Union Minister U Kyaw Tin participates in the 1st Mekong-U.S. Partnership Ministerial Meeting via Video Conferencing
(11-9-2020, Nay Pyi Taw)
U Kyaw Tin, Union Minister for International Cooperation, participated in the 1st Mekong-U.S. Partnership Ministerial Meeting held via Video Conferencing at 5:30 pm today from the Ministry of Foreign Affairs, Nay Pyi Taw.
The meeting was co-chaired by Mr. Pham Binh Minh, Deputy Prime Minister and Minister of Foreign Affairs of the Socialist Republic of Viet Nam and Mr. Stephen Biegun, Deputy Secretary of State of the United States. The Foreign Ministers of the Mekong member countries; Cambodia, Laos, Thailand and ASEAN Secretary-General also participated in the meeting.
At the meeting, the Ministers welcomed the historic moment of 1st Ministerial Meeting of “Mekong-U.S. Partnership” as the opening of a new chapter of cooperation among Mekong Countries and the United States. The meeting discussed on how the Mekong-U.S. Partnership can contribute to the regional sustainable development and prosperity in the new global and regional context. Deputy Secretary of State pledged to contribute 153.6 million USD to the programmes and activities under the new partnership mechanism.
In the statement, Union Minister U Kyaw Tin shared the experiences of Myanmar's endeavours in the fight against COVID-19 by striking the balance between protection of public health and mitigating the socio-economic impacts on the people and by adopting the COVID-19 Economic Relief Plan (CERP). He also expressed his appreciation to the United States for providing 18.5 million USD assistance to Myanmar to combat the COVID-19 pandemic.
The Union Minister welcomed the “Mekong-U.S. Partnership” as a demonstration of closer friendship and deepen collaboration between the Mekong Countries and the United States based on the principles of consensus, equality, transparency and complementarity for promoting peace, prosperity and sustainable development of the Mekong Region.
The Union Minister recommended the continuation of COMET (Connecting Mekong Through Education and Training) and Young Scientist Programme of the “Lower Mekong Initiative (LMI)” which delivered benefits and opportunities to the young generation of Mekong countries, and also suggested the expansion of cooperation area in vocational training under the new mechanism.
The Union Minister welcomed the United States' pledge of 54 million USD support to the Mekong countries to combat transnational crimes, and continuation of Disaster Relief Exercise and Engagement (DREE) of LMI in the new mechanism. He also thanked the United States and Japan for their joint efforts to contribute through “Japan-U.S.-Mekong Power Partnership (JUMPP)” programme for energy security and to address the barriers of the regional energy integration of the Mekong region. He also expressed his appreciation to the US for the announcement to contribute 153.6 million USD to the programmes and activities under this partnership.
The meeting adopted the “Joint Ministerial Statement of Mekong-U.S. Partnership” and “Mekong-U.S. Partnership Foundational Document”.
The new Mekong-U.S. Partnership is upgraded by building upon the 11-year experiences of Lower Mekong Initiative (LMI) with improvements in response to emerging needs and challenges of the Mekong Region. Under the new partnership mechanism, the future course of action will give priority on the areas of Economic Connectivity, Sustainable Water and Natural Resources Management, Environmental Conservation and Protection, Non-Traditional Security, and Human Resource Development.
* * * * *
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ပထမအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးသို့ ပါဝင်တက်ရောက်
(၁၁-၉-၂၀၂၀ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ ညနေ ၅:၃၀ နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Mekong-U.S. Partnership) ပထမအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh နှင့် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Stephen Biegun တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဝန်ကြီးများက မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေး စီအစဉ်ကို ပထမအကြိမ်ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပခြင်းအားဖြင့် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့မှုအပေါ် ကြိုဆိုခဲ့ကြပြီး၊ မဲခေါင်ဒေသခွဲ၏ လက်ရှိနှင့် အနာဂတ်ကာလတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောမှု မြှင့်တင်ရေးအတွက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အနေဖြင့် မည်ကဲ့သို့ အထောက်အကူပြု နိုင်မည်ကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ယခု လုပ်ငန်းစဉ်အသစ်အောက်မှ ဆောင်ရွက်မည့် စီမံကိန်းနှင့် လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၁၅၃.၆ သန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပါဝင်ဆွေးနွေးရာ၌ COVID-19 ကာကွယ် တိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်သူ့ကျန်းမာရေး အကာအကွယ်ပေးမှုလုပ်ငန်းနှင့် ကပ်ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုများအား လျော့ချရေးကို ဟန်ချက်ညီကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၈.၅ သန်းတန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ခြင်းကို ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်သည် မဲခေါင်ဒေသအတွင်း ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ မြှင့်တင်နိုင်ရေးအတွက် အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ တန်းတူညီတူရှိမှု၊ ညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ အကျိုးတူပူးပေါင်းမှု စသည့် “မူ” များအပေါ် အခြေခံထားသည့်အတွက် ကြိုဆိုပါကြောင်း၊ ယခင်က မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Lower Mekong Initiative-LMI) ၏ ပညာရေးနှင့်လေ့ကျင့် သင်တန်းပေးရေးအစီအစဉ် (Connecting Mekong Through Education and Training-COMET) နှင့် လူငယ်သိပ္ပံပညာရှင်များ အစီအစဉ် (Young Scientist Programme) များသည် မဲခေါင်နိုင်ငံများမှ လူငယ် မျိုးဆက်သစ်များအတွက် အကျိုးအမြတ်နှင့် အခွင့်အလမ်းများ ဖန်တီးနိုင်ခဲ့မှုတို့ကြောင့် အဆိုပါ အစီအစဉ်များအား ပူးပေါင်းဆောင်ရွက်မှု အသစ်တွင် ဆက်လက် ဆောင်ရွက်သွားစေလိုကြောင်းနှင့် အသက်မွေးဝမ်းကျောင်း သင်ကြားရေးနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားရန် သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။
ထို့အပြင် မဲခေါင်နိုင်ငံများ၏ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွက် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅၄ သန်း အကူအညီပေးမည့် ကတိပြုချက်နှင့် ယခင် မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် ဆောင်ရွက်ခဲ့သည့် သဘာဝဘေးအန္တရာယ်ထိခိုက်မှု သက်သာလျော့ပါးရေး လေ့ကျင့်မှု (Disaster Relief Exercise and Engagement-DREE) များအား ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်တို့ကို ကြိုဆိုပါ ကြောင်း၊ မဲခေါင်ဒေသအတွင်း စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍအဆင့်မြှင့်တင်ရာတွင် အခက်အခဲများအား ဖြေရှင်းနိုင်ရန် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က Japan-United States Mekong Power Partnership (JUMPP) အစီအစဉ်ဖြင့် မဲခေါင်နိုင်ငံများကို ကူညီ ထောက်ပံ့ပေးရန် ပူးတွဲကြိုးပမ်း ဆောင်ရွက်နေမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးမှ မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ ဝန်ကြီးအဆင့် ပူးတွဲကြေညာချက်နှင့် ယင်းလုပ်ငန်းစဉ် ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ အခြေခံစာတမ်းတို့ကို ထုတ်ပြန်ခဲ့သည်။
မဲခေါင်-အမေရိကန်မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်သည် မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏ (၁၁) နှစ်ကြာ အတွေ့အကြုံများအပေါ် အခြေခံပြီး မဲခေါင်ဒေသ၏ လက်ရှိကြုံတွေ့နေရသော လိုအပ်ချက်များနှင့် စိန်ခေါ်မှုများအား ဖြေရှင်း ဖြည့်ဆည်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ပြုပြင်ပြောင်းလဲ၍ အဆင့်မြှင့်တင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်သစ်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု ဉီးစားပေးနယ်ပယ်များအဖြစ် စီးပွားရေး ပေါင်းစည်းဆက်နွှယ်မှုကဏ္ဍ၊ စဉ်ဆက်မပြတ် ရေအရင်းအမြစ်နှင့် သဘာဝသယံဇာတစီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးကဏ္ဍ၊ သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာကဏ္ဍနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ပါဝင်သည်။