With a view to preventing importation and spread of COVID-19, the Government of the Republic of the Union of Myanmar has temporarily suspended entry of foreign nationals starting from 19 March 2020 through any border check point being opened between Myanmar and its neighbouring countries. The entry and exit of local population on both sides of the border through the existing check points concerned will not be restricted. They will be subject to health check and temperature screening at the entry of the border check points.

Any foreign national with valid entry visa may enter and exit to/from Myanmar only at Yangon, Mandalay and Nay Pyi Taw International Airports in accordance with the existing rules and regulations.

* * * * * *

နယ်စပ်စစ်ဆေးရေးဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ယာယီပိတ်ပင်တားမြစ်ကြောင်း အသိပေးကြေညာချက်

COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည်သည့် နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေး ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို (၁၉-၃-၂၀၂၀)ရက်နေ့ မှစတင်၍ ယာယီပိတ်ပင်တားမြစ်လိုက်သည်။ နှစ်ဖက်ဒေသခံပြည်သူများ နယ်စပ်ဖြတ်ကျော် ခွင့်လက်မှတ် (Border Pass)ဖြင့်ဝင်ရောက်ခွင့်ကိုမူ ပိတ်ပင်ခြင်းရှိမည်မဟုတ်ဘဲ ဝင်ရောက်လာသူများအား ကိုယ်အပူချိန် တိုင်းတာမှုများ၊ ကျန်းမာရေးစိစစ်မှုများကိုသာ တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တို့ မှသာ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည်ဖြစ်ပါသည်။

Embassy Websites

Government Ministries