Union Minister for International Cooperation requests affordable access to COVID-19 vaccines and cooperation on free flow of border and normal trade at High-level Video Conference on Poverty Eradication and South-South Cooperation

(26-9-2020, Nay Pyi Taw)

Union Minister for International Cooperation U Kyaw Tin participated in the High-level Video Conference on Poverty Eradication and South-South Cooperation at 19:30 p.m. on 26 September 2020 from the Ministry of Foreign Affairs, Nay Pyi Taw.

The video conference was held under the theme of “Towards a Shared Future for Developing Countries: Promoting Poverty Eradication and Sustainable Development through Deepened South-South Cooperation”. It was chaired by Mr. Wang Yi, State Councilor and Foreign Minister of the People's Republic of China and attended by Deputy Prime Minister, Foreign Ministers and other Ministers concerned from 13 developing countries, and UN Deputy Secretary-General Ms. Amina Mohammed, Under-Secretary-General Mr. Liu Zhenmin and UNDP Administrator Mr. Achim Steiner from the United Nations.

During the meeting, the Ministers acknowledged the importance of strengthening solidarity and deepening South-South cooperation in the fight against COVID-19 as well as in the implementation of the 2030 Agenda and the sustainable development goals. The participants also agreed that the United Nations plays an important role in assisting developing countries with resources and technical support. At the same time, they called upon international community to continue support to developing countries through assistance and cooperation to reduce poverty which is exacerbated due to COVID-19, and promote economic growth.

In his statement, Union Minister U Kyaw Tin highlighted the need to reinforce cooperation among the Southern countries in combating the challenges of current health crisis and poverty in all its manifestations. The Union Minister also shared Myanmar's efforts in fighting COVID-19 under the constraint of limited resources. He welcomed China's decision to distribute vaccine as the global public goods when available and sought China's support to facilitate Myanmar's request for getting earlier and affordable access to COVID-19 vaccine.

The Union Minister apprised the meeting of Myanmar's endeavours in alleviating poverty by implementing comprehensive development strategies, including the Myanmar Sustainable Development Plan (MSDP) to accelerate economic growth and rural development, and underscored the need for enhanced global partnership to counter severe impacts of COVID-19 and to successfully implement the SDGs.

He also suggested exchanging information, strengthening capacity of health-related professionals, and developing joint health research and enhancing coordination to strengthen intra-regional trade and regional value chains in times of pandemic outbreak, among the countries of the South, and stressed the importance of BRI in creating job opportunities, reducing poverty and meeting social and environmental needs of participating countries for the full recovery from global economic downturn in the post Covid-19 era.

The Union Minister also urged continued cooperation between Myanmar and China in both border and normal trade in order to ensure smooth transaction of supply chain, not affected by COVID-19 control measures.

The High-Level Video Conference on Poverty Eradication and South-South Cooperation was held to promote the important role of South-South cooperation in commemoration of the 75th Anniversary of the establishment of the United Nations.

At the conclusion of the Conference, a Chair's Press Release was issued. Also present at the Conference were the Permanent Secretary and senior officials from the Ministry of Foreign Affairs.

* * * * *

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာအဆင့်မြင့် အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိရေးနှင့် နယ်စပ်နှင့် ပုံမှန်ကုန်သွယ်မှု ချောမွေ့စေရန် ပူးပေါင်း ဆောင်ရွက်ရေး မေတ္တာရပ်ခံပြောကြား

(၂၆-၉-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် ၂၆-၉-၂၀၂၀ ရက်၊ မြန်မာစံတော်ချိန် ၁၉:၃၀ နာရီတွင်ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက် ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးကို “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အေးအတူပူအမျှ အနာဂတ်ဆီသို့ – ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်းအဝေးသို့ ဖွံ့ဖြိုးဆဲနိုင်ငံ (၁၃)နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ် Ms. Amina Mohammed၊ စီးပွားရေးနှင့် လူမှုရေးဌာန လက်ထောက်အတွင်းရေးမှူးချုပ် Mr. Liu Zhenmin၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အုပ်ချုပ်ရေးမှူး Mr. Achim Steiner တို့လည်း တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ဝန်ကြီးများကကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ ကုလသမဂ္ဂ ၂၀၃၀ အာဂျင်ဒါနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စုစည်း ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာနက်ရှိုင်းစေရေးသည် အရေးကြီးကြောင်း အသိအမှတ်ပြု ပြောကြားခဲ့ကြပြီး၊ ကိုယ်စားလှယ်များက ဖွံ့ဖြိုးဆဲနိုင်ငံများအား အရင်းအမြစ်များနှင့် နည်းပညာ အကူအညီများ ထောက်ပံ့ရေးအတွက် ကုလသမဂ္ဂ၏ အခန်းကဏ္ဍကိုလည်း အလေးထားပြောကြားခဲ့ကြသည်။ ထို့ပြင် ကိုဗစ်-၁၉ ကြောင့် ပိုမိုဆိုးရွားလာသည့် ဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်နိုင်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား အကူအညီများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ပေးအပ်ကြရန် တိုက်တွန်းပြောကြားခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က မိန့်ခွန်းပြောကြားရာ၌ လက်ရှိကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ တုံ့ပြန်ရေးနှင့် ဆင်းရဲနွမ်းပါးမှုပုံစံ မျိုးစုံကိုတိုက်ဖျက်ရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရင်းအမြစ် အကန့်အသတ်များကြားမှ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ကမ္ဘာ့ပြည်သူများ အသုံးပြုနိုင်မည့် ကာကွယ်ဆေးအဖြစ် ဖြန့်ဝေပေးရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာဖြင့် စောစီးစွာရရှိရေးအတွက် တရုတ်နိုင်ငံအား မေတ္တာရပ်ခံပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်မှုများ အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် ကိုဗစ်-၁၉ ၏ ပြင်းထန်သော သက်ရောက်မှုများကို တန်ပြန်ဆောင်ရွက်နိုင်ရန် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှုကို တိုးမြှင့်သွားရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား သတင်းအချက်အလက် ဖလှယ်မှုများ၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုများ၊ ပူးတွဲသုတေသန အစီအစဉ်များ တိုးမြှင့်ဖော်ဆောင်မှုတို့ ပြုလုပ်ကြရန်နှင့် ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိသည့်ကာလအတွင်း ဒေသတွင်းကုန်သွယ်မှုနှင့် ပို့ကုန်တန်ဖိုး ကွင်းဆက်များ ခိုင်မာစေရေးအတွက် စီးပွားရေးတုံ့ပြန်မှုများ ပြုလုပ်ရာတွင် ပူးပေါင်းညှိနှိုင်းမှုများ တိုးမြှင့်ဖော်ဆောင်သွားကြရန် အကြုံပြုပြောကြားခဲ့ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် မိတ်ဖက်နိုင်ငံများ၌ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလိုအပ်ချက်များ ပြည့်မီရေးနှင့် ကိုဗစ်-၁၉ အလွန်ကာလ၌ ကမ္ဘာ့ စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးတို့အတွက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၏ အရေးပါမှုကိုလည်း အလေးထားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်မှု အစီအမံများကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်နှင့် ပုံမှန်ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုကွင်းဆက် လွယ်ကူချောမွေ့စေရေးကို မထိခိုက်စေဘဲ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

အဆိုပါ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် အစည်းအဝေးသည် ကုလသမဂ္ဂ ဖွဲ့စည်းတည်ထောင်သည့် (၇၅)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခါသမယတွင် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးအပြီး၌ သဘာပတိ၏ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့် အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

 

Embassy Websites

Government Ministries