Union Minister U Kyaw Tin receives H.E. Mr. Thomas Laszlo Vajda, Ambassador Extraordinary and Plenipotentiary of the United States of America to the Republic of the Union of Myanmar

(19-1-2021, Nay Pyi Taw)

U Kyaw Tin, Union Minister for International Cooperation of the Republic of the Union of Myanmar, received H.E. Mr. Thomas Laszlo Vajda, Ambassador Extraordinary and Plenipotentiary of the United States of America to the Republic of the Union of Myanmar, at the Ministry of Foreign Affairs in Nay Pyi Taw at 1245 hrs today.

During the meeting, the Union Minister congratulated the Ambassador for being appointed as Ambassador Extraordinary and Plenipotentiary of the United States of America to the Republic of the Union of Myanmar and expressed his thanks to the U.S. for lending its support to Myanmar's efforts in promoting democracy, development and human rights. They cordially exchanged views on matters pertaining to the enhancement of the existing bilateral relations and cooperation between Myanmar and the United States of America, the U.S. government's continued support to the democratic transition of Myanmar, expansion of the American businesses and investments in Myanmar and the challenges facing Myanmar in its transition including repatriation of displaced persons from Rakhine State.

* * * * * *

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁၉-၁-၂၀၂၁ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Thomas Laszlo Vajda အား ယနေ့ ၁၂၄၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးတို့တွင် အမေရိကန်ပြည်ထောင်စု၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား နှစ်နိုင်ငံ ရှိရင်းစွဲ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ထောက်ခံသွားရေး၊ အမေရိကန် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် တိုးချဲ့သွားနိုင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးကိစ္စအပါအဝင် အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

Embassy Websites

Government Ministries