၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပြည်သူပြည်သားများ၏ စုပေါင်း အင်အားနှင့်အတူ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံတော်တစ်ခုလုံး ငြိမ်းချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံနှင့် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း ပြည်ပရှိ လူ့စွမ်းအား အရင်းအမြစ်များအား အကျိုးရှိစွာအသုံးချနိုင်မှုသည် လွန်စွာပဓာနကျပါသည်။
၂။ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုပါက မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့ ( တယ်လီဖုန်းအမှတ်၊ + ၁ (၂၁၃) ၃၈၇ ၀၀၄၃၊ အီးမေးလ်လိပ်စာ၊ This email address is being protected from spambots. You need JavaScript enabled to view it. နှင့် This email address is being protected from spambots. You need JavaScript enabled to view it.) ထံသို့ ဆက်သွယ်ပေးပို့ အသိပေးနိုင်ပါကြောင်း ၁၃-၁-၂၀၂၀ ရက်နေ့တွင် ကောင်စစ်ဝန်ချုပ်ရုံး၏ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာတို့၌ ဖြည့်စွက်ပုံစံနှင့်တကွ အသိပေးဖော်ပြခဲ့ပါသည်။
၃။ ယခုအခါ မိမိတို့တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင် ကူညီပံ့ပိုးအကျိုးပြုလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ Website Link ဖြစ်သည့် https://www.mofa.gov.mm/volunteer-submit-form/ သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်းလည်း အသိပေးကြေညာအပ်ပါသည်။
၄။ နိုင်ငံတော်၏အကျိုးပြုလုပ်ငန်းများတွင် မိမိဆန္ဒအလျောက်ပါဝင်ကူညီပံ့ပိုးအကျိုးပြုလိုပါကြောင်း သက်ဆိုင်ရာမြန်မာသံရုံး/ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင် ယခင်က ဆန္ဒပြုလျှောက်ထားသူများနှင့်စပ်လျဉ်း၍လည်း အချက်အလက်များစုစည်းပြီး ပါဝင်ကူညီ ဆောင်ရွက်ရန် ဆန္ဒပြုလျှောက်ထားသည့် နယ်ပယ်နှင့်ကဏ္ဍရပ်များအပေါ်မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့နောက် လုပ်ငန်းဆောင်ရွက်ပုံ လုပ်ထုံးလုပ်နည်း (Standard Operation Procedure-SOP) နှင့်အညီ လိုအပ်သည့် လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ပြီးချိန်တွင် အကြောင်းပြန်ကြားပေးမည်ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၅ ရက်