Union Minister U Wunna Maung Lwin participates in the opening session of the 13th High-Level Round Table Meeting co-organized by the Government of the Lao PDR and UNDP
(17-11-2021, Nay Pyi Taw)
At the invitation of the Lao People's Democratic Republic, Union Minister for Foreign Affairs U Wunna Maung Lwin participated in the opening session of the 13th High-Level Round Table Meeting which was organized by the Government of the Lao People's Democratic Republic in collaboration with the United Nations Development Programme (UNDP) through video conferencing on 17 November 2021 at 07:40 hrs.
At the opening session, the Prime Minister of the Lao People’s Democratic Republic H.E. Mr. Phankham Viphavanh and UNDP Administrator and Vice-Chair of the UN Sustainable Development Group Mr. Achim Steiner delivered the keynote speeches respectively.
The 13th High-Level Round Table Meeting was held to strengthen the partnership between the Government of the Lao PDR and its Development Partners as well as other relevant stakeholders with the aim to achieve the effective outcomes on sustainable development.
Also present at the occasion with the Union Minister were Deputy Minister for Foreign Affairs, Ambassador of Myanmar to the Lao PDR and Senior Officials from the Ministry of Foreign Affairs.
******
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ ပူးပေါင်း ကျင်းပသည့် (၁၃) ကြိမ်မြောက် အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပါဝင်တက်ရောက်
(၁၇-၁၁-၂၀၂၁ ရက်၊ နေပြည်တော်)
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၁၇-၁၁-၂၀၂၁ ရက်၊ နံနက် (၀၇:၄၀) နာရီတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၃) ကြိမ်မြောက် အဆင့်မြင့် စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်ခမ်ဗီဘာဝန် နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ အုပ်ချုပ်ရေးမှူးနှင့် ကုလသမဂ္ဂစဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာအာချင်စတီနာတို့က အဖွင့်အမှာ စကားများ အသီးသီးပြောကြား ခဲ့ကြသည်။
(၁၃) ကြိမ်မြောက် အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲကို ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ထိရောက်သောရလဒ်များရရှိရေးအတွက် လာအိုနိုင်ငံအစိုးရ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက် အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
******