Union Minister U Kyaw Tin participates in the ASEAN-United Nations Ministerial Meeting (AUMM) held via Videoconference
(21-10-2020, Nay Pyi Taw)
Union Minister for International Cooperation U Kyaw Tin participated in the ASEAN Foreign Ministers’ Meeting with the United Nations (UN) Secretary-General and the President of the 75th Session of the United Nations General Assembly (AUMM) which was held via videoconference on Wednesday at 6:30 pm from the Ministry of Foreign Affairs, Nay Pyi Taw.
The Meeting was chaired by Mr. Pham Binh Minh, Deputy Prime Minister and Minister for Foreign Affairs of Viet Nam in his capacity as the Chair of ASEAN in 2020, and was attended by Mr. António Guterres, Secretary-General of the United Nations, Mr. Volkan Bozkır, President of the 75th Session of the United Nations General Assembly, the Foreign Ministers of ASEAN Member States, the Secretary-General of ASEAN and senior officials of ASEAN and the UN.
The Meeting reviewed the progress made in the cooperation between ASEAN and the UN, and encouraged full implementation of action lines under the ASEAN-UN Plan of Action (2016-2020). Subsequently, the Meeting adopted the new five-year Plan of Action (2021-2025) to further strengthen ASEAN-UN Comprehensive Partnership. The Meeting also exchanged views on regional and international issues including COVID-19 pandemic, terrorism, violent extremism and transnational organized crimes. The Meeting also highlighted the importance of promoting regional peace and security, sustainable development and disaster management, and underscored the need to enhance international cooperation in addressing the emerging challenges, especially the COVID-19 pandemic and its socioeconomic impacts.
In his statement at the Meeting, Union Minister U Kyaw Tin expressed his appreciation on the continued strengthening of ASEAN-UN Comprehensive Partnership as well as tangible progress made in the implementation of the ASEAN-UN Plan of Action (2016-2020), and supported the adoption of the new Plan of Action (2021-2025). The Union Minister also appreciated the leadership of the UN Secretary-General for taking multilateral initiative in response to the COVID-19 pandemic. As equitable and affordable access of all global citizens to the safe and secured vaccines has been top priority for all countries, he stressed the need to enhance cooperation between ASEAN and the UN to ensure vaccine security. He also emphasized the importance of strengthening cooperation between ASEAN and the UN in addressing terrorism and violent extremism which pose a profound threat to international peace and security.
In response to the remarks on the Rakhine issue, the Union Minister reminded not to overlook the involvement of elements of terrorism in the Rakhine issue and underlined that many people conveniently ignored the fact that the humanitarian situation in Rakhine State was triggered by the violent coordinated attacks against multiple security outposts by a terrorist group called Harakah al-Yaqin also known as Arakan Rohingya Salvation Army (ARSA). He stated that ARSA members have been active in Cox’s Bazaar camp instigating unrest to hinder the repatriation process. Referring to the media reports, the Union Minister added that the ARSA terrorist group has made deep inroads in the camp engaged in the illegal arms and drug smugglings, involved in abduction, murder, human trafficking and terrorist activities, and even conducted military training. He also expressed concern over the continued threats of terror attacks posed by ARSA and AA using Bangladeshi territory as a sanctuary to commit terrorist activities. He highlighted that the new dimension of dual conflict with ARSA and AA coupled with the outbreak of COVID-19 pandemic has further complicated the Government’s efforts in restoring peace, harmony and stability in Rakhine State including repatriation of the displaced persons. He also refuted that the resolution of the issue rests not solely on Myanmar since cooperation of Bangladesh is also needed for successful reparation. The Union Minister reaffirmed Myanmar’s commitment to receiving the verified displaced persons in line with the bilateral agreement and laying down a sustainable foundation for peace and stability, reconciliation, democracy and development for all in Rakhine State. He also expressed the hope that the UN will try to learn and understand the complex challenges and strengthen the government’s capacity to help Myanmar’s efforts in addressing the issue.
The convening of AUMM this year is significant to both ASEAN and the UN as 2020 marks the 75th anniversary of the UN and two ASEAN Member States are taking seats at the United Nations Security Council as non-permanent members. Also present at the Meeting were senior officials from the Ministry of Foreign Affairs.
* * * * * *
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံ-ကုလသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးသို့ ပါဝင်တက်ရောက်
(၂၁-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဗုဒ္ဓဟူးနေ့၊ ညနေ ၆း၃၀ နာရီတွင် videoconferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌတို့အကြား တွေ့ဆုံသည့် အာဆီယံ-ကုလသမဂ္ဂဝန်ကြီးအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၀ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. António Guterres ၊ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌ Mr. Volkan Bozkır ၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့် ကုလသမဂ္ဂမှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အောက်ရှိ လုပ်ငန်းစဉ်များ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အာဆီယံ-ကုလသမဂ္ဂ ဘက်စုံမိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရန် အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ကို အတည်ပြုချမှတ်ခဲ့သည်။ ထို့ပြင် COVID-19 ရောဂါ၊ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အလားတူ အစည်းအဝေးတွင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့ကို တိုးမြှင့် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လတ်တလော ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် COVID-19 ရောဂါနှင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွား ထိခိုက်နစ်နာမှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အာဆီယံ-ကုလသမဂ္ဂ ဘက်စုံ မိတ်ဖက်ဆက်ဆံရေး နှင့် အာဆီယံ-ကုလလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော် ဆောင်ရွက်မှုတို့တွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိသည့် အတွက် အားရကျေနပ်ကြောင်း၊ ယခု အစည်းအဝေး၌ အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ်သစ် (၂၀၂၁-၂၀၂၅) အတည်ပြုချမှတ်ခြင်းကို ထောက်ခံ ကြိုဆိုကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဦးဆောင်မှုဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာအစီအစဉ်များကို ချမှတ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိတွင် ထိရောက်လုံခြုံ စိတ်ချမှုရှိပြီး လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံးသာတူညီမျှ ခံစားရရှိနိုင်သည့် ကာကွယ်ဆေး ရရှိရေးသည် နိုင်ငံအားလုံး၏ ဦးစားပေး ကိစ္စတစ်ရပ် ဖြစ်သည့်အတွက် အာဆီယံနှင့် ကုလသမဂ္ဂတို့ အကြား ယင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှု နှင့် အစွန်းရောက်ဝါဒသည် ဒေသတွင်းနှင့် နိုင်ငံတကာ၏ တည်ငြိမ်အေးချမ်းရေးကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိရာ အဆိုပါပြဿနာကို ရင်ဆိုင်ဖြေရှင်းရာတွင် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အရေးကြီးကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တုံ့ပြန်ဆွေးနွေးရာ၌ ရခိုင်ပြည်နယ် အရေးကိစ္စမှာလည်း အကြမ်းဖက်မှု (terrorism) နှင့် ပါဝင်ဆက်စပ်နေသည်ကို မျက်ကွယ်မပြုရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တွေ့ကြုံ ရင်ဆိုင်နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာသည် ARSA ဟု အများသိထားသည့် Harakah al-Yaqin အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း အများအပြားကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကြောင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်ကို အများက လျစ်လျူရှုထားကြောင်း၊ ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့ဝင်များ ရှိနေပြီး ၎င်းတို့သည် နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာအောင် နှောင့်ယှက်လျက်ရှိသည်ဟု ခိုင်လုံသည့် သတင်းများအရ သိရှိရကြောင်း၊ ၎င်းအကြမ်းဖက်အဖွဲ့သည် ဒုက္ခသည်စခန်းအတွင်း လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု၊ ပြန်ပေးဆွဲမှုနှင့် လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် အပြင် စစ်သင်တန်းများကိုပင် ပေးနေသည်ဟု သတင်းများတွင် ဖော်ပြထားကြောင်း၊ ARSA နှင့် AA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်မြေကို ခြေကုပ်ယူလျက် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ဆောင်ရွက်နေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ARSA ၏ လှုပ်ရှားမှုများ၊ AA ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းချက်များကို ပိုမိုရှုပ်ထွေးလာစေကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေးမှာ မြန်မာနိုင်ငံအပေါ်တွင်သာ တာဝန်ရှိနေခြင်းမဟုတ်ဘဲ နေရပ်ပြန်လည် ပို့ဆောင်ရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ စိစစ် အတည်ပြုပြီးဖြစ်သော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်း အဝိုင်းအားလုံး၏ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းရင်း မိမိတို့ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်အတွက်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ်ပြုထားကြောင်းကိုလည်း အသိပေးလိုကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို နားလည်ရန် ကြိုးပမ်းပြီး မြန်မာနိုင်ငံ၏ ပြဿနာဖြေရှင်းရေးကြိုးပမ်းမှုများ အောင်မြင်စေရန် အစိုးရ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတွင် ကူညီပံ့ပိုးပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ်သည် ကုလသမဂ္ဂ၏ (၇၅) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းမဟုတ်သော အလှည့်ကျအဖွဲ့ဝင်အဖြစ် တာဝန်ယူလျက် ရှိသည့်အတွက် ယခုနှစ်တွင် ကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးသည် ထူးခြားသည့် အစည်းအဝေးတစ်ရပ်ဖြစ်သည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။