Statement on the temporary internet suspension in Rakhine and southern Chin States
There have been concerns raised by some quarters over the suspension of the internet in some townships in Rakhine and Chin States, expressing fears that the internet blackout may endanger the lives of vulnerable civilians facing the COVID-19 pandemic in affected areas.
Due to the intensification of offensive attacks and acts of violence launched by the Arakan Army (AA) insurgents, the Government issued a directive on 20 June 2019 to impose a temporary suspension of internet services in eight townships in Rakhine State and one township in Chin State, with a view to maintaining security and law and order in conflict-affected townships in Rakhine and Chin States. The directive on internet suspension, issued on the basis of Article 77 of the 2013 Telecommunication Law, covers Ponnagyun, Rathedaung, Mrauk-U, Kyauktaw, Minbya, Myebon, Maungdaw, Buthidaung and Paletwa townships. However, voice and SMS services remain available.
The temporary internet suspension measure is necessary to prevent the AA from exploiting mobile internet technologies to detonate IEDs and landmines, to incite hatred among different ethnic groups and to plan attacks or kidnappings of government officials. The crimes committed by the AA include the killings of village and ward administrators with a view to disrupting the government machinery.
The restrictions were lifted in five townships namely Rathedaung, Myebon, Maungdaw, Buthidaung and Paletwa townships in August 2019, when the conflict situation showed signs of improvement.
The resurgence of violence and the intensification of acts of terrorism perpetrated by the AA compelled the authorities to impose temporary restrictions in February 2020. Normal internet access will be restored once the situation stabilizes. In fact as of May 2020, the internet service in Maungdaw Township in Rakhine State has been restored.
Measures are taken to ensure that internet restriction does not hinder the Myanmar Government's efforts to combat the COVID-19 in line with its stated policy of “Leaving No One Behind”. The Government, in collaboration with domestic and international partners, has been providing COVID-19 related Information, Education and Communication (IEC) materials to people living in the affected areas and to all vulnerable communities in conflict areas. Since January 2020, the Government has been disseminating COVID-19 awareness information through free SMS services across the country, including the internet-suspended areas. Moreover, the internet service is available in all major IDP camps located in and around Sittwe Township in Rakhine State.
The Myanmar Red Cross and the ICRC have been particularly effective in supporting the Government's efforts, and are working with all communities, including the IDPs. The ICRC has developed a wide range of COVID-19 responses in nine townships in Rakhine; Buthidaung, Kyauktaw, Maungdaw, Minbya, Mrauk-U, Myebon, Pauktaw, Rathedaung and Sittwe. Since mid-May 2020, the Government and the ICRC have formalized an ICRC Action Plan to support the Myanmar Government's efforts to prevent COVID-19 outbreak in Rakhine.
The Government will continue to take necessary and effective measures to protect the people from terrorist attacks by the AA and to ensure that its COVID-19 pandemic response will benefit everyone, including the vulnerable segments, in accordance with the stated policy of “Leaving No One Behind”.
Ministry of Foreign Affairs
Nay Pyi Taw
Dated: 8th July 2020
* * * * *
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက် ယာယီဖြတ်တောက်ထားရခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ယာယီဖြတ်တောက်ထားခြင်းနှင့် စပ်လျဉ်း၍ ယင်းသို့ အင်တာနက်ပိတ်ထားခြင်းသည် ထိခိုက်ခံစားနေရသည့် နေရာများတွင် နေထိုင်ကြသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်နေရသော ပြည်သူများအတွက် အသက်အန္တရာယ်ရှိနိုင်သည်ဟုဆိုကာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားမှုအချို့ ရှိသည်။
အေအေသောင်းကျန်းသူများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ ပိုမိုပြင်းထန် လာခြင်းကြောင့် အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခဖြစ်ပွားရာ ရခိုင် ပြည်နယ်ရှိ (၈) မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၁) မြို့နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုများကို ယာယီဖြတ်တောက်ထားရန် ၂၀-၆-၂၀၁၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်အား ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ နှင့်အညီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းညွှန်ကြားချက်သည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ်များအတွက်သာ အကျုံးဝင်သည်။ သို့သော် မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် စာသားသတင်းတိုများပေးပို့ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
မိုဘိုင်းအင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ အေအေသောင်းကျန်းသူများက လက်လုပ်မိုင်းနှင့် အဝေးထိန်း မြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသားလူမျိုးများအကြား အမုန်းတရားများ လှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများအား တိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုများကို စနစ်တကျ လုပ်ဆောင်ခြင်းများရှိနေသဖြင့် အဆိုပါ လုပ်ရပ်များမှ ကာကွယ်တားဆီးနိုင်ရန်အတွက် အင်တာနက်ကို ယာယီဖြတ်တောက်ရခြင်းဖြစ်သည်။ အေအေအနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားသွားစေရန် ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်းကဲ့သို့သော ကျူးလွန်မှုများ ကိုလည်း ပြုလုပ်လျက်ရှိသည်။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ပဋိပက္ခအခြေအနေများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့လာရသဖြင့် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ် (၅) မြို့နယ်၌ အင်တာနက်ဝန်ဆောင်မှုကို ပြန်ဖွင့်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အေအေ၏ အကြမ်းဖက်လုပ်ရပ်များ ပြန်လည်မြင့်တက်လာခြင်းကြောင့် အင်တာနက်ကို ထပ်မံယာယီဖြတ်တောက်ခဲ့ရသည်။ အခြေအနေများ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ အင်တာနက်အသုံးပြုနိုင်မှု ပုံမှန်ပြန်လည်ရရှိလာမည်ဖြစ်သည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ မေလမှစတင်၍ အင်တာနက်ဝန်ဆောင်မှု ပြန်လည်ရရှိနေပြီဖြစ်သည်။
အင်တာနက်ယာယီဖြတ်တောက်မှုသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာအစိုးရ၏ “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ကြိုးပမ်းမှုများကို အဟန့်အတား မဖြစ်စေရန် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘေးဒဏ်သင့်ဒေသများတွင် နေထိုင်သူများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အသိုက်အဝန်းများအားလုံးထံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ အသိပညာပေးမှုနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစတင်၍ အင်တာနက် ယာယီဖြတ်တောက်ထားသည့် ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် စာသားသတင်းတိုပေးပို့မှု (SMS) အခမဲ့ ဝန်ဆောင်မှုများမှတစ်ဆင့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အသိပညာပေး သတင်းအချက်အလက်များကို အစိုးရက ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးဝန်းကျင်ရှိ အဓိက ပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းများ အားလုံးတွင်လည်း အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းမရှိဘဲ ရရှိအသုံးပြုနိုင်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကလည်း အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထိရောက်စွာ ကူညီပံ့ပိုးပေးလျက်ရှိပြီး၊ ပြည်တွင်း နေရပ်စွန့်ခွာသူများအပါအဝင် အသိုက်အဝန်းအားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်စသည့် (၉) မြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်၊ မေလလယ်မှစတင်၍ အစိုးရနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီတို့သည် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေးတွင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူပြုရေးအတွက် ICRC ၏ လုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့သည်။
ပြည်သူများအား အေအေ၏ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်မှ အကာအကွယ်ပေးရေး အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ထိခိုက်ခံစားလွယ်သူများအပါအဝင် ပြည်သူအားလုံး အကျိုးခံစားခွင့် ရရှိစေရေးအတွက်လည်းကောင်း အစိုးရအနေဖြင့် လိုအပ်သည့် ထိရောက်သော အစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၈ ရက်။
* * * * *