(Baku, 27th October 2019)

Union Minister for International Cooperation U Kyaw Tin participated at the 18th Summit of the Non-Aligned Movement held in Baku, Azerbaijan from 25 to 26 October 2019 and delivered a statement in the debate of the Summit on 26 October 2019 calling for the need for all member states to safeguard and abide by the founding principles, ideals and purposes of the Movement to achieve peace and development, justice and equality for all countries. He also apprised the Meeting of the developments in democratic transition in his country and Myanmar's position on the issue of Rakhine State.

At the Summit, Azerbaijan took over the Chairmanship of the Non-Aligned Movement from the Bolivian Republic of Venezuela and assumed the Chairmanship of the Movement for the term 2019-2022. The Summit was attended by the Heads of State and Government and high-level officials from 72 Member States of the Movement, representatives from 20 observer states and organizations, and 20 countries and 31 international organizations as special guests.

In his statement made by the Union Minister at the second session of the NAM Summit held on 26-10-2019 under the theme “Upholding the Bandung Principles to ensure concerted and adequate response to the challenges of contemporary world”, the Union Minister stated that the Non-Aligned Movement, representing two-third of the UN members and more than half of the humanity, has the great potential to play a more effective and important role in responding to the numerous challenges facing the world today. One of its major achievements was its political and moral drive to the decolonisation process that led to the emergence of many independent countries present at the meeting. The founding fathers had envisaged a peaceful and prosperous world and a just and equitable order where states can determine independently their own destinies. Myanmar, the then Burma, was among the five countries that co-sponsored the Bandung Conference. Successive governments in Myanmar had consistently pursued the non-alignment as a key component of their Foreign Policy. Thanks to its positive neutrality and non-aligned foreign policy, Myanmar had been able to enjoy close and friendly relations with all countries including major powers in the post independence period. Being a founding member of the Movement, Myanmar reaffirms today its unwavering faith in the fundamental principles of the Movement, particularly respect for the sovereignty and territorial integrity of all nations; refraining from interference in the internal affairs of another country; settlement of disputes by peaceful means; and refraining from acts of aggression or threats or the use of force against any country. The world has undergone profound changes since NAM was founded. He added that the members of the movement are still struggling with complex challenges in this uncertain world which include injustice of the world order, impacts of climate change, poverty, rise of protectionism, violent extremism, terrorism, unilateral economic sanctions and monopolisation of the world media by the rich and powerful. It is crucial more than ever that all member states stand united together to safeguard and abide by the founding principles, ideals and purposes of our Movement to achieve peace and development, justice and equality for all countries the world over.

With regard to the developments in Myanmar, the Union Minister explained that Myanmar has started to enjoy greater freedom and democratic rights since the emergence of a democratically elected civilian government just over three and a half years ago. Since taking office, the civilian Government has set national priorities, which include national reconciliation and peace, democratisation and development as well as seeking a long lasting solution for the complex issue of communal tensions in Rakhine State. Within just 3-year transition, significant improvements have been made in many areas including health, education, socio-economic sectors, infrastructure development and most visibly, prevalence of greater freedom and democratic rights in the country. According to the World Bank forecast, Myanmar's economy will grow 6.6 percent next year becoming one of the fastest growing economies in the Southeast Asia. Tourist arrival has risen 25 percent thanks to visa liberalisation measures. As Myanmar opens its economy, Myanmar is among the World Bank's top 20 countries for most improved ease of doing business attributing to its initiatives that enhanced its business environment. But, the nascent democratic transition of Myanmar is still yet incomplete, struggling with numerous challenges including amending the undemocratic Constitution, continued ethnic armed conflicts and old and new complex issues in Rakhine State. Regardless of the challenges, the Government has also been steadfast in pursuing the world's most complicated peace process involving numerous Ethnic Armed Organisations to foster a lasting peace in the country through the holding of 21st Century Panglong Peace Conference.

With regard to the issue of Rakhine State, Union Minister stressed that itis just one of those many challenges in our nascent transition. This problem should thus be viewed from a broader perspective of Myanmar's complex and incomplete democratic transition. Rakhine problem is not a religious issue as widely mischaracterized. It is, in fact, a political and economic issue involving lack of development and irregular migration across the porous border since colonial time. We should not therefore overlook the involvement of elements of terrorism in creating this humanitarian problem and the sufferings of both communities including the local ethnic minorities. Myanmar has stated over and over again its readiness to take back all those who have been verified as residents of Myanmar. The main obstacle for repatriation is the killings and threats by ARSA on the displaced persons advocating for or willing to return. Myanmar needs its neighbour Bangladesh's cooperation to address this issue. ARSA terror groups do not want repatriation but international pressure on Myanmar to advance their political agenda. Despite those threats, some 350 displaced people from Cox's Bazar have voluntarily returned on their own arrangement. They have resumed their lives in Rakhine State in conditions of safety and dignity without any security concern. On its part, Myanmar is creating a conducive environment for the returnees in cooperation not only with the relevant UN agencies, but also with its ASEAN friends, as well as, its traditional development partners in the region and beyond. Myanmar stands ready to resolve the issue with the cooperation of Bangladesh based on the agreed bilateral arrangements with a good neighbourly spirit. Myanmar wishes to express its appreciation to those NAM member states and other partners who have lent their constructive support to Myanmar in its efforts to bring peace, democracy and development to Myanmar.

The Summit adopted the Final Document, Baku Declaration and Declaration on Palestine. The Summit was preceded by Preparatory Senior Officials Meeting on 21 and 22 October and Preparatory Ministerial Meeting on 23 and 24 October 2019 in Baku, Azerbaijan.The Union Minister also made a statement at the first session of the Preparatory Ministerial Meeting held on 23-10-2019.

While in Baku, the Union Minister held bilateral meeting with H.E. Dr. Subrahmanyam Jaishankar, External Affairs Minister of India and matters pertaining to improving bilateral cooperation were discussed.

-------------

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးဆိုင်ရာ ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေးအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်မိန့်ခွန်းပြောကြား

(၂၅-၁၀-၂၀၁၉ ရက်၊ ဘာကူးမြို့)

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအကြို ဝန်ကြီးအဆင့် ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ၂၃-၁၀-၂၀၁၉ ရက်နေ့၌ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ယနေ့ ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့၏ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန်နှင့် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း၏ ပြဿနာများကို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဖြေရှင်းကြရန်လိုအပ်ကြောင်း အလေးပေး တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိန့်ခွန်းပြောကြားရာ၌ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီးကို စစ်အေးကာလအရှိန်မြင့်တက်နေချိန်တွင် ဘန်ဒေါင်းမူဝါဒများကို အခြေခံ၍ စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ်က ဘန်ဒေါင်းညီလာခံကို ဦးဆောင်ကျင်းပခဲ့သည့် နိုင်ငံ(၅)နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ကြောင်း၊ ဘက်မလိုက်အဖွဲ့ကြီးကို စတင်တည်ထောင်သူများအနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသည့် ကမ္ဘာကြီး ပေါ်ပေါက်လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှခြင်းတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို လွတ်လပ်စွာဖြင့် စဉ်းစားဆုံးဖြတ်နိုင်စေရေးတို့ကို မျှော်မှန်းခဲ့ကြောင်း၊ စစ်အေးကာလ ပြီးဆုံးပြီးနောက် ကမ္ဘာကြီးတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ သို့သော်လည်း ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူကြီးများမှာ ယနေ့တိုင် ဆီလျော်မှန်ကန်နေဆဲဖြစ်ကြောင်း၊ စစ်အေးကာလ ပြီးဆုံးချိန်နောက်ပိုင်း အနည်းငယ် မှေးမှိန်သွားခဲ့သည့် ဘန်ဒေါင်းစိတ်ဓာတ်ကို ဘက်မလိုက် အဖွဲ့ဝင်အားလုံး၏ အကျိုးစီးပွားအတွက် ပြန်လည်၍ အင်အားဖြည့်တင်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ကြီး၏ အခြေခံမူကြီးများ၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလိုက်နာရေး၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် လေးစားမှုရှိရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေး စသည့် အခြေခံမူဝါဒများကို အစဉ်အမြဲ လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေးအရ အင်အားပြိုင်ဆိုင်မှုကြောင့် မကြာသေးမီက စစ်အေးပုံစံ အသွင်သစ်တစ်မျိုး ပြန်လည်၍ အသက်ဝင်လာခြင်း နှင့် လက်ရှိကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲများသည် စိန်ခေါ်မှုများကို စုပေါင်းစွမ်းအားဖြင့် တုံ့ပြန်ဖြေရှင်းနိုင်စေရန်အတွက် ဘက်မလိုက်အဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကို အရှိန်အဟုန် မြှင့်တင်ရန် ပိုမိုလိုအပ်လာမှုကို ထပ်လောင်း၍ မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ကံကြမ္မာကို မိမိတို့ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နှင့် ၎င်းတို့၏ ပြည်တွင်းရေး ပြဿနာများကို နိုင်ငံ၏ ပကတိအခြေအနေ၊ အနေအထားဖြင့် ဖြေရှင်းခွင့်ရရှိရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ ဆက်စပ်လွှမ်းခြုံမှုကြောင့် နိုင်ငံအလိုက် နယ်နိမိတ်များအား ဝေဝါးမှေးမှိန်စေခဲ့ပြီး၊ နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို တဖြည်းဖြည်းထိပါးလာမှုများကို တွေ့မြင်လာရကြောင်း၊ ယင်းကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ အပေါ် ထိပါးလာခြင်းကို လူ့အခွင့်အရေးကို ကာကွယ်ရေးခေါင်းစဉ်အောက်တွင် အများဆုံးတွေ့မြင် နိုင်ကြောင်း၊ လက်ရှိ ကမ္ဘာ့ဖြစ်စဉ် (world order) တွင် မညီမျှမှုများ၊ တရားမမျှတမှုများ၊ စံနှုန်းနှစ်ထပ် သတ်မှတ်ခြင်းနှင့် ကမ္ဘာ့စီးပွားရေးဖြစ်စဉ်တွင် မညီမျှမှုများဖြင့် ပြည့်နှက်နေပြီး ယင်းတို့ကဖွံ့ဖြိုးမှု ကွာဟချက်ကို ပိုမိုကြီးမားလာစေကြောင်း၊ ချမ်းသာပြီး အင်အားကြီးမားသည့်နိုင်ငံများက ကမ္ဘာ့သတင်း မီဒီယာကို ထိန်းချုပ်ခြယ်လှယ်၍ မမျှတသည့်သတင်းများ ထုတ်လွှင့်နေခြင်းနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများ၏ သဘောထားအမြင်များကို ဖိနှိပ်ထားခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုများအပေါ် ဆိုးရွားစွာ လွှမ်းမိုးလျက်ရှိကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအကျိုးအမြတ် ရရှိရေးကို ရည်ရွယ်၍ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အား အလွဲသုံးစားပြုလုပ်ခြင်းကို ခွင့်မပြုသင့်ကြောင်း၊ လက်ရှိ ရင်ဆိုင်နေရသည့် ကမ္ဘာ့စိန်ခေါ်မှုများကို တုန့်ပြန်ဖြေရှင်းနိုင်ရန်အတွက် မတူညီသည့် အဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ပြဿနာရပ်များ ကိုလည်း ချစ်ခင်၊ ရင်းနှီးစွာဖြင့် နှစ်နိုင်ငံအကြား ဖြေရှင်းရန် အထူးအရေးကြီးကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ထိလွယ်ရှလွယ် ကိစ္စရပ်များကို အဖွဲ့ကြီး၏ ဆွေးနွေးမှုအတွင်း၌ ထည့်သွင်းလာခြင်းကို ရှောင်ရှား ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား စိန်ခေါ်မှုများနှင့် နက်နဲသိမ်မွေ့သည့် ကိစ္စရပ်များကို နားလည်နိုင်ရန် ကြိုးပမ်းခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်နိုင်စေမည့် အဓိကအချက်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်တုံ့ပြန်ပြောကြားခဲ့ရာ၌ ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေးဖိနှိပ်မှု ပြဿနာတစ်ရပ် မဟုတ်ကြောင်းကို အတိအလင်း ပြောကြားလိုကြောင်း၊ ထို့ပြင် သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံဖော်နေကြသကဲ့သို့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ် နေခြင်းလည်း မဟုတ်ကြောင်း၊ ယင်းကိစ္စအား မျိုးနွယ်စုအားသုတ်သင် ရှင်းလင်းခြင်း (သို့မဟုတ်) လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ သုံးနှုန်းနေသည်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြောင်း၊ အမှန်စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့သည့် နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ထိုအချိန်က ဆန်စပါးတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရန်အတွက် ဘင်္ဂလားဒေသအထူးသဖြင့် စစ်တကောင်း ဘက်မှ ရွှေ့ပြောင်းလုပ်သားများကို ဗြိတိသျှအာဏာပိုင်များက ရခိုင်ပြည်နယ် အနောက်ပိုင်းရှိမြို့နယ်များသို့ အလုံးအရင်းနှင့် ပို့ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံးအရင်းနှင့်ဝင်ရောက်မှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက် ခဲ့ကြောင်း၊ နေရပ်ရွှေ့ပြောင်း နေထိုင်ခြင်းပြဿနာတွင်ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့ခြင်း တို့လည်း ထပ်လောင်းရောယှက်ပါဝင်နေကြောင်း၊ ဒေသခံတိုင်းရင်းသားအသိုက်အဝန်းများနှင့် ရွှေ့ပြောင်း နေထိုင်သည့် အသိုက်အဝန်းတို့အကြား တင်းမာမှု၊ အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်း တို့သည်နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာသည် မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားမပြုကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အခြားနေရာများတွင် ကိုးကွယ်မှုအယူဝါဒ ကွဲပြားသူများသည် ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာဖြင့် အတူယှဉ်တွဲ နေထိုင် လျက်ရှိပြီး၊ မတူညီသည့် ကိုးကွယ်ယုံကြည်သူများ၏ ဘာသာရေးအဆောက်အဦးများသည်လည်း မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် တစ်ခုနှင့်တစ်ခု နီးနီးကပ်ကပ် တည်ရှိနေကြကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ခံခဲ့ရသည့် အသိုက်အဝန်းအားလုံး၏ ဒုက္ခကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မှုရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတို့တွင် ရဲကင်းစခန်း အများအပြားကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်း ချိန်ကိုက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ကို မျက်ကွယ်မပြုသင့်ကြောင်း၊ နှစ်ဖက်စလုံး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသိုက်အဝန်း အားလုံး ထိခိုက်ခံစားခဲ့ရကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သူအားလုံးအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုရရှိစေမည့် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုရရှိအောင် ဆောင်ရွက်ရေးကို အစိုးရအနေဖြင့် အပြည့်အဝ ကတိကဝတ်ထားရှိပါကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အရေး အကြီးဆုံး ဆောင်ရွက်ရမည့်ကိစ္စရပ်မှာ နေရပ်စွန့်ခွာသူများ နေရပ်ပြန်လာရေးကို အနှောင့်အယှက်ပေး နေသည့် အတားအဆီးများကို နှစ်နိုင်ငံအကြား သဘောတူညီထားပြီးဖြစ်သည့် ယန္တရားများနှင့်အညီ အတူတကွ ဖြေရှင်းရေးပင်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအားလုံးကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်းကို မြန်မာဘက်မှ ထပ်တလဲလဲ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ကြောင်း၊ ယခုကိစ္စရပ်သည် လူဝင်မှုကိစ္စနှင့် သက်ဆိုင်သည့်ကိစ္စရပ် ဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်ကို အတိအကျလိုက်နာပါက ၁၉၉၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် နည်းတူ နေရပ် ပြန်လာရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဓိကအတားအဆီး တစ်ခုမှာ ကော့ခ်ဘဇားစခန်းများရှိ နေရပ်ပြန်လာရေးလုပ်ငန်းစဉ်ကို မလိုလားသည့် ARSA အကြမ်းဖက် အဖွဲ့နှင့် သဘောထားတင်းမာသည့် အုပ်စုများက ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက် ရရှိစေရန်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးရန် ကြိုးပမ်းနေမှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇားရှိ စခန်းများတွင် ယင်းအကြမ်းဖက်အုပ်စုများ တည်ရှိနေခြင်းကို မျက်ကွယ်ပြု မထားသင့်ကြောင်း၊ ၎င်းတို့သည် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝ စေရန်အတွက် အသုံးချလျက်ရှိပြီး၊ ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများရှိနေသော်လည်း နေရပ်စွန့်ခွာသူ (၃၅၀) ကျော်သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ယမန်နေ့က နေရပ်စွန့်ခွာသူ နောက်ထပ် (၂၉)ဦး ရခိုင်ပြည်နယ်သို့ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် အခြေချနေထိုင်လျက်ရှိကြကြောင်း၊ နေရပ်သို့ ပြန်လာလိုကြောင်း အတိအလင်း ဆန္ဒထုတ်ဖော် ပြောကြားထားပြီးဖြစ်သည့် ဟိန္ဒူလူမျိုး (၄၄၄) ဦးကို ပြန်လည်ပို့ဆောင်ပေးရန် အကြိမ်ကြိမ်ပြောကြားနေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပို့ပေးခြင်း မရှိသေးကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အာဆီယံ၊ ဒေသတွင်းနှင့်ပြင်ပမှ မိတ်ဖက်များနှင့် ပူးပေါင်း၍ နေရပ်ပြန်လာမည့်သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် နက်နဲရှုပ်ထွေးပြီး အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှု တည်ဆောက်နိုင်ရန်နှင့် အသိပညာပေးရန်အတွက် အချိန်နှင့် အခြေအနေ ပေးရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်ကို အခြေခံ၍ ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်း၍ လက်ရှိပြဿနာကို ဖြေရှင်းသွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက်၊ ထိပ်သီးအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့၌ ဆက်လက်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Embassy Websites

Government Ministries