ကယ်လီဖိုးနီးယားပြည်နယ်တွင် COVID-19 ကူးစက်ပြန့်ပွားမှု မြင့်တက်လာသည်နှင့်အမျှ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Gavin Newsom က ၁၉-၃-၂၀၂၀ ရက်နေ့တွင် ပြည်နယ်တစ်ဝှမ်းလုံး လိုက်နာစေရန် “Stay at Home” အမိန့်အား ထုတ်ပြန်ကြေညာခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ၂၀-၃-၂၀၂၀ ရက်နေ့မှစတင်၍ ရုံးအား ခေတ္တပိတ်ထားမည်ဖြစ် ကြောင်းနှင့် ရုံးပြန်လည်ဖွင့်လှစ်မည့်ရက်အား ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည်။
ကောင်စစ်ဝန်ချုပ်ရုံး၏ ရုံးပိတ်ရက်ကာလအတွင်း၌ ကောင်စစ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အရေးပေါ်ဆက်သွယ်ရန်လိုအပ်ပါက ပထမအတွင်းဝန် ဦးအောင်ကျော်နိုင်၊ ဖုန်းအမှတ် (213) – 392 – 6883 သို့ ဆက်သွယ်နိုင်ပါကြောင်းနှင့် ရုံးပိတ်ရက်များ၌ စာတိုက်မှတစ်ဆင့် ပေးပို့မည့် စာရွက်စာတမ်း များအား ဂရုပြုပေးကြပါရန်နှင့် ပျောက်ဆုံး/ပျက်စီးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက မြန်မာကောင်စစ် ဝန်ချုပ်ရုံးအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း တစ်ပါတည်း အသိပေးဖော်ပြ အပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်
*****
Announcement for Temporary Office Closure
Due to the rapid spread of COVID-19 in the State of California and in accordance with the “Stay at Home” statewide order proclaimed by the California State Governor Mr. Gavin Newsom, the Consulate General of the Republic of the Union of Myanmar in Los Angeles hereby announce the temporary office closure as of 20th March 2020 and that the Consulate General will be reopened until further notice.
During the time of office closure, please contact First Secretary/ Consul Mr. Aung Kyaw Naing at (213) – 392 – 6883 for all urgent consular related matters and kindly take personal accountability for all mails sending to the Consulate General, whereas the Consulate General of Myanmar in Los Angeles will not be responsible for any cases of lost or damage.
Consulate General of the Republic of the Union of Myanmar, Los Angeles
Date: 20th March, 2020