Union Minister U Kyaw Tin delivers a Statement via video link at the Online Ministerial Meeting of the Non-Aligned Movement (NAM) on the margins of the 75th Session of the United Nations General Assembly

(9-10-2020, Nay Pyi Taw)

Union Minister for International Cooperation U Kyaw Tin delivered a statement via video link at the Online Ministerial Meeting of the Non-Aligned Movement (NAM) held on 9 October 2020 on the margins of the 75th Session of the United Nations General Assembly. The Meeting was held under the theme “Bandung+65: More Relevant, United and Effective NAM against Emerging Global Challenges, including COVID-19”.

In his statement, the Union Minister underscored the need to strengthen the unity and cooperation within the Movement, on the occasion of its 65th Anniversary, to effectively respond to unprecedented challenges -rising geopolitical tensions, warming planet and waning multilateralism, which are compounded by a new health crisis of COVID-19.In this regard, he encouraged NAM members to keep the market open, secure smooth flow of trade and to ensure global access to vaccines at an affordable price.

The Union Minister stated that the Movement was founded at the time of the Cold War by newly independent nations based on the Bandung Principles to build a peaceful and prosperous world and a just and equitable order where states can determine independently their own destinies, and Myanmar, as a founding member of the Movement, has steadfastly pursued the non-alignment as a key component of its Foreign Policy, with solid faith in the Bandung Principles.

He also mentioned that Myanmar is undergoing a democratic transition, and grappling with numerous challenges including in ending the decades-long armed conflicts, uplifting the socio-economic lives of the people and amending the undemocratic Constitution, complicated by the mounting smear campaign against Myanmar, and reaffirmed Myanmar's full commitment to overcome these challenges.

Furthermore, the Union Minister called upon NAM member states to strengthen the unity of the diverse membership and resolve the issues between the members of the Movement in an amicable and constructive manner by trying to understand each other's challenges, to make the Movement stronger to rise up to the global challenges.

The Non-Aligned Movement is currently chaired by Azerbaijan for the term 2019-2022. The Online Ministerial Meeting of the Non-Aligned Movement adopted a Political Declaration.

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

(၉-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပဆဲ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပသည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင် ပြောကြားခဲ့သည်။ အစည်းအဝေးကို “ဘန်ဒေါင်း+၆၅: ကိုဗစ်-၁၉ အပါအဝင် ကမ္ဘာ့စိန်ခေါ်မှု များကို တုံ့ပြန်ဖြေရှင်းမည့် ပိုမိုဆီလျော်မှုရှိသော၊ စည်းလုံးညီညွတ်သော၊ ထိရောက်သော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာမှု၊ ကမ္ဘာမြေကြီးပူနွေးလာမှု၊ နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးဝါဒ မှေးမှိန်လာမှုကဲ့သို့သော မကြုံစဖူး စိန်ခေါ်မှုများနှင့် ယင်းစိန်ခေါ်မှုများအား ပိုမိုဆိုးရွားလာစေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏ (၆၅)နှစ်မြောက် အခါသမယတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် ကြိုးပမ်းကြရန် လိုအပ်ကြောင်းနှင့် ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် စျေးကွက်များကို ဆက်လက်ဖွင့်လှစ်ထားကြရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရန်နှင့် ရောဂါကာကွယ်ဆေးကို လူတိုင်းလက်လှမ်းမီသည့် စျေးနှုန်းဖြင့် တစ်ကမ္ဘာလုံးက ရရှိအသုံးပြုနိုင်စေရန်တို့အတွက် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စစ်အေးကာလအတွင်းက လွတ်လပ်ရေးရပြီးစ နိုင်ငံများစုပေါင်း၍ ဘန်ဒေါင်းမူဝါဒများအပေါ် အခြေခံကာ၊ ငြိမ်းချမ်း၍ သာယာဝပြောသည့် ကမ္ဘာကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို လွတ်လပ်စွာ စဉ်းစား ဆုံးဖြတ်နိုင်စေမည့် တရားမျှတမှုနှင့် သာတူညီမျှမှုရှိသည့် အခင်းအကျင်း တစ်ရပ်ကို တည်ထောင်နိုင်ရန် မျှော်မှန်း၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူလအဖွဲ့ဝင်ဖြစ်သည့် အားလျော်စွာ ဘန်ဒေါင်းမူဝါဒများကို အပြည့်အဝ ယုံကြည်လိုက်နာလျက်ရှိပြီး၊ ဘက်မလိုက်မူဝါဒကို နိုင်ငံခြားရေးမူဝါဒ၏ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် တစိုက်မတ်မတ် လက်ခံကျင့်သုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်လျက်ရှိပြီး၊ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ရေး၊ ပြည်သူများ၏ လူမှု-စီးပွားဘဝ မြှင့်တင်ရေးနှင့် ဒီမိုကရေစီ နည်းလမ်းမကျသည့် ဖွဲ့စည်းပုံ အခြေခံ ဉပဒေပြင်ဆင်ရေးကဲ့သို့သော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရန် ဝေဖန်ပုတ်ခတ်ရေး လှုပ်ရှားမှုများကြောင့်လည်း အခြေအနေများကို ပို၍ရှုပ်ထွေး စေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် သန္နိဋ္ဌာန်ပြုထား ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အကြီးကို ပိုမိုခိုင်မာ အားကောင်းစေရန် မတူကွဲပြားသည့် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံး ညီညွတ်မှုကို မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ စိန်ခေါ်မှုအခက်အခဲ များကို အခြားတစ်နိုင်ငံက နားလည်နိုင်ရန် ကြိုးပမ်းလျက် အဖွဲ့ဝင်နိုင်ငံများအကြား ပြဿနာများကို ချစ်ခင်ရင်းနှီး၍ အပြုသဘောဆောင်သည့် ပုံစံဖြင့် ဖြေရှင်းကြရေးတို့ကို တိုက်တွန်းပြောကြားခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌမှာ အဇာဘိုင်ဂျန်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေးမှ နိုင်ငံရေးကြေညာချက်တစ်စောင်ကို အတည်ပြုခဲ့သည်။

 

 

Union Minister U Kyaw Tin delivers a Statement via video link at the Online Ministerial Meeting of the Non-Aligned Movement (NAM) on the margins of the 75th Session of the United Nations General Assembly (9-10-2020, Nay Pyi Taw) Union Minister for International Cooperation U Kyaw Tin delivered a statement via video link at the Online Ministerial Meeting of the Non-Aligned Movement (NAM) held on 9 October 2020 on the margins of the 75th Session of the United Nations General Assembly. The Meeting was held under the theme “Bandung+65: More Relevant, United and Effective NAM against Emerging Global Challenges, including COVID-19”. In his statement, the Union Minister underscored the need to strengthen the unity and cooperation within the Movement, on the occasion of its 65th Anniversary, to effectively respond to unprecedented challenges -rising geopolitical tensions, warming planet and waning multilateralism, which are compounded by a new health crisis of COVID-19.In this regard, he encouraged NAM members to keep the market open, secure smooth flow of trade and to ensure global access to vaccines at an affordable price. The Union Minister stated that the Movement was founded at the time of the Cold War by newly independent nations based on the Bandung Principles to build a peaceful and prosperous world and a just and equitable order where states can determine independently their own destinies, and Myanmar, as a founding member of the Movement, has steadfastly pursued the non-alignment as a key component of its Foreign Policy, with solid faith in the Bandung Principles. He also mentioned that Myanmar is undergoing a democratic transition, and grappling with numerous challenges including in ending the decades-long armed conflicts, uplifting the socio-economic lives of the people and amending the undemocratic Constitution, complicated by the mounting smear campaign against Myanmar, and reaffirmed Myanmar’s full commitment to overcome these challenges. Furthermore, the Union Minister called upon NAM member states to strengthen the unity of the diverse membership and resolve the issues between the members of the Movement in an amicable and constructive manner by trying to understand each other’s challenges, to make the Movement stronger to rise up to the global challenges. The Non-Aligned Movement is currently chaired by Azerbaijan for the term 2019-2022. The Online Ministerial Meeting of the Non-Aligned Movement adopted a Political Declaration. (၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား (၉-၁၀-၂၀၂၀ ရက်၊ နေပြည်တော်) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပဆဲ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပသည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေး၌ ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပါဝင် ပြောကြားခဲ့သည်။ အစည်းအဝေးကို “ဘန်ဒေါင်း+၆၅: ကိုဗစ်-၁၉ အပါအဝင် ကမ္ဘာ့စိန်ခေါ်မှု များကို တုံ့ပြန်ဖြေရှင်းမည့် ပိုမိုဆီလျော်မှုရှိသော၊ စည်းလုံးညီညွတ်သော၊ ထိရောက်သော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ပထဝီနိုင်ငံရေး တင်းမာမှုများ မြင့်တက်လာမှု၊ ကမ္ဘာမြေကြီးပူနွေးလာမှု၊ နိုင်ငံစုံပူးပေါင်း ဆောင်ရွက်ရေးဝါဒ မှေးမှိန်လာမှုကဲ့သို့သော မကြုံစဖူး စိန်ခေါ်မှုများနှင့် ယင်းစိန်ခေါ်မှုများအား ပိုမိုဆိုးရွားလာစေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အနေဖြင့် အဖွဲ့ကြီး၏ (၆၅)နှစ်မြောက် အခါသမယတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် ကြိုးပမ်းကြရန် လိုအပ်ကြောင်းနှင့် ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် စျေးကွက်များကို ဆက်လက်ဖွင့်လှစ်ထားကြရန်၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရန်နှင့် ရောဂါကာကွယ်ဆေးကို လူတိုင်းလက်လှမ်းမီသည့် စျေးနှုန်းဖြင့် တစ်ကမ္ဘာလုံးက ရရှိအသုံးပြုနိုင်စေရန်တို့အတွက် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စစ်အေးကာလအတွင်းက လွတ်လပ်ရေးရပြီးစ နိုင်ငံများစုပေါင်း၍ ဘန်ဒေါင်းမူဝါဒများအပေါ် အခြေခံကာ၊ ငြိမ်းချမ်း၍ သာယာဝပြောသည့် ကမ္ဘာကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို လွတ်လပ်စွာ စဉ်းစား ဆုံးဖြတ်နိုင်စေမည့် တရားမျှတမှုနှင့် သာတူညီမျှမှုရှိသည့် အခင်းအကျင်း တစ်ရပ်ကို တည်ထောင်နိုင်ရန် မျှော်မှန်း၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ မူလအဖွဲ့ဝင်ဖြစ်သည့် အားလျော်စွာ ဘန်ဒေါင်းမူဝါဒများကို အပြည့်အဝ ယုံကြည်လိုက်နာလျက်ရှိပြီး၊ ဘက်မလိုက်မူဝါဒကို နိုင်ငံခြားရေးမူဝါဒ၏ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် တစိုက်မတ်မတ် လက်ခံကျင့်သုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆောင်ရွက်လျက်ရှိပြီး၊ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ရေး၊ ပြည်သူများ၏ လူမှု-စီးပွားဘဝ မြှင့်တင်ရေးနှင့် ဒီမိုကရေစီ နည်းလမ်းမကျသည့် ဖွဲ့စည်းပုံ အခြေခံ ဉပဒေပြင်ဆင်ရေးကဲ့သို့သော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေရန် ဝေဖန်ပုတ်ခတ်ရေး လှုပ်ရှားမှုများကြောင့်လည်း အခြေအနေများကို ပို၍ရှုပ်ထွေး စေကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် သန္နိဋ္ဌာန်ပြုထား ကြောင်းကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အကြီးကို ပိုမိုခိုင်မာ အားကောင်းစေရန် မတူကွဲပြားသည့် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံး ညီညွတ်မှုကို မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတစ်နိုင်ငံ၏ စိန်ခေါ်မှုအခက်အခဲ များကို အခြားတစ်နိုင်ငံက နားလည်နိုင်ရန် ကြိုးပမ်းလျက် အဖွဲ့ဝင်နိုင်ငံများအကြား ပြဿနာများကို ချစ်ခင်ရင်းနှီး၍ အပြုသဘောဆောင်သည့် ပုံစံဖြင့် ဖြေရှင်းကြရေးတို့ကို တိုက်တွန်းပြောကြားခဲ့သည်။ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌမှာ အဇာဘိုင်ဂျန်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့်အစည်းအဝေးမှ နိုင်ငံရေးကြေညာချက်တစ်စောင်ကို အတည်ပြုခဲ့သည်။    

Embassy Websites

Government Ministries