Union Minister U Kyaw Tin participates in the Tenth Mekong-ROK Foreign Ministers' Meeting

(28-9-2020, Nay Pyi Taw)

U Kyaw Tin, Union Minister for International Cooperation, participated in the Tenth Mekong-ROK Foreign Ministers' Meeting held via Video Conferencing at 14:00 pm today from the Ministry of Foreign Affairs, Nay Pyi Taw.

The meeting was co-chaired by Mr. Pham Binh Minh, Deputy Prime Minister and Minister of Foreign Affairs of the Socialist Republic of Viet Nam and Ms. Kang Kyung-wha, Minister of Foreign Affairs of the Republic of Korea (ROK). The Foreign Ministers of the Mekong member countries; Cambodia, Laos and Thailand also participated in the meeting.

At the meeting, the Ministers acknowledged the positive developments of the Mekong-ROK cooperation and welcomed the elevation of mechanism to the highest level by successful convening of the historic 1st Mekong-ROK Summit in 2019. They reaffirmed their commitment to enhance cooperation under the three pillars; People, Prosperity and Peace in order to build a “People-centered Community of Peace and Prosperity” as decided by the 1stMekong-ROK Summit.

In his statement, Union Minister U Kyaw Tin thanked the Republic of Korea for the assistance rendered to Myanmar's endeavour in combating the COVID-19 pandemic and welcomed the recent decision of the government of ROK to provide USD 500,000 worth of antigen test kits to Myanmar which are urgently needed in the fight against the second wave of virus infection.

The Union Minister appreciated the commitment of the Republic of Korea in supporting Mekong countries by means of ODA and through Mekong-ROK Cooperation for peace and prosperity of the region, and the implementation of UN SDG 2030.

The Union Minister also expressed his appreciation to the Government of the Republic of Korea for increased contribution of 3 million USD annually to the Mekong-ROK Cooperation Fund (MKCF) starting from 2020. He also thanked the Republic of Korea for granting the “Assessment of heavy metal contamination in soil and water for safety crop production project” for Myanmar under the 4th MKCF Programme.

He also stated that Myanmar is honoured to host the Mekong-ROK Biodiversity Center for conservation and protection of biodiversities of the Mekong region, and pledged to continue cooperating with other mechanisms for the environmental conservation of the Mekong region.

With regard to the future cooperation, the Union Minister suggested enhancing cooperation on the “Nexus of Health Security and Building Economic Resilience” due to the current situation of pandemic.

The meeting adopted the “Co-Chair's Statement of the Tenth Mekong-ROK Foreign Ministers' Meeting” and the “Plan of Action (POA) 2021-2025”. The Plan of Action (2021-2025) will serve as a guideline for the Mekong-ROK Cooperation and set specific goals in seven areas of cooperation; (i) Culture/Tourism, (ii) Human Resource Development, (iii) Agriculture and Rural Development, (iv) Infrastructure, (v) Information and Communication Technology, (vi) Environment and (vii) Non-Traditional Security Challenges.

The Mekong-ROK Cooperation was established in 2011 with the intention of reducing the development gap among the Mekong countries and promoting mutually beneficial cooperation. The Republic of Korea and five Mekong countries; Cambodia, Laos, Myanmar, Thailand and Viet Nam are members of the cooperation mechanism.

* * * * *

ပြည်ထောင်စုဝန်ကြီးဦးကျော်တင် (၁၀) ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်

(၂၈-၉-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့မွန်းလွဲ(၂)နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် (၁၀)ကြိမ်မြောက် မဲခေါင်-ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၊ Ms. Kang Kyung-wha တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးများသည် မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်အောင်မြင်မှုများအပေါ် အသိအမှတ်ပြုခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးကျင်းပကာ ပူးပေါင်းဆောင်ရွက်မှုယန္တရားကို အမြင့်ဆုံး အဆင့်သို့ မြှင့်တင်နိုင်ခဲ့ခြင်းအားကြိုဆိုခဲ့ကြသည်။ ဝန်ကြီးများသည် ပထမအကြိမ်ထိပ်သီး အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည့်အတိုင်း “ငြိမ်းချမ်းသာယာဝပြောသည့် ပြည်သူဗဟိုပြု အသိုက်အဝန်း”တစ်ရပ် ထူထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင်(၃)ရပ်ဖြစ်သည့် ပြည်သူချင်းဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး မဏ္ဍိုင်တို့အောက်မှ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်သွားရန်လည်း ထပ်လောင်းအတည်ပြုခဲ့ ကြသည်။

ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ပါဝင်ဆွေးနွေးရာ၌ COVID-19 ကာကွယ် တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီများ ပေးအပ်ခဲ့ခြင်းကို ကျေးဇူးတင်ရှိကြောင်းနှင့် COVID-19 ဒုတိယလှိုင်း ကာကွယ်တိုက်ဖျက်ရေးအတွက် လိုအပ်နေသည့် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) တန်ဖိုးရှိ Test kits များကို မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရန် ကိုရီးယားသမ္မတနိုင်ငံ၏ ဆုံးဖြတ်ချက်အား ဝမ်းမြောက်ကြိုဆိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတို့အတွက် ကိုရီးယားနိုင်ငံမှ မဲခေါင်နိုင်ငံများအား တရားဝင်ဖွံ့ဖြိုးမှုအကူအညီ မူဘောင်နှင့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု မူဘောင်များအောက်မှ အကူအညီများ ပေးခဲ့ခြင်းအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတနိုင်ငံမှ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေသို့ ၂၀၂၀ ပြည့်နှစ်မှစတင်ကာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၃ သန်းအထိ တိုးမြှင့်ထည့်ဝင်ခဲ့ခြင်းအတွက်လည်းကောင်း၊ စတုတ္ထအကြိမ် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေအစီအစဉ်တွင် မြန်မာနိုင်ငံ၏ “ဘေးကင်းသော သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် မြေဆီလွှာနှင့်ရေ၌ သတ္တုဓါတ်ပါဝင်မှု စစ်တမ်းကောက်ယူရေးစီမံချက်” ကိုရွေးချယ်ပေးခဲ့ခြင်းအတွက်လည်းကောင်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ မဲခေါင်ဒေသ၏ဇီဝမျိုးစုံမျိုးကွဲများကာကွယ် ထိန်းသိမ်းရန် “မဲခေါင်-ကိုရီးယားဇီဝမျိုးစုံမျိုးကွဲစင်တာ”ကို မြန်မာနိုင်ငံ၌ တည်ဆောက်သွားမည်ဖြစ်သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အခြားသောလုပ်ငန်းစဉ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် လက်ရှိကပ်ရောဂါအခြေအနေများအရ မဲခေါင်နိုင်ငံများအနေဖြင့် “ကျန်းမာရေး လုံခြုံမှု ပေးရေးနှင့် စီးပွားရေးတောင့်ခံနိုင်မှု တည်ဆောက်ရေးအကြား ချိတ်ဆက် ဆောင်ရွက်မှု လုပ်ငန်းစဉ်” အပေါ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် လိုအပ်ကြောင်း အကြံပြု ဆွေးနွေးခဲ့သည်။

အစည်းအဝေးမှ (၁၀)ကြိမ်မြောက် မဲခေါင်-ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ “ပူးတွဲသဘာပတိကြေညာချက်” နှင့် “မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)” တို့ကို အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါ (၅)နှစ်တာ လုပ်ငန်းအစီအစဉ်သည် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံတစ်ခု ဖြစ်လာမည်ဖြစ်ပြီး၊ ယဉ်ကျေးမှု/ ခရီးသွားလုပ်ငန်းကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှု နည်းပညာကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကဏ္ဍစသည့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၇)ခုအတွက် သီးခြားရည်မှန်းချက်များလည်း သတ်မှတ်ပေးခဲ့ပါသည်။

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့်လုပ်ငန်းစဉ်ဖြစ်ပြီး၊ အဖွဲ့ဝင်များအဖြစ် ကိုရီးယားသမ္မတနိုင်ငံနှင့် မဲခေါင်ဒေသနိုင်ငံ (၅)နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ပါဝင်ကြသည်။

Embassy Websites

Government Ministries