Union Minister U Ko Ko Hlaing participates in the 14th Mekong-Japan Foreign Ministers’ Meeting via Video Conference

(6-8-2021, Nay Pyi Taw)

U Ko Ko Hlaing, Union Minister for International Cooperation attended the 14th Mekong-Japan Foreign Ministers’ Meeting, which was held via video conference in the afternoon of 6th August 2021, from the Ministry of Foreign Affairs, Nay Pyi Taw.

The meeting was chaired by the Mr. Motegi Toshimitsu, Foreign Minister of Japan with the participation of Foreign Ministers of the member countries; Cambodia, Laos, Thailand and Viet Nam.

At the meeting, the Ministers reviewed on the progress of Mekong-Japan Cooperation and exchanged views on future work of cooperation.

In the Statement, Union Minister U Ko Ko Hlaing underscored the dissemination of benefits to the peoples in the Mekong region through various programmes of Mekong-Japan Cooperation during 14 years of cooperation, and highlighted the role of providing platform for strengthening traditional friendship, mutual understanding and people-to-people affinity. He raised urgent need of vaccine, medicine for treatment and oxygen during third wave of COVID-19 pandemic in Myanmar, and expressed special thanks to government of Japan for donation of ambulances, oxygen concentrators and USD 280 million COVID-19 Crisis Response Emergency Support Loan for recovery of pandemic hit economy. He also sought further assistance from Japan to receive COVID-19 vaccine through COVAX program to Myanmar.

The Union Minister commended the “Tokyo Strategy 2018” for the tangible achievements in assisting socioeconomic development of Mekong region. He also suggested to promote digital connectivity and institutional harmonization such as mutual recognition of medical and vaccine certificates, streamlining travel procedures and standardization of required documents in the new strategy of Mekong-Japan cooperation for future cooperation.

Moreover, the Union Minister stated that cooperation on joint vaccine research, assistance for vaccine production and equitable access to vaccine have to be given priority as part of the work to achieve Universal Health Coverage (UHC). He also supported the idea to formulate “Joint Working Group on Economic Recovery” under the Mekong-Japan Cooperation and explained the current developments in Myanmar.

Senior Officials from the Ministry of Foreign Affairs were also presented at the meeting.

Mekong-Japan Cooperation has established between Mekong countries; Cambodia, Laos, Myanmar, Thailand, Viet Nam and Japan to facilitate socio economic development of Mekong Region with the funding and technical assistance from Japan.

*****

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (၁၄) ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်

(၆-၈-၂၀၂၁ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၄) ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (14th Mekong-Japan Foreign Ministers Meeting) သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးကို ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Motegi Toshimitsu မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိန့်ခွန်းပြောကြားရာတွင် မဲခေါင်-ဂျပန် ပူးပေါင်း ဆောင်ရွက်မှု၏ (၁၄) နှစ်တာကာလအတွင်း များစွာသော စီမံကိန်းများဖြင့် မဲခေါင်ဒေသတွင်း ပြည်သူများအတွက် အကျိုးကျေးဇူးများ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် ပြည်သူအချင်းချင်း ရင်းနှီးချစ်ကြည်မှုတို့ကို ခိုင်မာစေသည့် ကောင်းမွန်သော အခြေခံကောင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုကို ရင်ဆိုင်နေရသည့် ခက်ခဲသော ကာလဖြစ်ပြီး ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအစိုးရမှ လူနာတင်ယာဉ်များ၊ အောက်ဆီဂျင်စက်များ လှူဒါန်းမှုနှင့် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးပြန်လည်ထူထောင်ရန် COVID-19 Crisis Response Emergency Support Loan အမေရိကန်ဒေါ်လာ သန်း (၂၈၀) ပေးအပ်ခဲ့ခြင်းတို့အပေါ် အထူးကျေးဇူးတင်ရှိကြောင်း၊ COVAX program မှတစ်ဆင့် ကိုဗစ်ကာကွယ်ဆေးများ ရရှိနိုင်ရေး ကူညီပံ့ပိုးနိုင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက မဲခေါင်ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ပေးအပ်ရာတွင် “တိုကျိုမဟာဗျူဟာ ၂၀၁၈” (Tokyo Strategy 2018) အောင်မြင်မှုများကို ချီးကျုးပြောကြားခဲ့ပြီး၊ မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအတွက် မဟာဗျူဟာအသစ်ရေးဆွဲရာတွင် ဒီဂျစ်တယ်ဆက်သွယ်ချိတ်ဆက်မှု တိုးမြှင့် ဖော်ဆောင်ရေး၊ ကျန်းမာရေးနှင့် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များအား အပြန်အလှန်အသိအမှတ်ပြုရေး၊ ခရီးသွားလာရေးအတွက် လိုအပ်သည့် အထောက်အထားနှင့် လုပ်ငန်းစဉ်များ တစ်ပြေးညီဖြစ်စေရေး အစရှိသည့် ဖွဲ့စည်းမှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန် ထည့်သွင်းရေးဆွဲသွားရေးတို့ကိုလည်း အကြံပြုဆွေးနွေးခဲ့သည်။

ထို့အပြင် မဲခေါင်ဒေသအတွင်း လူတိုင်းကျန်းမာရေးဝန်ဆောင်မှုရရှိစေရေး ရည်မှန်းချက်အား အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်အစိတ်အပိုင်းတစ်ရပ်အဖြစ် ကိုဗစ်ကာကွယ်ဆေး ပူးတွဲ သုတေသနလုပ်ငန်းများ၊ ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် အကူအညီပေးမှုများ၊ ကာကွယ်ဆေး တစ်ပြေးညီရရှိရေး စသည်တို့ကို ဦးစားပေးဆောင်ရွက်သွားရန်နှင့် စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက်ခဲ့သည်။

မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသအတွင်း လူမှုရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထောက်အကူပြုရန် မဲခေါင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဂျပန်နိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိပါသည်။

*****

Embassy Websites

Government Ministries