Myanmar rejects ill-disguised, mischaracterized and politicized resolution co-sponsored by OIC and EU
(31-12-2020, New York)
On 31 December 2020, at its 48th plenary meeting (resumed) of the 75th UN General Assembly took action on Third Committee resolution against Myanmar. Myanmar delegation called for the vote and voted against resolution number IV contained in document A/75/478/Add.3.
In his explanation of the vote, the Permanent Representative reiterated that Myanmar would not accept the exploitation of human rights and any attempt as an abuse of UN mechanisms under the banner of human rights. He also highlighted the development in the political process and progress made in addressing human rights violations.
While categorically rejecting the resolution, the Permanent Representative stressed that the exertion of discriminatory scrutinization and political pressure with malicious intent would not contribute to Myanmar's efforts in resolving the problems. However, he stated that Myanmar will continue working for the promotion and protection of human rights as well as towards a democratic federal union for the betterment of the people of Myanmar.
* * * * *
ရခိုင်အရေးကိစ္စကို လွဲမှားစွာပုံဖော်ထားပြီး နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်သည့် တတိယကော်မတီ အဆိုမူကြမ်းကို အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြတ်သားစွာကန့်ကွက်
(၃၁-၁၂-၂၀၂၀ ရက်၊ နယူးယောက်)
၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ပြန်လည် ကျင်းပသည့် (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၄၈) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ဖိအားပေးရန်အတွက် ရည်ရွယ်ချက်ရှိရှိ တင်သွင်းသည့် တတိယကော်မတီ၏ အဆိုမူကြမ်းကို မြန်မာကိုယ်စားလှယ်အဖွဲ့က မဲခွဲဆုံးဖြတ်ရန် ထပ်မံတောင်းဆိုခဲ့ပြီး အဆိုမူကြမ်းအပေါ် ကန့်ကွက်မဲပေး ရပ်တည်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဆိုမူကြမ်းအပေါ် ကန့်ကွက်မဲပေးရသည့် အကြောင်းအရင်းအား အမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်းပြောကြားရာ၌ လူ့အခွင့်အရေးကို အကြောင်းပြ၊ တလွဲအသုံးချကာ ကုသမဂ္ဂနှင့် သက်ဆိုင်သည့် ယန္တရားများကို အလွဲသုံးမှုအား မြန်မာနိုင်ငံအနေဖြင့် လုံးဝ လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် လူအခွင့်အရေး ချိုးဖောက်မှုများအား တာဝန်ခံစေမှုဆိုင်ရာ ဆောင်ရွက်နေမှုများကိုလည်း အထွေထွေ ညီလာခံသို့ အသိပေး ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်သူပြည်သားများ အကျိုးအတွက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို မမှိတ်မသုန် ဆက်လက်ကြိုးပမ်းနေမည်ဖြစ်ပြီး၊ နိုင်ငံရေးအရ ဖိအားပေးရန် ဆောင်ရွက်မှုနှင့် တရားမျှတမှုမရှိသည့် အငြိုးတရားအခြေခံ လိုရာဆွဲ ခွဲခြား ဆောင်ရွက်သည့် အလေ့အထများသည် ပြဿနာများ ဖြေရှင်းဆောင်ရွက်ရန် ကြိုးပမ်း မှုများအတွက် မည်သို့မျှ အထောက်အကူမပြုသည့်အတွက် အဆိုဆုံးဖြတ်ချက်အား မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချခဲ့ခြင်းဖြစ်သည်။