Sixth Myanmar-EU Human Rights Dialogue held via video conference

(14-10-2020, Nay Pyi Taw)

Union Minister for International Cooperation U Kyaw Tin attended the Sixth Myanmar-EU Human Rights Dialogue which was held via videoconference at 1:00 p.m. on 14 October 2020 via video conference from the Ministry of Foreign Affairs, Nay Pyi Taw. The Dialogue was co-chaired by U Kyaw Tin, Union Minister for International Cooperation and Mr. Eamon Gilmore (former Deputy Prime Minister and Minister for Foreign Affairs and Trade of Ireland), the European Union's Special Representative for Human Rights.

The dialogue was also participated by Myanmar Ambassador to EU and Senior Officials from Ministries concerned from Myanmar, and Mr. Ranieri Sabatucci, Head of Delegation of the European Union to Myanmar, Mr. Alessandra Schiavo, Ambassador of Italy to Myanmar, Ms. Riikka Laatu, Ambassador of Finland to Myanmar, EU Senior Officials and diplomats from some EU member States based in Yangon.

During the dialogue, the two sides exchanged views on a wide range of human rights issues relating to the challenges facing Myanmar in its democratic transition, situation in Rakhine State, progress on implementation of the recommendations of Advisory Commission on Rakhine State, labour rights, rights of women, children and persons with disabilities, business and human rights, freedom of expression, countering hate speech and human rights cooperation in multi-lateral fora as well as fundamental rights and freedoms pertaining to EU's experience in protection of human rights including migration and asylum issues. Both sides also discussed the updates on the ongoing GSP engagement between Myanmar and the EU Enhanced EBA monitoring mission and shared the experiences and good practices of other's measures on the prevention and containment of COVID-19.

ပြည်ထောင်စုဝန်ကြီးဉီးကျော်တင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် ဆဋ္ဌမအကြိမ် မြန်မာ-အီးယူလူ့အခွင့်အရေးဆွေးနွေးပွဲသို့ တက်ရောက်

(၁၄-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက် နေ့၊ နေ့လယ် ၁ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင် တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲ၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်နှင့် ယခင် အိုင်ယာလန်နိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဉရောပသမဂ္ဂ၏ လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာဘက်မှ အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အီးယူဘက်မှ မြန်မာနိုင်ငံဆိုင်ရာ အီးယူကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ Mr. Ranieri Sabatucci ၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mr. Alessandra Schiavo ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး Ms. Riikka Laatu ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ အီးယူအဖွဲ့ဝင်နိုင်ငံ သံရုံးအချို့တို့မှ သံတမန်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ်ရှိ အခြေအနေများ၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှု တိုးတက်မှုအခြေအနေ၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ စီးပွားရေးနှင့် လူမှုရေး အခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ အမုန်းတရား လှုံ့ဆော်မှုများ ကာကွယ်တားဆီးရေးတို့အပါအဝင် အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်ရရှိရေး၊ နိုင်ငံတကာမျက်နှာစာတွင် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရွှေ့ပြောင်းသွားလာမှုနှင့် နိုင်ငံရေးခိုလှုံခွင့် အပါအဝင် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရာတွင် အီးယူ၏ အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနှင့် ဉရောပသမဂ္ဂကုန်သွယ်မှု အခွင့်အရေးစိစစ်လေ့လာရေးအဖွဲ့တို့အကြား စေ့စပ်ညှိနှိုင်းနေမှုအပေါ် တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။

 

Embassy Websites

Government Ministries