The Consulate General of the Republic of the Union of Myanmar in Los Angeles would like to state that in the case of applying e-Visa to Myanmar, www.ivisa.com has been collecting much higher visa fees than the actual rates determined by the Ministry of Labour, Immigration and Population in Myanmar and therefore, it is declared that any e-Visa applications applied through www.ivisa.com will not be recognized by the concerned Ministry.
In this regard, the Consulate General of the Republic of the Union of Myanmar in Los Angeles recommends the applicants who wish to apply e-Visa shall refer to and submit applications directly through the following official website; www.evisa.moip.gov.mm, as declared by the Ministry of Labour, Immigration and Population of the Republic of the Union of Myanmar in order to ensure proper applications.
Consulate General of the Republic of the Union of Myanmar
Los Angeles
Date: 21st June, 2019
E-Visa လျှောက်ထားသူများအား အသိပေးကြေညာခြင်း
မြန်မာနိုင်ငံသို့သွားရောက်ရန် e-Visa လျှောက်ထားခြင်းနှင့်ပတ်သက်၍ www.ivisa.com သည် e-Visa လျှောက်လွှာကြေးများကို မြန်မာနိုင်ငံ၏ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဗီဇာနှုန်းထားများထက် ပို၍များပြားစွာ ကောက်ခံလျက်ရှိသော ကြောင့် ယင်းဝက်ဘ်ဆိုဒ်မှတစ်ဆင့် မြန်မာနိုင်ငံအတွက် e-visa လျှောက်ထားလာမှုများကို အသိအမှတ် ပြုမည်မဟုတ်ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လိုသူများအား e-Visa လျှောက်ထားရာ၌ မြန်မာနိုင်ငံ၏ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုဒ်ဖြစ်သော www.evisa.moip. gov.mm ၌ သာ တိုက်ရိုက်လျှောက်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်