Union Minister U Wunna Maung Lwin participates in the ASEAN Post Ministerial Conference (PMC) 10+1 Sessions with ASEAN’s Dialogue Partners and 11th East Asia Summit Foreign Ministers’ Meeting
(4-8-2021, Nay Pyi Taw)
Union Minister for Foreign Affairs U Wunna Maung Lwin participated in the ASEAN-U.S. Ministerial Meeting, ASEAN-Australia Ministerial Meeting, ASEAN-India Ministerial Meeting and 11th East Asia Summit Foreign Ministers’ Meeting which were held via video conference today beginning 07:30a.m. from the Ministry of Foreign Affairs, Nay Pyi Taw.
The ASEAN-U.S. Ministerial Meeting was co-chaired by Saleumxay Kommasith, Minister for Foreign Affairs of Lao PDR and Antony Blinken, Secretary of State of the United States. The Meeting reviewed the ASEAN-U.S. cooperation, discussed its future direction and exchanged views on regional and international issues. Union Minister U Wunna Maung Lwin underscored that he was happy to see the continued progress in the ASEAN-U.S. Dialogue Relations and hoped that the partnership will thrive further in the coming years since next year will mark the 45th anniversary of ASEAN-U.S. Dialogue Relations. He also said that the United States was an important partner of ASEAN and appreciated the United States continued support to ASEAN centrality and for active participation in the ASEAN-lead mechanisms and hoped that this partnership would bring more tangible results and mutual benefits with no one left behind. In response to a comment made by a member state on the situation in Rakhine State, he responded that Myanmar was committed to work with ASEAN in the implementation of the recommendations made under the Preliminary Needs Assessment (PNA). As for the repatriation of displaced persons from Rakhine State, the bilateral agreements signed between Myanmar and Bangladesh will remain in force. He also said that a successful repatriation also needs close cooperation from Bangladesh and requested the Meeting to also encourage Bangladesh to work with Myanmar on the repatriation of displaced persons from Rakhine State.
The ASEAN-Australia Ministerial Meeting was co-chaired by Dato Seri Hishammuddin Tun Hussein, Foreign Minister of the Malaysia and Marise Payne, Minister of Foreign Affairs of Australia. Union Minister for Foreign Affairs highlighted the importance of enhancing digital connectivity in mitigating COVID-19, inclusive implementation of the IAI action lines in narrowing the development so that no one is left behind. On RCEP, he welcomed countries that have ratified the RCEP Agreement and informed that Myanmar had deposited its instrument of ratification on 4 May 2021 in accordance with Article 20.5 and Article 20.6 of the RCEP Agreement.
Afterwards, ASEAN Foreign Ministers separately discussed on the appointment of special envoy of the ASEAN Chair pertaining to the Five Point Consensus as agreed upon by the ASEAN Leaders’ Meeting. During the 54th ASEAN Foreign Ministers’ Meeting held on 2 August 2021, Brunei Darussalam informed that previous nomination submitted by Brunei Darussalam were no longer in consideration and therefore, proposed that Brunei Darussalam, as the ASEAN Chair, has appointed the Minister for Foreign Affairs II of Brunei Darussalam as the special envoy of the ASEAN Chair. Myanmar also informed the Meeting that Myanmar was also agreeable to the proposed appointment of H.E. Dato Erywan Pehin Yusof, Minister of Foreign Affairs II of Brunei Darussalam as special envoy of the ASEAN Chair at the Meeting held on 4 August 2021.
The ASEAN-India Ministerial Meeting was co-chaired by Don Pramudwini, Minister of Foreign Affairs of Thailand and Subrahmanyam Jaishankar, Minister of External Affairs of India. At the Meeting, Union Minister underscored that he was happy to see the continued progress in the ASEAN-India Dialogue Relations and hoped to work closely with India in promoting partnership for peace, progress and shared prosperity covering all possible aspects of social, economic and cultural dimensions. On education, he highlighted that it was crucial for CLMV countries and appreciated India’s support for students from CLMV countries to pursue graduate studies at the Nalanda University and the establishment of IT Training Centrest in CLMV countries. He also hoped that a milestone would set for the 30th anniversary of ASEAN-India Dialogue Relations by celebrating 2022 as “Friendship Year”. Union Minister also stressed the need to strengthen our efforts in the fight against the COVID-19 because another wave of infection was on the rise again in the region and appreciated India for contributing $1 million dollar to the COVID-19 ASEAN Response Fund, as well as for the donation COVID Shield vaccine to Myanmar.
Later in the evening, the 11th East Asia Summit Foreign Ministers’ Meeting was held and was chaired by H.E. Dato Erywan Pehin Yusof, Minister of Foreign Affairs II of Brunei Darussalam and was attended by Foreign Ministers and representative from the ASEAN Member States, Australia, China, India, Japan, Republic of Korea, New Zealand, Russian Federation, United States. The Secretary-General of ASEAN also attended the Meeting. During the Meeting, they reviewed and exchanged views on future direction of East Asia Summit Cooperation, and further exchanged views on regional and international issues. Union Minister for Foreign Affairs underscored that Myanmar was happy to see that EAS cooperation has been progressing for the past 16 years and hoped that all EAS participating countries would have the opportunity to promote cooperation, especially in health sectors.
The ASEAN-Russia Ministerial Meeting was co-chaired by H.E. Mahendra Siregar, Vice Minister for Foreign Affairs of Indonesia and H.E. Igor Morgulov, Deputy Foreign Minister of Russian Federation. The meeting was attended by U Chan Aye, Permanent Secretary of the Ministry of Foreign Affairs of Myanmar. He highlighted that he was happy to see the continued progress in the ASEAN-Russia Dialogue Relations and expressed his support on Russia’s proposal to convene the ASEAN-Russia Commemorative Summit and hopes that it would further promote and maintain the momentum of ASEAN-Russia cooperation.
Senior Officials from the Ministry of Foreign Affairs also attended these meetings.
*****
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီ ကျင်းပပြုလုပ်သည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်
(၄-၈-၂၀၂၁ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၀၇၃၀ နာရီမှ စတင်၍ video conference ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများနှင့် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာအိုနိုင်ငံခြားရေးဝန်ကြီး H.E. Saleumxay Kommasith နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး H.E. Antony Blinken တို့က ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကို ပြန်လည်သုံးသပ်ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်လျက်ရှိခြင်းကို ကျေနပ်အားရမှုရှိကြောင်းနှင့် လာမည့်နှစ်သည် အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး (၄၅) နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ရာ လာမည့်နှစ်များတွင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်လာစေရေး မျှော်လင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အမေရိကန်သည် အာဆီယံ၏ အရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် အာဆီယံ၏ ဦးစီးဦးဆောင် ယန္တရားများတွင် တက်ကြွစွာပါဝင်မှုတို့တွင် အမေရိကန်၏ ပံ့ပိုးပေးခြင်းကို ကျေးဇူးတင်ရှ ိကြောင်း၊ အာဆီယံ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးသည် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ အပြန်အလှန်အကျိုးဖြစ်ထွန်းစေပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရလဒ်ကောင်းများ ရရှိရန် မျှော်မှန်းကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အာဆီယံ ပဏာမဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားခဲ့ပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းအားပေးကြရန် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato Seri Hisshamuddin Tun Hussein နှင့် ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Marise Payne တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု လျော့ပါးစေရေး၊ ဒီဂျစ်တယ် ပေါင်းစည်းဆက်သွယ်မှု (digital connectivity) မြှင့်တင်ရေးနှင့် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Initiative for ASEAN Integration- IAI) ကို အပြည့်အဝ ဖော်ဆောင်ရေးသည် အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့ပြီး ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) နှင့်စပ်လျဉ်း၍ RCEP အတည်ပြုခဲ့သည့် နိုင်ငံများကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း RCEP သဘောတူညီချက် စာပိုဒ် ၂၀.၅ နှင့် ၂၀.၆ နှင့်အညီ အတည်ပြု ပါဝင်ထားကြောင်း အစည်းအဝေးသို့ အသိပေးခဲ့သည်။
ယင်းနောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ (၅) ချက်အရ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်ရေးကိစ္စကို သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၂-၈-၂၀၂၁ ရက်နေ့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဘရူနိုင်းနိုင်ငံက မူလအဆိုပြုထားသည့် အမည်စာရင်းများကို ပြန်လည်ရုပ်သိမ်းလျက် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံအနေဖြင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusof အား အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် ပြောင်းလဲအဆိုပြုခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ဘက်ကလည်း အာဆီယံဥက္ကဋ္ဌ၏ အဆိုပြုချက်ကို သဘောတူလက်ခံကြောင်း ယနေ့အစည်းအဝေး ၌ အတည်ပြုပြောကြားခဲ့သည်။
အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwini နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Mr. Subrahmanyam Jaishankar တို့က ပူးတွဲသဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့ကြသည်။ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး ဆက်လက်တိုးမြှင့်လျက်ရှိခြင်းကို ကျေနပ် အားရကြောင်းနှင့် လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍများအပါအဝင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံအကျိုးစီးပွားများ အတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရန် မျှော်လင့်ကြောင်း၊ ပညာရေးကဏ္ဍတွင် CLMV နိုင်ငံများအတွက် ပညာရေးသည် အလွန်အရေးကြီးကြောင်းနှင့် CLMV နိုင်ငံများမှ ကျောင်းသားများအား အိန္ဒိယနိုင်ငံ နာလန်ဒါတက္ကသိုလ်မှ ပညာသင်ဆုများ၊ CLMV နိုင်ငံများတွင် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ ထူထောင်ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ်ဖြစ်သည့် ၂၀၂၂ ခုနှစ်အား မိတ်ဘက်ဆက်ဆံရေးနှစ်အဖြစ် သတ်မှတ် သွားရန် မျှော်လင့်ကြောင်း၊ ဒေသအတွင်း ကိုဗစ်-၁၉ စတုတ္ထလှိုင်းဖြစ်ပေါ်လာမည့် အခြေအနေ ရှိသည့်အတွက် ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကိုဗစ်-၁၉ အာဆီယံတုန့်ပြန်ရေးရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ (၁) သန်း ထည့်ဝင်မှုနှင့် မြန်မာနိုင်ငံသို့ COVID Shield ကာကွယ်ဆေးများ လှူဒါန်းခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် အရှေ့အာရှထိပ်သီး အစည်းအဝေး၏ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများ သုံးသပ်ခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့သည့် ၁၆ နှစ် တာကာလအတွင်း EAS ပူးပေါင်းဆောင်ရွက်မှု တိုးတက်ကောင်းမွန်လျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် EAS တွင် ပါဝင်သည့်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး အထူးသဖြင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အာဆီယံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှား၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး H.E. Mahendra Siregar နှင့် ရုရှား၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး H.E Igor Morgulov တို့မှ ပူးတွဲသဘာပတိ အဖြစ်ဆောင်ရွက်ခဲ့သည်။ အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး ဆက်လက် တိုးမြှင့်လျက်ရှိသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အာဆီယံ-ရုရှား အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး ကျင်းပရန် ရုရှားနိုင်ငံ၏ အဆိုပြုမှုကို ထောက်ခံကြောင်းနှင့် အဆိုပါ ထိပ်သီးအစည်းအဝေးသည် အာဆီယံ-ရုရှားပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထပ်မံမြှင့်တင် နိုင်မည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြ သည်။
*****