Union Minister U Kyaw Tin participates in the Virtual Meeting between ASEAN Foreign Ministers and the Foreign Secretary of the United Kingdom on COVID-19
(30-9-2020, Nay Pyi Taw)
Union Minister for International Cooperation U Kyaw Tin participated in the virtual Meeting between ASEAN Foreign Ministers and the Foreign Secretary of the United Kingdom on COVID-19 at 2:30 p.m. today from the Ministry of Foreign Affairs, Nay Pyi Taw.
The Meeting was chaired by Mr. Pham Binh Minh, Deputy Prime Minister and Minister of Foreign Affairs of Viet Nam in his capacity as the Chair of ASEAN 2020 and attended by Mr. Dominic Raab, First Secretary of State, Secretary of State for Foreign, Commonwealth and Development Affairs of the United Kingdom, ASEAN Foreign Ministers, the Secretary-General of ASEAN and high representatives of the ASEAN Member States.
At the Meeting, the Ministers underlined the need for closer collaboration and coordinated efforts to ensure a strong global response to the COVID-19 pandemic. The Ministers committed to strengthening cooperation between ASEAN Member States and the UK in research, development, manufacture and distribution of the COVID-19 vaccines and treatments adhering to the objectives of efficiency, safety, equal accessibility and affordability. They agreed to enhance cooperation on public health emergencies and expressed their readiness to provide necessary assistance to nationals in each other's countries who are affected by the pandemic to enable their safe return. They also welcomed the UK's commitment to contribute 4.8 million Pounds towards strengthening national health systems and preventing and tracking COVID-19 in Cambodia, Laos, Myanmar and Viet Nam.
Union Minister U Kyaw Tin apprised the Meeting of national measures taken by the Government of Myanmar for the prevention, containment and treatment of the COVID-19 pandemic with “Whole-of-Nation” approach. He stressed the importance of people's participation in containing the pandemic, mitigating its socio-economic impacts and ensuring early recovery. He assured that Myanmar Government's COVID-19 response and relief measures reach to the most vulnerable segments of the society including IDPs and low-income families. He also appreciated the UK for its support to Myanmar in the fight against COVID-19 and its intention to contribute 1 million pounds to the COVID-19 ASEAN Response Fund.
With regard to strengthening cooperation between ASEAN and the United Kingdom in response to the challenges posed by the COVID-19 pandemic, the Union Minister emphasized the need for stronger partnership and closer collaboration in addressing the health crisis and its socio-economic impacts. As defeating the virus has been utmost priority for all countries, the Union Minister underscored the importance of strengthening collaboration for early availability, equitable accessibility and affordability of vaccines. He also highlighted the need to maintain channels open for trade, communication and sharing of experience and best practices and promote collaboration on green recovery to ensure the sustainability and resilience of the post pandemic world.
The Chairman's Press Release of the Virtual Meeting between ASEAN Foreign Ministers and the Foreign Secretary of the United Kingdom on COVID-19 was issued at the end of the Meeting. Also present at the Meeting were senior officials from the Ministry of Foreign Affairs and the Ministry of Health and Sports.
* * * * *
ပြည်ထောင်စုဝန်ကြီးဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ အကြား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးသို့ ပါဝင်တက်ရောက်
(၃၀-၉-၂၀၂၀ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ မွန်းလွဲ ၂:၃၀ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးကို ၂၀၂၀ ခုနှစ်အတွက် အလှည့်ကျအာဆီယံဥက္ကဋ္ဌ တာဝန်ယူသည့် ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး Mr. Dominic Raab ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးများက ကမ္ဘာတစ်ဝှမ်း၌ COVID-19 ကူးစက်ရောဂါကို ခိုင်မာထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် အတူတကွ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့ကြပြီး၊ ကာကွယ်ဆေးနှင့် ပတ်သက်၍ ထိရောက်လုံခြုံစိတ်ချမှုရှိစေရေးနှင့် လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံး သာတူညီမျှ ခံစားရရှိစေရေး ရည်မှန်းချက်များနှင့်အညီ COVID-19 ကာကွယ်ကုသဆေးများကို သုတေသနပြု၊ ဖော်စပ်၊ ထုတ်လုပ်၊ ဖြန့်ဖြူးရာတွင် အာဆီယံနိုင်ငံများနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မြဲစေရန် ကတိကဝတ် ပြုခဲ့ကြသည်။ ထို့ပြင် ဝန်ကြီးများက ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများ ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် သဘောတူညီခဲ့ကြပြီး၊ ကူးစက်ရောဂါကြောင့် ထိခိုက်နစ်နာသည့် အခြားတစ်နိုင်ငံရောက် နိုင်ငံသားများ ၄င်းတို့၏ နိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်သွားနိုင်ရေးအတွက် အပြန်အလှန်အကူအညီပေးကြရန် အဆင်သင့်ရှိကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မြှင့်တင်ရေးတို့အတွက် ပေါင်စတာလင် ၄.၈ သန်း ကူညီထောက်ပံ့ရန် ဗြိတိန်နိုင်ငံ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က COVID-19 ကူးစက်ရောဂါ ကာကွယ် တားဆီးရေး၊ ထိန်းချုပ်နိုင်ရေးနှင့် ကုသရေးတို့တွင် မြန်မာအစိုးရအနေဖြင့် တစ်နိုင်ငံလုံးပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် ကိုင်တွယ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း အသိပေးခဲ့ပြီး၊ ကူးစက်ရောဂါထိန်းချုပ်ရာတွင်လည်းကောင်း၊ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှု-စီးပွားထိခိုက်နစ်နာမှုများ လျော့ပါးသက်သာစေရေးကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဆောလျင်စွာ ပြန်လည်နာလန်ထူနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် လည်းကောင်း ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုမှာ အရေးကြီးကြောင်း၊ မြန်မာအစိုးရ၏ COVID-19 တုံ့ပြန်ရေးနှင့် ကူညီကယ်ဆယ်ရေး အစီအစဉ်များသည် IDP စခန်းများနှင့် ဝင်ငွေနည်းမိသားစုများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ထိခိုက်လွယ်မှုအရှိဆုံးဖြစ်သည့် လူမှုအသိုင်းအဝိုင်းများအားလုံးထံသို့ ရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရ၏ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပံ့ပိုးမှုများနှင့် COVID-19 တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံရန်ပုံငွေသို့ ပေါင်စတာလင် ၁ သန်း ထည့်ဝင်ရန် စီစဉ်ဆောင်ရွက်မှု များအတွက် ဗြိတိန်နိုင်ငံအပေါ် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
COVID-19 ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက် ခိုင်မာရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းနှင့် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှု-စီးပွားထိခိုက်နစ်နာမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနှင့် ဗြိတိန်နိုင်ငံတို့အကြား အတူတကွ လက်တွဲဆောင်ရွက်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး သည် နိုင်ငံအားလုံး၏ အရေးကြီးဆုံးသော ဉီးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ ကာကွယ်ဆေးကို ဆောလျင်စွာ ထုတ်လုပ်နိုင်ရေးနှင့် လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံးက သာတူညီမျှ ခံစားရရှိနိုင်ရေးမှာ အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်နိုင်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများနှင့် ကုန်သွယ်မှုလမ်းကြောင်းများ ဖွင့်လှစ်ထားရှိရန်နှင့် ကပ်ရောဂါအလွန်ကာလတွင် ကမ္ဘာကြီးအနေဖြင့် နဂိုမူလ အနေအထားသို့ အလျင်အမြန် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် နည်းလမ်းများဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားကြရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတို့၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အစည်းအဝေးသဘာပတိ၏ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။