Myanmar Government will continue its efforts towards a democratic federal union despite challenges remain, Myanmar Permanent Representative stresses at the United Nations Human Rights Council Meeting
(14-9-2020, Geneva)
The Enhanced Interactive Dialogue on the report of the High Commissioner on Myanmar was held on 14 September 2020, the first day of the 45th session of Human Rights Council in Geneva, Switzerland.
As a country concerned, Permanent Representative of Myanmar U Kyaw Moe Tun delivered a statement. In his statement, while touching upon the current unprecedented challenges posed by the COVID-19 pandemic, he apprised the Council of the Government's whole-of-nation approach based on the principle of “leaving no one behind” in responding to the pandemic. He also thanked friends and partners including the UN for their assistance in the Government's efforts to fight the COVID-19.
He said that the pandemic has exacerbated the multiple challenges Myanmar faces in its efforts for building a democratic federal union. He stressed that the present civilian government, since the day one in its office, has pursued utmost efforts for making all possible steps towards a democratic state and many positive changes have been achieved to its political, socio economic and human rights landscape throughout the country.
Pursuing the sustainable peace, he informed the Council that the recent 4th Session of the Union Peace Conference, held in August, has demonstrated a significant achievement by signing of Part III of the Union Accord, a crucial step for establishing a democratic federal union.
Regarding the complex and delicate Rakhine issue, he reaffirmed that finding a sustainable solution and commencement of repatriation are priorities of the Government. In this connection, he recalled that ARSA's terrorist attacks in October 2016 and August 2017 were deliberate attempts to derail Myanmar's efforts to find a sustainable solution, and these triggered the current humanitarian crisis. He further highlighted that the challenges have been further compounded by intensification of fightings between the Military and the AA. Furthermore, he said that humanitarian assistance has been provided to the affected people with the assistance of WFP and ICRC as well as local NGOs.
On the accountability issue, he reiterated that Myanmar is willing and able to address the issue of accountability and the Government has been taking necessary action based on the recommendations contained in the report of the Independent Commission of Enquiry submitted to the President in January 2020.
Moreover, he apprised the Council of the Government's cooperation with UNHCR, UNDP and ASEAN to facilitate the implementation of the bilateral agreements between Myanmar and Bangladesh on the repatriation, resettlement, and development of returnees. In addition, parts of the Government's efforts for creating conducive environment, promotion of social cohesion, creating harmonious society and prevention of hate speech related actions have been taken, he said.
He stressed that no one cares the prosperity of Myanmar more than its people. With the desire of the people, he said, the present Government will continue its efforts towards a democratic federal union. He, therefore, underscored the importance of continued support from within and abroad, and urged the international community to render genuine cooperation, constructive engagement and helping hands to Myanmar instead of exerting undue political pressure on Myanmar.
While taking the floor again at the closing, he thanks the delegations who have spoken in support of Myanmar and in a constructive and objective manner and highlighted the five main points: (1) the importance of addressing the issue in a holistic and comprehensive manner, (2) the importance of understanding the country's history, culture, background and complexity of the issue and having appropriate time and space to succeed the goal, (3) necessity of the accuracy of information in making a right decision, (4) the danger of externalizing Rakhine issue which is fanning the flames of an extreme polarization, and (5) reaffirmation of Myanmar's commitment to continue achieving the goals towards a peaceful and prosperous democratic federal union.
* * * * *
အစိုးရအနေဖြင့် စိန်ခေါ်မှုများရှိသည့်တိုင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆီသို့ ဦးတည်မျှော်မှန်းကာ ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် ပြောကြား
(၁၄-၉-၂၀၂၀ ရက်၊ ဂျီနီဗာ)
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၄၅) ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ၏ ပထမနေ့ရက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မကြုံစဖူး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အစိုးရအနေဖြင့် ကပ်ရောဂါအား တုံ့ပြန်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်မှုမရှိစေရေး “မူ” အတိုင်း နိုင်ငံတစ်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အသိပေး ပြောကြားခဲ့ သည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး ကြိုးပမ်းမှုများ၌ ကုလသမဂ္ဂ အပါအဝင် မိတ်ဆွေနိုင်ငံများနှင့် မိတ်ဖက်အဖွဲ့များ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။
ကပ်ရောဂါကြောင့် မြန်မာအစိုးရ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများအပေါ် စိန်ခေါ်မှုများစွာ ပိုမိုဖြစ်ပေါ်စေသည့်တိုင်၊ လက်ရှိ ပြည်သူ့အစိုးရ သည် တာဝန်စတင်ထမ်းဆောင်ချိန်မှစ၍ ဒီမိုကရေစီနိုင်ငံဆီသို့ ဦးတည်၍ အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်း နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် လူ့အခွင့်အရေးနယ်ပယ်တို့တွင် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများစွာ ရရှိနေပြီ ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် သြဂုတ်လ တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံစတုတ္ထအကြိမ် အစည်းအဝေး၌ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြင့် သိသာထင်ရှားသည့် အောင်မြင်မှုတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နက်နဲသိမ်မွေ့သည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ အမြဲတမ်းကိုယ်စားလှယ်က ရေရှည်တည်တံ့သည့် အဖြေရရှိရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံမှု စတင်နိုင်ရေးသည် အစိုးရ၏ ဦးစားပေးကိစ္စရပ်များဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတို့တွင် ဖြစ်ပွားခဲ့သည့် အာဆာအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတော်မှ ရေရှည်တည်မြဲသည့် အဖြေရရှိရေး ဆောင်ရွက်နေမှုအပေါ် လမ်းကြောင်းလွဲသွားစေရန် သိသာသည့် ကြိုးပမ်းမှုများဖြစ်ကြောင်း၊ ယင်းအကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လက်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ တပ်မတော်နှင့် အေအေအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် အခြေအနေ ပိုမိုဆိုးရွားစေလျက် ရှိကြောင်းနှင့် WFP ၊ ICRC နှင့် ဒေသခံ NGOs များ၏ ကူညီပံ့ပိုးမှုဖြင့် ထိခိုက်ခံစားရသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တာဝန်ခံမှု၊ တာဝန်ယူနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိ သကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်းနှင့် အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်သွင်းခဲ့သည့် အစီရင်ခံစာပါ အကြံပြုချက်များအပေါ် အခြေခံ၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရာတွင် ပိုမိုလွယ်ကူစေရန် UNHCR ၊ UNDP နှင့် အာဆီယံတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ် လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေး၊ အမုန်းစကား ဆန့်ကျင်တားဆီးရေးတို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကိုလည်း အသိပေးပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ သာယာဝပြောရေးကို မြန်မာပြည်သူများထက် မည်သူကမျှ အလေးထားဂရုပြုမည် မဟုတ်ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒအတိုင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆီသို့ မှန်းမျှော်ကာ ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပံ့ပိုးမှုများ ဆက်လက်ပေးရေးသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအပေါ် လွန်ကဲသော နိုင်ငံရေးဖိအားပေးမှုများကို ရှောင်ရှားရန်လိုကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှု၊ အပြုသဘောဆောင်သည့် ထိတွေ့မှုနှင့် လက်ကမ်း ကူညီမှုတို့ ပြုလုပ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲအဆုံးသတ်တွင် ထပ်မံတုံ့ပြန်ခဲ့ရာ၌ အမြဲတမ်းကိုယ်စားလှယ်က (၁) ပြဿနာကို ရှုထောင့်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုကိုင်တွယ် ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း၊ (၂) နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နောက်ခံအကြောင်းအရာနှင့် ပြဿနာ၏ ရှုပ်ထွေးနက်နဲမှုတို့ကို နားလည်ရန် အရေးကြီးသည့်အပြင် အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် သင့်လျော်သည့် အချိန်အတိုင်းအတာပေးရန် လိုအပ်ကြောင်း၊ (၃) ဆုံးဖြတ်ချက် မှန်ကန်စွာ ချမှတ်နိုင်ရေးအတွက် သတင်းအချက်အလက် မှန်ကန်တိကျမှုသည် အရေးပါကြောင်း၊ (၄) ရခိုင်ပြဿနာအပေါ် အပြုသဘောမဆောင် ချဲ့ကားပြောကြားမှု ပြုလုပ်ခြင်းသည် ပြဿနာကို ပိုမိုဆိုးရွားစေရေးအတွက် မီးလောင်ရာလေပင့်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ (၅) အစိုးရ၏ ကတိကဝတ်ဖြစ်သည့် ငြိမ်းချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်စေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။