Myanmar and the European Union hold 6th Human Rights Dialogue Joint Press Release

(14-10-2020, Nay Pyi Taw)

The Sixth Myanmar and the European Union Human Rights Dialogue was held on 14 October 2020, co-chaired by U Kyaw Tin, Union Minister for International Cooperation of the Republic of the Union of Myanmar and Mr. Eamon Gilmore, EU Special Representative for Human Rights.

The meeting, held by video-conference due to the COVID-19 related disruption, allowed Myanmar and the EU to discuss human rights issues. This discussion was also in the context of the ongoing enhanced engagement under the EU's Everything But Arms (EBA) trade arrangement, which provided Myanmar preferential imports worth over EUR 2.7 billion in 2019.

Myanmar and the EU discussed a wide range of human rights matters, including the situation in Rakhine, Kachin and Shan States, humanitarian access and the situation of Internally Displaced Persons, accountability for alleged human rights violations, fundamental rights and freedoms, economic, labour and social rights, rights of women and human rights cooperation in multilateral fora. They also shared their respective experiences in preventing and combating the COVID-19 pandemic.

The EU reaffirmed its strong support for Myanmar's democratic transition, notably in the context of Myanmar's upcoming general election, as well as for its peace and reconciliation process and inclusive socio-economic development.

Myanmar and the EU agreed that sustainable peace could only be achieved by strengthening the rule of law and good governance, on the basic of shared values and applicable international human rights standards. The EU encouraged Myanmar to continue to implement the recommendations of the Advisory Commission on Rakhine State, and took note Myanmar's efforts in the implementation of its National Strategy for the Closure of internally displaced persons (IDP) camps.

With regard to multilateral human rights issues, the EU encouraged Myanmar to sign or ratify the International Covenant on Civil and Political Rights and welcomed the ratification of the Optional Protocol to the Convention on the Rights of the Child on the involvement of children in armed conflict and of the International Labour Convention 138 on the minimum working age. Myanmar and the EU agreed to envisage further implementation on these conventions and other human and labour rights-related international obligations.

The EU also underlined the importance of continued efforts on the part of Myanmar to cooperate with relevant UN mandates and procedures, while inviting to follow the requests of the ILO supervisory mechanism.

It was agreed to continue discussion, including under the EBA enhanced engagement. The 7th Myanmar-EU Human Rights Dialogue will take place in 2021.

******

ဆဋ္ဌမအကြိမ် မြန်မာ-အီးယူလူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်

(၁၄-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ရာ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဉရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဂယက်ရိုက်ခတ်မှုကြောင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ၌ နှစ်ဖက်ကိုယ်စားလှယ်များက လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံအား ယူရို ၂.၇ ဘီလီယံကျော်တန်ဖိုးရှိ ဉီးစားပေး ကုန်သွယ်မှုအခွင့်အရေးဖြင့် တင်သွင်းခွင့် ပြုခဲ့သည့် အီးယူ၏ Everything But Arms (EBA) ကုန်သွယ်မှုအစီအစဉ်အောက်တွင် မြန်မာနိုင်ငံနှင့် အီးယူတို့အကြား စေ့စပ်ညှိနှိုင်းဆွေးနွေးနေမှုများနှင့် ဆက်စပ်လျက် ယခုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

ဆွေးနွေးပွဲတွင် မြန်မာနှင့် အီးယူနှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များက ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ အခြေအနေများ၊ လူသားချင်းစာနာမှု အကူအညီများ သွားရောက် ပေးအပ်ခွင့်နှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ အခြေအနေများ၊ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ၊ စီးပွားရေး၊ လူမှုရေးနှင့် အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးများ အခွင့်အရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စသည်တို့အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နှစ်ဖက်အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။

အီးယူသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် အားလုံးပါဝင်သော လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အထူးသဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲတို့အပေါ် ခိုင်မာစွာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

မြန်မာနှင့် အီးယူတို့သည် နှစ်ဖက် လက်ခံထားသည့် စံတန်ဖိုးသတ်မှတ် ချက်များနှင့် သက်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအပေါ် အခြေခံ၍ တရားဉပဒေ စိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုကို ခိုင်မာစေခြင်းဖြင့်သာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။ အီးယူက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ပြီး၊ မြန်မာအစိုးရ၏ IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာအား အကောင်အထည်ဖော်ဆောင်နေမှုများကို အသိအမှတ်ပြုခဲ့သည်။

နိုင်ငံတကာ လူ့အခွင့်အရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) ကို လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုပါဝင်ခြင်း ပြုလုပ်ရန် အီးယူက မြန်မာနိုင်ငံအား တိုက်တွန်းခဲ့ပြီး၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်း၍ ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (CRC-OPAC) နှင့် အနိမ့်ဆုံးအသက် သတ်မှတ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် (ILO Convention 138) တို့တွင် မြန်မာနိုင်ငံက အတည်ပြု ပါဝင်ခဲ့သည့်အပေါ် ကြိုဆိုခဲ့သည်။ အဆိုပါကွန်ဗင်းရှင်းများနှင့် အခြား လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များအပေါ် ဆက်လက် အကောင်အထည်ဖော်သွားရန်အတွက် မြန်မာနှင့် အီးယူတို့ သဘောတူညီခဲ့ကြသည်။

ထို့ပြင် အီးယူက မြန်မာနိုင်ငံအား ILO ကြီးကြပ်ရေးယန္တရား၏ အကြံပြုချက်များကို လိုက်နာရန် ဖိတ်ခေါ်ခဲ့ပြီး၊ ကုလသမဂ္ဂ၏ သက်ဆိုင်ရာ လုပ်ပိုင်ခွင့်ပေးအပ်ထားသည်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရဘက်မှ ဆက်လက် ကြိုးပမ်းဆောင်ရွက်ရေးသည် အရေးပါကြောင်း အလေးထားဖော်ပြခဲ့သည်။

ဆွေးနွေးပွဲ၌ အီးယူ၏ Everything But Arms (EBA) အစီအစဉ်အောက်မှ စေ့စပ်ညှိနှိုင်းမှုများအပါအဝင် ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။ သတ္တမအကြိမ် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်သည်။

 

Embassy Websites

Government Ministries