Union Minister U Kyaw Tin participates in the ASEAN Foreign Ministers' Meeting, 22nd ASEAN Political-Security Community Council Meeting and 28th ASEAN Coordinating Council Meeting held via video conference
(10-11-2020, Nay Pyi Taw)
Union Minister for International Cooperation U Kyaw Tin participated in the ASEAN Foreign Ministers' Meeting, 22nd ASEAN Political-Security Community Council Meeting and 28th ASEAN Coordinating Council Meeting which were held via video conference today at 07:30 a.m. from the Ministry of Foreign Affairs, Nay Pyi Taw.
The Meetings were chaired by Mr. Pham Binh Minh, Deputy Prime Minister and Minister of Foreign Affairs of the Socialist Republic of Viet Nam in his capacity as the Chair of ASEAN and attended by ASEAN Foreign Ministers and the Secretary-General of ASEAN.
At the ASEAN Foreign Ministers' Meeting, the Ministers discussed and exchanged views on regional and international issues as well as ASEAN's external relations including preparation for the ASEAN Summits with its Dialogue Partners and the applications of external partners to accede to the Treaty of Amity and Cooperation in Southeast Asia (TAC). In his statement at the Meeting, Union Minister U Kyaw Tin underscored the importance of strengthening multilateralism, restoring regional strategic stability and the need for ASEAN to play a greater role in bridging the strategic distrust among the contending parties in light of increasing geopolitical tension and competition among major players. He also stressed the need to building collective capacity to tackle non-traditional security issues including the global pandemic, terrorism and human trafficking in the region. On the Rakhine issue, the Union Minister apprised the Meeting of the Government's continued efforts in bringing peace, security and sustainable development in Rakhine State and creating conducive environment for the voluntary return of displaced persons in a safe, secure and dignified manner including the implementation of the recommendations of the Preliminary Needs Assessment Report. He also reaffirmed Myanmar Government's commitment to resolving the issue of displaced persons in line with the bilateral agreement on repatriation, should Bangladesh commit itself to the agreement in a good neighbourly spirit.
At the 22nd ASEAN Political-Security Community Council Meeting, the Ministers discussed recent developments of Sectoral Bodies under the ASEAN Political and Security Council as well as implementation and review of the APSC Blueprint. At the 28th ASEAN Coordinating Council Meeting, the Ministers discussed matter pertaining to ASEAN's 2020 key deliverables and ASEAN's key initiatives on COVID-19 response as well as preparations for the 37th ASEAN Summits and related Summits.
Then, the Union Minister participated in the Signing Ceremony of the Instruments of Accession to the Treaty of Amity and Cooperation in Southeast Asia (TAC) by the Republic of Colombia, Republic of Cuba and Republic of South Africa.
* * * * *
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၂၂) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် (၂၈) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးများသို့ တက်ရောက်
(၁၀-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၇၃၀ နာရီမှစတင်၍ video conference ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအဝေး၊ (၂၂) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် (၂၈) ကြိမ်မြောက် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးများတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Pham Binh Minh က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများ အပါအဝင် အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ် ရေးထိုးမည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဆွေးနွေးပြောကြားရာတွင် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ပိုမို တိုးတက်ခိုင်မာစေရန်နှင့် ဒေသတွင်း မဟာဗျူဟာမြောက် တည်ငြိမ်မှုကို တည်ဆောက်ရန် အရေးကြီးကြောင်း၊ အင်အားကြီးနိုင်ငံများအကြား ပထဝီနိုင်ငံရေး တင်းမာမှုနှင့် ပြိုင်ဆိုင်မှုများ တိုးမြင့်လာခြင်းကြောင့် အားပြိုင်နေသည့် အုပ်စုများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အာဆီယံအနေဖြင့် ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း၌ ကြုံတွေ့နေရသည့် ကမ္ဘာ့ကပ်ရောဂါ၊ အကြမ်းဖက်ဝါဒနှင့် ဒေသတွင်း လူကုန်ကူးမှုများ အပါအဝင် သမာရိုးကျမဟုတ်သည့် လုံခြုံရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ တက်ညီလက်ညီ ဆောင်ရွက်နိုင်သည့် စွမ်းရည်ကို တိုးမြှင့်တည်ဆောက်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို လေ့လာသည့် အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပါအဝင် နေရပ်စွန့်ခွာသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်ရေး အတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးရာတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းအသိပေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်မည်ဆိုပါက နေရပ်စွန့်ခွာသူများ၏ အရေးကိစ္စကို အဆိုပါ သဘောတူညီချက်နှင့်အညီ ဖြေရှင်းသွားရန်အသင့်ရှိကြောင်း မြန်မာအစိုးရ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားသည်။
(၂၂) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအောက်ရှိ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ-၂၀၂၅ အကောင်အထည်ဖော်ရေးနှင့် ပြန်လည်သုံးသပ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အလားတူ (၂၈) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်းကောင်း၊ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်တွင် ကိုလံဘီယာသမ္မတနိုင်ငံ၊ ကျူးဘားသမ္မတနိုင်ငံနှင့် တောင်အာဖရိကသမ္မတနိုင်ငံတို့အား စာချုပ်ဝင်အဖြစ် လက်ခံခြင်းဆိုင်ရာ စာချွန်လွှာတွင် လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ ပါဝင်တက်ရောက်လက်မှတ်ရေးထိုးခဲ့သည်။