At the outbreak of the pandemic 2019 Novel Coronavirus (2019-nCoV), the Government of Myanmar has declared that all travellers (any national) entering Myanmar will be required to fill in the Health Declaration Form comprehensively before the entry and those who fail to complete the form could be denied to enter the country.

  Therefore, the Consulate General of the Republic of the Union of Myanmar in Los Angeles hereby urges travellers entering Myanmar to fill in the Health Declaration Form, which can be obtained from the respective airlines and as attached in this announcement. 

Consulate General of the Republic of the Union of Myanmar, Los Angeles

Dated: 16 March 2020 

*********

 မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသည်များအား ကျန်းမာရေးအခြေအနေဖော်ပြချက်ပုံစံ 

(Health Declaration Form) ဖြည့်စွက်ကြရန် အသိပေးကြေညာခြင်း

၁။ မြန်မာနိုင်ငံအနေဖြင့် 2019 Novel Coronavirus (2019-nCoV) ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေးဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အဆိုပါကူးစက်ရောဂါနှင့်ပတ်သက်၍ သံသယလူနာ/လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (Close Contact) ကို ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် သံသယလူနာများကို စောစီးစွာ ထောက်လှမ်းခြင်း (Early Detection) တို့ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များ (မည်သည့်နိုင်ငံသားမဆို) အနေဖြင့် ကျန်းမာရေးအခြေအနေဖော်ပြချက်ပုံစံ (Health Declaration Form) အား ပြည့်စုံစွာဖြည့်စွက်မှသာ မြန်မာပြည်တွင်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျန်းမာရေးအခြေအနေ ဖော်ပြချက်ပုံစံအား လေယာဉ်ပေါ်တွင် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး             ယင်းပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့် ခရီးသည်များ (မည်သည့်နိုင်ငံသားမဆို) အား မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြု (မပြု) ကြောင်းကို လေယာဉ်ပေါ်တွင် အသိပေးကြေညာသွား မည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးသည်များ (မည်သည့်နိုင်ငံသားမဆို) အနေဖြင့် ကျန်းမာရေးအခြေအနေဖော်ပြချက်ပုံစံ (Health Declaration Form) အား ပြည့်စုံစွာ ဖြည့်စွက်ကြပါရန် အသိပေး တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ   ၁၆   ရက်

health declaration card 01health declaration card 02

Embassy Websites

Government Ministries