9th Political Consultations between Myanmar and Viet Nam held via video conference
(28-12-2020, Nay Pyi Taw)
The 9th Political Consultations between the Republic of the Union of Myanmar and the Socialist Republic of Viet Nam was held at the Ministry of Foreign Affairs in Nay Pyi Taw, at 9:30 am on 28 December 2020 via Video Conference.
U Hau Do Suan, Deputy Minister for International Cooperation of the Republic of the Union of Myanmar and H.E. Mr. Nguyen Quoc Dung, Vice Minister of Foreign Affairs of the Socialist Republic of Viet Nam co-chaired the meeting. Present at the Consultations were U Kyaw Soe Win, Myanmar Ambassador to Viet Nam, Mr. Ly Quoc Tuan, Vietnamese Ambassador to Myanmar, senior officials from the Ministry of Foreign Affairs, the Ministry of Home Affairs, the Ministry of Investment and Foreign Economic Relations, the Ministry of Natural Resources and Environmental Conservation, the Ministry of Electricity and Energy of Myanmar and the Ministry of Foreign Affairs of Viet Nam.
At the Consultations, both sides cordially discussed and exchanged view on the matters pertaining to the further consolidation of the existing friendly relations between the two countries, latest developments in Myanmar and Viet Nam, developments in Rakhine State, national reconciliation and peace processes of Myanmar, bilateral cooperation in various sectors including trade and investment, energy and mining, telecommunications, education, tourism, culture, agriculture, livestock, irrigation and forestry. Both sides also touched on a wide range of issues including the possibility of elevating the comprehensive partnership relationship to a strategic partnership level, exchange of high level visits in the coming year, to strengthen collaboration in regional arena such as ASEAN, CLMV, ACMECS and other Mekong sub-region initiatives and multilateral fora including the UN.
(၉) ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ
(၂၈-၁၂-၂၀၂၀ ရက်၊ နေပြည်တော်)
(၉) ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲကို ၂၈-၁၂-၂၀၂၀ ရက်၊ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာငုယင်ကွစ်ဇွန်းတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး မစ္စတာလီကွတ်ဝ်သွမ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ လက်ရှိပြည်တွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် သတ္တုတူးဖော်ရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ထူထောင်ထားရှိသည့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးမှ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်သွားနိုင်မည့် အလားအလာ၊ လာမည့်နှစ်တွင် နှစ်နိုင်ငံ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် စီစဉ်သွားနိုင်ရေး၊ အာဆီယံ၊ စီအယ်လ်အမ်ဗွီ၊ အက်မက်စ်နှင့် အခြား မဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်များနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။