State Counsellor Daw Aung San Suu Kyi participates in the 4th RCEP Summit and Closing Ceremony of the 37th ASEAN Summit and related Summits via video conference, (15) Asia-Pacific nations including Myanmar sign RCEP, the world's biggest Regional Trade Agreement
(15-11-2020, Nay Pyi Taw)
Daw Aung San Suu Kyi, State Counsellor of the Republic of the Union of Myanmar participated in the 4th Regional Comprehensive Economic Partnership (RCEP) Summit and Closing Ceremony of the 37th ASEAN Summit and related Summits which were held via video conference today from the Ministry of Foreign Affairs, Nay Pyi Taw.
The 4th Regional Comprehensive Economic Partnership (RCEP) Summit was chaired by Mr. Nguyen Xuan Phuc, Prime Minister of the Socialist Republic of Viet Nam in his capacity as the Chair of ASEAN in 2020 and attended by Leaders of ASEAN Member States, Australia, China, Japan, the Republic of Korea and New Zealand.
During the Summit, the Leaders stressed that the RCEP Agreement is critical for the region's response to the COVID-19 pandemic and will play an important role in building the region's resilience through inclusive and sustainable post-pandemic economic recovery process. They acknowledged that the RCEP Agreement is the most ambitious free trade agreement initiated by ASEAN, which contributes to enhancing ASEAN centrality in regional frameworks and strengthening ASEAN cooperation with regional partners. They also expressed their commitment to ensuring that RECP remains an open and inclusive agreement.
In her statement, the State Counsellor stressed that the landmark trade pact will serve as a strong signal to the world that we are committed to maintaining the credibility of regional cooperation architecture, retaining the trust of business community and contributing to regional economic recovery. She also added that the RCEP will provide a new driving force which will accelerate the facilitation of trade and investment as part of a well-functioning, highly efficient, rules-based multilateral trading system. She concluded by stressing that Myanmar will exert utmost efforts to realize the full implementation of the provisions contained within the RCEP Agreement.
The RCEP Summit was followed by the Signing Ceremony of the RCEP Agreement in which the State Counselor witnessed the signing of the Agreement by Union Minister for the Ministry of Investment and Foreign Economic Relations U Thaung Tun on behalf of the Republic of the Union of Myanmar. The RCEP Agreement signed by (15) Asia-Pacific nations represents almost 30 percent of the world's population, 30 percent of global GDP, and close to 28 percent of global trade.
The State Counsellor also attended the Closing Ceremony of the 37th ASEAN Summit and related Summits and Handing Over of the ASEAN Chairmanship to Brunei Darussalam in the afternoon. At the Ceremony, the Prime Minister of the Socialist Republic of Viet Nam delivered his Closing Remarks and handed over the ASEAN Chairmanship Gavel to the Ambassador of Brunei Darussalam to Viet Nam. The Closing Ceremony concluded with the remarks of His Majesty the Sultan of Brunei Darussalam, the Chair of ASEAN in 2021.
Together with the State Counsellor, Union Minister for Investment and Foreign Economic Relations U Thaung Tun and Union Minister for International Cooperation U Kyaw Tin were present at the 4th Regional Comprehensive Economic Partnership (RCEP) Summit and Closing Ceremony of the 37th ASEAN Summit and related Summits.
* * * * *
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားတို့သို့ တက်ရောက်၊ အာရှ-ပစိဖိတ် (၁၅) နိုင်ငံ ပါဝင်သည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို မြန်မာ ပါဝင်လက်မှတ်ရေးထိုး
(၁၅-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်သည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ်ဆောင်ရွက်ပြီး၊ ထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ သြစတြေးလျနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များက ဒေသအနေဖြင့် COVID-19 ရောဂါကို အောင်မြင်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် အရေးကြီးကြောင်း၊ အားလုံးပါဝင်ပြီး တာရှည်ခံသည့် ကူးစက်ရောဂါ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှတစ်ဆင့် ဒေသ၏ ကြံ့ကြံ့ခိုင်နိုင်နိုင်စွမ်းကို တည်ဆောက်ရာတွင် သဘောတူစာချုပ်သည် အရေးပါသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည် ဖြစ်ကြောင်း၊ ဒေသဆိုင်ရာမူဘောင်များတွင် အာဆီယံ၏ အချက်အချာကျမှုကို တိုးမြှင့်ရာ၌ အထောက်အကူပြုပြီး၊ အာဆီယံနှင့် ဒေသဆိုင်ရာ မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေမည့် အဆိုပါ သဘောတူစာချုပ်သည် အာဆီယံက ဦးဆောင်သည့် ရည်မှန်းချက်အကြီးမားဆုံးသော လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ် တစ်ခုဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို လွတ်လပ်ပွင့်လင်းပြီး အားလုံးပါဝင်သည့် သဘောတူစာချုပ် တစ်ခုအဖြစ် ဆက်လက်တည်ရှိစေရန် ကတိကဝတ်ပြုကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဗိသုကာအပေါ် အများ ၏ယုံကြည်လက်ခံမှုနှင့် စီးပွားရေးအသိုင်းအဝိုင်း၏ ယုံကြည်ကိုးစားမှုတို့ကို ထိန်းသိမ်းရန်နှင့် ဒေသအတွင်း စီးပွားရေးပြန်လည်နာလန်ထူခြင်းကို ကူညီဖြည့်ဆည်းပေးရန်အတွက် မိမိတို့၏ ကတိကဝတ်ကို ယခု ကုန်သွယ်ရေး သဘောတူစာချုပ်က ကမ္ဘာသို့ အခိုင်အမာ ထုတ်ဖော်ပြသ လိမ့်မည်ဖြစ်ကြောင်း၊ ကောင်းမွန်စွာဖွဲ့စည်းထား၍ ထိရောက်မှုရှိပြီး စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် သဘောတူစာချုပ်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် မောင်းနှင်အားအသစ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ် ကြောင်း၊ သဘောတူစာချုပ်တွင် ပါဝင်သည့် ပြဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထိပ်သီးအစည်းအဝေးအပြီးတွင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။ အာရှ-ပစိဖိတ်ဒေသရှိ (၁၅) နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂၈ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင်ကျင်းပသည့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးပိတ်ပွဲအခမ်းအနားနှင့် အာဆီယံ ဥက္ကဌတာဝန်ကို ဘရူနိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားပြီးနောက် အာဆီယံဥက္ကဌအထိမ်းအမှတ်တူ တစ်ခုကို ဗီယက်နမ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဘရူနိုင်း ဘုရင်မင်းမြတ်က မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စတုတ္ထအကြိမ်မြောက်ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးနှင့် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများပိတ်ပွဲ အခမ်းအနားတို့သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။