၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်)ရောဂါကူး စက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြောညာခဲ့ပါသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအရ မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များနှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှတစ်ဆင့် ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များအဖြစ် Mpox(မျောက်ကျောက်) ရောဂါဆိုင်ရာ အချက်အလက်များအား ရယူနိုင်ရေးအတွက် ဝင်/ထွက် ဂိတ်များတွင် ကျန်းမာရေး ကြေညာချက် ( Health Declaration Form)အား ၂၂-၈-၂၀၂၄ ရက်နေ့မှစ၍ စတင်အသုံးပြု သွားမည်ပါကြောင်း ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အား အသိပေးကြေညာ အပ်ပါသည်။

20240826 01

Embassy Websites

Government Ministries