Union Minister U Wunna Maung Lwin Co-Chaired the ASEAN-Canada Ministerial Meeting and participated in the ASEAN-New Zealand Ministerial Meeting

(5-8-2021, Nay Pyi Taw)

The ASEAN-Canada Ministerial Meeting was held this morning at 7:30am via video conference. The Meeting was Co-Chaired by Union Minister for Foreign Affairs U Wunna Maung Lwin and Minister of Foreign Affairs of Canada Honorable Marc Garneau. Foreign Ministers and their representative from ASEAN Member States and the Secretary-General of ASEAN also attended the Meeting.

At the opening remarks, Union Minister for Foreign Affairs noted the progress made in the ASEAN-Canada Dialogue Relations and that ASEAN hoped to deepen cooperation in many other areas with a view to strengthen partnership with Canada. He also said that both ASEAN and Canada struggled against COVID-19 and thanked Canada for supporting the ASEAN’s COVID-19 Response Initiatives, especially for supporting the COVID-19 ASEAN Response Fund. He hoped that Canada will deepen cooperation in not only across the three community pillars but also in other important areas such as health care and digital technology which were important for ASEAN and Canada, especially for the CLMV countries. He also delivered the ASEAN Common Statement on behalf of ASEAN Member States.

ASEAN Foreign Ministers and the Secretary-General of ASEAN also made their remarks at the Meeting.

The meeting concluded with closing remarks by Foreign Ministers of Canada, Myanmar and Malaysia as the new country coordinator for ASEAN-Canada Dialogue Relations for 2021 to 2024. Union Minister in his closing remarks said that the candid discussions they have had would continue to pave the way to step-up ASEAN-Canada Dialogue Relation and that the Meeting looked forward to working closely with Canada for peace, stability and prosperity in the regional and beyond with shared interests and possible areas of collaboration. He also said that Myanmar and Canada have had a very long-standing relationship and hoped that Canada will also work with Myanmar in Myanmar’s efforts. On five-point consensus, Union Minister informed that Myanmar had welcomed the proposal of Brunei Darussalam, as the ASEAN Chair, to appoint Dato Erywan Pehin Yusof, Minister of Foreign Affairs II of Brunei Darussalam as the special envoy and that he looked forward to working closely with him as Minister of Foreign Affairs II as well as in his capacity as the special envoy.

Union Minister also attended the ASEAN-New Zealand Ministerial Meeting which was held shortly after the ASEAN-Canada Ministerial Meeting. The Meeting was co-chaired by H.E. PRAK Sokhonn, Deputy Prime Minister and Minister for Foreign Affairs and International Cooperation of Cambodia and H.E. Nanaia Mahuta, Minister for Foreign Affairs of New Zealand. During the Meeting, Union Minister appreciated New Zealand’s consistent support to narrowing the development gaps within ASEAN, particularly through Initiative for ASEAN Integration (IAI), encouraged ASEAN and New Zealand to enhancing cooperation for the promotion of people to people exchange, capacity building and human capacity development in post pandemic. The Minister acknowledged New Zealand’s contribution in response to COVID-19 and reiterated to enhance the regional economic recovery.

At 3:00pm, Union Minister attended the conferment ceremony on accepting the United Kingdom as ASEAN Dialogue Partner held via video conference.

U Chan Aye, Permanent Secretary of the Ministry of Foreign Affairs, participated in the 1st Friends of the Mekong Ministerial Meeting held in the evening today. The meeting was chaired by the United States with the participation of Representatives of FOM members; Cambodia, Laos, Thailand, Viet Nam, Australia, Japan, Republic of Korea, New Zealand, Asian Development Bank (ADB), European Union (EU), Mekong River Commission Secretariat (MRC), World Bank (WB), and ASEAN Secretary General. India and United Kingdom also participated as observers. In the statement, Permanent Secretary U Chan Aye recalled the objectives of FOM mechanism which is to make coordination in providing assistance to the development of the Mekong Region, and pointed out to respect rules in the implementation process of cooperation based on the principles of Mekong-US Partnership such as the principle of mutual respect and non-interference. He also suggested the importance to produce tangible benefits from the FOM mechanism in particular of promoting equitable access to COVID-19 vaccine for countries which are facing a spike in the cases, post pandemic economic recovery and addressing non-traditional challenges.

Senior Officials from the Ministry of Foreign Affairs also attended these meetings, the ceremony.

******

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်၊ အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်

(၅-၈-၂၀၂၁ ရက်၊ နေပြည်တော်)

အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၀၇၃၀ နာရီမှစတင်၍ video conference ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးကို နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Honourable Marc Garneau တို့မှ သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး တိုးတက် ကောင်းမွန်လျက်ရှိကြောင်းနှင့် အာဆီယံအနေဖြင့် ကနေဒါနိုင်ငံနှင့် ဆွေးနွေးဖက်ဆက်ဆံရေး မြှင့်တင်နိုင်စေရန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အသီးသီးတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး မျှော်မှန်းထားကြောင်း၊ အာဆီယံနိုင်ငံများနှင့် ကနေဒါနိုင်ငံတို့သည် ကိုဗစ်-၁၉ ရိုက်ခတ်မှုကို ရင်ဆိုင်နေကြရပြီး ကနေဒါနိုင်ငံမှ အာဆီယံ၏ ကိုဗစ်-၁၉ တုန့်ပြန်ရေး ကနဦးလုပ်ငန်းစဉ်များသို့ ထောက်ပံ့ပေးခြင်းနှင့် အထူးသဖြင့် ကိုဗစ်-၁၉ အာဆီယံတုန့်ပြန်ရေးရန်ပုံငွေသို့ ပံ့ပိုးလှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ကနေဒါအနေဖြင့် အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃) ခုတွင်သာမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဒီဂျစ်တယ်နည်း ပညာကဲ့သို့ အာဆီယံ၊ ကနေဒါနိုင်ငံနှင့် အထူးသဖြင့် CLMV နိုင်ငံများအတွက် အရေးပါသည့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မျှော်မှန်းကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ASEAN Common Statement ကို ဖတ်ကြားခဲ့သည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ နိုင်ငံများရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ကလည်း အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် ကနေဒါနှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ၂၀၂၁-၂၀၂၄ ကာလအတွက် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးနိုင်ငံအဖြစ် တာဝန်ယူမည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား ရင်းနှီးပွင်းလင်းစွာ ဆွေးနွေးမှုများသည် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးကို မြှင့်တင်ရန် နည်းလမ်းများကို ပြသပေးနိုင်ကြောင်း၊ အာဆီယံအနေဖြင့် ဒေသတွင်း အေးချမ်းသာယာဝပြောရေး၊ အပြန်အလှန်အကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍများတွင် ကနေဒါနှင့် နီးကပ်စွာ လက်တွဲ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် ကာလရှည်ကြာသည့် ဆက်ဆံရေးကောင်းများရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ကြိုပမ်းဆောင်ရွက်မှုများတွင် ကနေဒါနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ အာဆီယံတူညီဆန္ဒ (၅) ချက် နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusof အား အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် အဆိုပြုချက်ကို ကြိုဆိုခဲ့ကြောင်းနှင့် အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ၎င်း၏ စွမ်းဆောင်ရည်ကို ယုံကြည်မျှော်လင့်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ-ကနေဒါနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဆက်လက်ကျင်းပသည့် အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး H.E. PRAK Sokhonn နှင့် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး H.E. Nanaia Mahuta တို့က ပူးတွဲ သဘာပတိများအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် နယူးဇီလန်နိုင်ငံ၏ အစဉ်တစိုက် ကူညီထောက်ပံ့မှုများ၊ အထူးသဖြင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်မှတစ်ဆင့် ပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံနှင့် နယူးဇီလန်နိုင်ငံတို့ အကြား ပြည်သူအချင်းချင်းပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ၊ စွမ်းဆောင် ရည်မြှင့်တင်ရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတို့ကို ကပ်ရောဂါအလွန်ကာလတွင် တိုးမြှင့်နိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်ရေးတွင် နယူးဇီလန်နိုင်ငံ၏ ထည့်ဝင်အကျိုးပြုမှုများကို အသိအမှတ်ပြုကြောင်း နှင့် ဒေသတွင်း စီးပွားရေးပြန်လည်ထူထောင်နိုင်ရေး တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ မွန်းလွဲ ၀၃၀၀ နာရီတွင် video conference ဖြင့် ကျင်းပသည့် ဗြိတိန်နိုင်ငံကို အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် လက်ခံကြောင်း ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသော “မဲခေါင်မြစ်မိတ်ဆွေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်” ၏ ပထမအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။ အစည်းအဝေးကို အမေရိကန်နိုင်ငံက သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥရောပသမဂ္ဂ၊ မဲခေါင်မြစ်ကော်မရှင် အတွင်းရေးမှူးရုံးနှင့် ကမ္ဘာ့ဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့သည်။ အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့ကလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်။ အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဆွေးနွေးရာတွင် မဲခေါင်မြစ် မိတ်ဆွေနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသ ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရာတွင် ညှိနှိုင်းဆောင်ရွက်နိုင်ရေး ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် မဲခေါင်-အမေရိကန် အစည်းအဝေးများ၌ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေး မစွက်ဖက်ရေး စသည့် စည်းမျဉ်းစည်းကမ်းများ လေးစားဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကူးစက်မှုများနေသည့် နိုင်ငံများ ရရှိရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ သမားရိုးကျ မဟုတ်သော စိန်ခေါ်မှုများအားဖြေရှင်းရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးများနှင့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

*****

Embassy Websites

Government Ministries