State Counsellor Daw Aung San Suu Kyi participates in the video conference of the 37th ASEAN Summit

(12-11-2020, Nay Pyi Taw)

Daw Aung San Suu Kyi, State Counsellor of the Republic of the Union of Myanmar participated in the Opening Ceremony of the 37th ASEAN Summit and the Plenary Session of the 37th ASEAN Summit which were held via video conferences today at 8 a.m. from the Ministry of Foreign Affairs, Nay Pyi Taw.

The Opening Ceremony of the 37th ASEAN Summit commenced with art performances and ASEAN Anthem presented by Vietnamese cultural troops. Then, Mr. Nguyen Phu Trong, President of the Socialist Republic of Viet Nam delivered welcoming address and Mr. Nguyen Xuan Phuc, Prime Minister of the Socialist Republic of Viet Nam delivered opening remarks.

The Plenary Session of the 37th ASEAN Summit was chaired by Mr. Nguyen Xuan Phuc, Prime Minister of the Socialist Republic of Viet Nam in his capacity as the Chair of ASEAN in 2020 and attended by ASEAN Leaders, the Secretary-General of ASEAN and the Director-General of the World Health Organization. During the Summit, the ASEAN leaders discussed and exchanged views on matters relating to ASEAN Community Building efforts, ASEAN's external relations and ASEAN Centrality as well as regional and international issues.

The ASEAN Leaders also expressed their appreciations to the Prime Minister of Viet Nam for the successful stewardship of ASEAN in 2020 and extended words of congratulations to the State Counsellor on her victory in the recently held general elections in Myanmar.

In her statement, State Counsellor Daw Aung San Suu Kyi stressed the need for ASEAN to pursue greater internal unity and external stability to be able to respond effectively to changing geo-strategic dynamics and increasing tensions among major players. Against the backdrop of increasing polarization and the formation of new blocs and alliances, the State Counsellor added that it is crucial to strengthen the capability to maintain ASEAN unity and centrality. As external relations is an important pillar for the realization of ASEAN's vision of an outward looking Community, she underscored the importance of managing the increased demand for partnership and exercising ASEAN Centrality in the existing ASEAN-led mechanisms.

In response to the remarks made by the Prime Minister of Malaysia on humanitarian situation in Rakhine State, the State Counsellor stated that Myanmar Government is doing its best in ensuring security, justice and communal harmony throughout the country. Emphasizing the need to work together to resolve the problem of the displaced persons, she highlighted that human trafficking remains a serious risk to the region as criminal activities could quickly adjust to the new normal caused by COVID-19 through misuse of technologies. She added that human trafficking must not be tolerated in any form nor must terrorism which is closely related to the Rakhine issue. As the terrorism has been greatly responsible for the communal disharmony in Rakhine State, she stressed the need to put a stop to the terrorist activities and propaganda which is tearing communities apart and work together in tackling such issues of mutual concern and interest. She concluded by expressing her appreciation to the ASEAN Leaders those who have extended their congratulations to her on the outcome of the recent general elections.

At the end of the Plenary Session of the 37th ASEAN Summit, a ceremony was held to officially release the Mid-term Review of ASEAN Community Vision 2025 Blueprints and the ASEAN Comprehensive Recovery Framework, and to launch the ASEAN Regional Reserve of Medical Supplies.

The State Counsellor was represented by Union Minister for International Cooperation U Kyaw Tin at the 23rd ASEAN-China Summit, 23rd ASEAN-Japan Summit, 21st ASEAN-ROK Summit, 17th ASEAN-India Summit and ASEAN Women Leaders' Summit which were held via video conference in the afternoon. During the ASEAN Summits with its Dialogue Partners, the Leaders discussed and exchanged views on future cooperation as well as regional and international issues. Establishment of the ASEAN Center for Public Health Emergencies and Emerging Disease was officially announced during the 23rd ASEAN-Japan Summit.

The first ASEAN Women Leaders' Summit was continued in the evening with the attendance of ASEAN Leaders, Queen Maxima of the Netherlands, UN Secretary-General's Special Advocate for Inclusive Finance for Development, Vice President of the World Bank, ASEAN Women Leaders representatives and the Secretary-General of ASEAN.

Daw Su Su Lwin, Member of Parliament and Leader of the Advisory Team to Promote Legislative Capacity-Building of the Pyithu Hluttaw participated in the ASEAN Women Leaders' Summit as a representative of Myanmar Women Leaders and made a statement under the theme of “the role of women in building a cohesive, dynamic, sustainable and inclusive ASEAN Community in a post COVID-19 world”.

Together with the State Counsellor, Union Minister for Investment and Foreign Economic Relations U Thaung Tun and Union Minister for International Cooperation U Kyaw Tin were present at the Plenary Session of the 37th ASEAN Summit.

* * * * * *

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် video conferencing စနစ်ဖြင့် ကျင်းပသည့်(၃၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်၊ အာဆီယံခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ပြောကြား

(၁၂-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။

(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် ယဉ်ကျေးမှုအဖွဲ့က အနုပညာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြီးနောက် အာဆီယံသီချင်းကို သီဆိုခဲ့သည်။ ထို့နောက် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ Mr. Nguyen Phu Trong က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က အဖွင့်အမှာစကားများ အသီးသီးပြောကြား၍ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်ခဲ့သည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက အာဆီယံအသိုက်အဝန်းတည်ထောင်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ အာဆီယံ၏အချက်အချာကျမှု ဆက်လက် ထိန်းသိမ်းရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ်တွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဆီယံခေါင်းဆောင်များက ၂၀၂၀ ပြည့်နှစ်အတွင် အာဆီယံကို အောင်မြင်စွာ ဦးဆောင်မှု ပေးနိုင်ခဲ့သည့်အတွက် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်အား ချီးကျူးဂုဏ်ပြုကြောင်းနှင့် မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှု ရရှိခဲ့သည့်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထည့်သွင်း ပြောကြားခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းတစ်ရပ်ပြောကြားရာ၌ ပထဝီ မဟာဗျူဟာ အခင်းအကျင်း ပြောင်းလဲနေခြင်းနှင့် အင်အားကြီးနိုင်ငံများအကြားတင်းမာမှု မြင့်တက်လာခြင်းတို့ကို ထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် အာဆီယံအနေဖြင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွှတ်မှုနှင့် ပြင်ပ၏ တည်ငြိမ်အေးချမ်းမှုတို့ကို တိုးမြှင့် ဖော်ဆောင်သွားရန် လိုအပ်ကြောင်း၊ သဘောထားကွဲပြားမှု မြင့်တက်ပြီး မဟာမိတ်အုပ်စုအသစ်များ တည်ထောင်ရန် ကြိုးပမ်းမှုများ ရှိလာချိန်တွင် အာဆီယံ၏ စည်းလုံးညီညွှတ်မှုနှင့် အချက်အချာကျမှုတို့ကို ပိုမိုတိုးတက်ခိုင်မာစေရန် အရေးကြီးကြောင်း၊ အာဆီယံ၏ မျှော်မှန်းချက် ဖြစ်သော ပြင်ပကို မျှော်ကြည့်သည့် အာဆီယံအသိုက်အဝန်းကို ထူထောင်ရာတွင် ပြင်ပဆက်ဆံရေးသည် အရေးပါသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ရာ အာဆီယံနှင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်လိုသည့်နိုင်ငံများ တိုးတက်များပြားလာခြင်းကို စီမံဆောင်ရွက်နိုင်ရန်နှင့် အာဆီယံ ဦးဆောင်သည့် ယန္တရားများတွင် အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းရန် အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ ဆွေးနွေးချက်အပေါ် တုံ့ပြန်ပြောကြားရာတွင် နိုင်ငံတစ်ဝှမ်း၌ ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိမှုတို့ကို ဖော်ဆောင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ၏အရေးကိစ္စကို ဖြေရှင်းရာတွင် မိမိတို့အနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်သူများသည် နည်းပညာကိုအလွဲသုံးစားပြု၍ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် ပုံမှန်အနေအထားသစ်နှင့်အညီ အလျင်အမြန်ပြုပြင်၍ လှုပ်ရှားမှုများ ပြုလုပ်လာနိုင်သည့်အတွက် လူကုန်ကူးမှုပြဿနာသည် ဒေသအတွက် အန္တရာယ်ကြီးမားနေဆဲ ဖြစ်ကြောင်း၊ မည်သည့်ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ လူကုန်ကူးမှုပြဿနာကို သည်းခံ ခွင့်လွှတ်ခြင်းပြုရမည် မဟုတ်သကဲ့သို့ ရခိုင်အရေးကိစ္စနှင့် အတွင်းကျကျ ဆက်စပ်မှုရှိနေသည့် အကြမ်းဖက်ဝါဒ (Terrorism) ကိုလည်း မည်သည့်နည်းနှင့်မျှ လက်ခံခြင်း မပြုကြရန် လိုအပ်ကြောင်း၊ အကြမ်းဖက်ဝါဒသည် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား သဟဇာတရှိမှုကို ပျက်ပြားစေခဲ့သည်အလျောက် အသိုက်အဝန်းများကို ပိုမိုကွဲပြားမှု ဖြစ်ပေါ်စေသည့် အကြမ်းဖက်လုပ်ရပ်များနှင့် ယင်းတို့၏ ဝါဒဖြန့်မှုများကို ရပ်တန့်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုတို့နှင့် သက်ဆိုင်သည့် အဆိုပါပြဿနာများကို ဖြေရှင်းရာတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့သည်။ ထို့ပြင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာသေးမီက မြန်မာနိုင်ငံ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ ရလဒ်နှင့် ပတ်သက်၍ မိမိအား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည့်အတွက် အာဆီယံခေါင်းဆောင်များကို ကျေးဇူးတင်ရှိ ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးအပြီးတွင် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် အခြေပြမြေပုံ (၂၀၂၅) ၏ ကာလလယ်သုံးသတ်ချက်နှင့် အာဆီယံ၏ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် တို့ကို တရားဝင်ထုတ်ပြန်ခြင်းနှင့် အာဆီယံဒေသတွင်း ဆေးပစ္စည်းအထောက်အပံ့များ သိုလှောင်ထားရှိမှုစတင်ခြင်းဆိုင်ရာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ကိုယ်စား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသည့် (၂၃) ကြိမ် မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၊ (၂၃) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး၊ (၁၇) ကြိမ်မြောက် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးနှင့် အာဆီယံအမျိုးသမီးခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးဖက်နိုင်ငံများနှင့် ကျင်းပပြုလုပ် သည့် ထိပ်သီးအစည်းအဝေးများတွင် ခေါင်းဆောင်များက အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ (၂၃) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးတွင် အရေးပေါ် ပြည်သူ့ကျန်းမာရေးနှင့် ရောဂါအသစ်များဆိုင်ရာ အာဆီယံဗဟိုဌာနကို ထူထောင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ကျင်းပပြုလုပ်သည့် အာဆီယံအမျိုးသမီးခေါင်းဆောင်များ၏ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးကို ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ အာဆီယံခေါင်းဆောင်များ၊ နယ်သာလန်နိုင်ငံမှ Queen Maxima ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဘဏ္ဍာရေးဆိုင်ရာအထူး အကြံပေးအရာရှိ၊ ကမ္ဘာ့ဘဏ်၏ဒုတိယဥက္ကဌ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ကဏ္ဍအသီးသီးမှ အမျိုးသမီး ခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါထိပ်သီးအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေး အဖွဲ့ခေါင်းဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီးခေါင်းဆောင် ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး၊ “COVID-19 အလွန်ကာလ၌ စည်းလုံးညီညွှတ်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သည့် အာဆီယံအသိုက်အဝန်းတစ်ရပ်ကို ထူထောင်ရာတွင် အမျိုးသမီးများ၏အခန်းကဏ္ဍမြှင့်တင်ရေး” ခေါင်းစဉ်နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင် တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

 

Embassy Websites

Government Ministries