ကနေဒါနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် အပြန်အလှန်ယုံကြည်မှု၊ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့သည်။ အစည်းအဝေးအပြီးတွင် ဝန်ကြီးများက အာဆီယံ-ကနေဒါ မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ခြင်းဆိုင်ရာ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ကို အတည်ပြုခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအစိုးရအချင်းချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များ တွေ့ဆုံပွဲနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့တွင် အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲတို့သို့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။

 

Embassy Websites

Government Ministries