H.E. U Chan Aye, Permanent Secretary for Foreign Affairs attends the ASEAN-Brazil Open-Ended Troika Meeting
(19-8-2021, Nay Pyi Taw)
H.E. U Chan Aye, Permanent Secretary for Foreign Affairs attended the ASEAN-Brazil Open-Ended Troika Meeting which was held via video conference at 6:30 am on 19 August 2021, from the Ministry of Foreign Affairs, Myanmar.
The meeting was co-chaired by H.E. Dato Erywan Pehin Yusof, Minister of Foreign Affairs II of Brunei Darussalam and H.E. Carlos Alberto Franca, Minister of Foreign Affairs of Brazil. Foreign Ministers and their representatives from ASEAN Members States and Secretary General of ASEAN also attended the meeting.
During the meeting, they exchanged views on the future cooperation between ASEAN and Brazil in enhancing the areas of trade and investment, agriculture and food security, technical cooperation, transnational crime and maritime security.
Permanent Secretary also discussed to foster cooperation in agricultural sector including through sharing advanced processing technologies and to enhance cooperation on renewable energy through sharing the information and best practices between ASEAN and Brazil through ASEAN Center for Energy.
Together with the Permanent Secretary, Senior Officials from the Ministry of Foreign Affairs also attended the meeting.
* * * * *
ASEAN-Brazil Open Ended Troika Meeting သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါဝင်တက်ရောက်
(၁၉-၈-၂၀၂၁ ရက် ၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ၁၉-၈-၂၀၂၁ ရက်နေ့ နံနက် ၀၆၃၀ တွင် video conference စနစ်ဖြင့် ကျင်းပသည့် ASEAN-Brazil Open Ended Troika အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။
ဤအစည်းအဝေးကို ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusofနှင့် ဘရားဇီးနိုင်ငံခြားရေးဝန်ကြီး H.E. Carlos Alberto Franca တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံခြားရေး ဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ အာဆီယံနှင့် ဘရားဇီးနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက် ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးကိစ္စရပ်တို့တွင် ပူးပေါင်းဆောင် ရွက်ရန်နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ပါသည်။
အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က အာဆီယံနှင့် ဘရာဇီးနိုင်ငံတို့အကြား နည်းပညာ ဖလှယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အာဆီယံဗဟိုဌာနမှတစ်ဆင့် သတင်းအချက် အလက်မျှဝေရေး အပါအဝင် လုပ်ထုံးနည်းနာများကို အချိန်နှင့် တပြေးညီဖလှယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
* * * * *