အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာအသိုင်းအဝိုင်းနှင့် မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အကြားတည်ရှိသောချစ်ကြည်ရင်းနှီးမှုကိုပိုမိုမြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို မျှဝေအသိပေးရန်နှင့် ပူးပေါင်းပါဝင်ရေးတို့ကို ရည်ရွယ်၍လည်းကောင်း မြန်မာ အသိုင်းအဝိုင်းက ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲကိုအားပေးသည်ကို ပြသသည့်အနေဖြင့် သံအမတ်ကြီး ဦးအောင်လင်းသည် ၂၅-၅-၂၀၁၉ ရက်နေ့မှ ၂၆-၅-၂၀၁၉ ရက်နေ့အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၌ ကျင်းပပြုလုပ်သည့် မြန်မာအသိုင်းအဝိုင်းဖြင့်တွေ့ဆုံပွဲ နှင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာမိသားစုများ၏ နှစ်စဉ်ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် စုပေါင်းမဟာသင်္ကြန်ပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
