(28 February 2020, Geneva)
The Interactive Dialogue on “High Commissioner report on the situation of human rights of Rohingya and other minorities in Myanmar” was held on 27 February 2020 during the on-going 43rd Session of the Human Rights Council in Geneva, Switzerland.
During the session, Permanent Representative of Myanmar U Kyaw Moe Tun delivered a statement in response to the report of the High Commissioner on Myanmar, submitted to the Council in pursuant to the Council's resolution 39/2.
In his statement, the Permanent Representative stressed that changing one system to another requires time and space, and “the present democratically elected government of Myanmar which came into office in 2016 has been transforming the country from the authoritarian to a democratic federal union in the midst of multiple challenges resulted from decades of armed conflict, years of underdevelopment and social and political stagnation”.
Emphasizing the interlinkage between national reconciliation and peace, democracy and human rights, and sustainable and inclusive development in building democratic federal union of Myanmar, he underscored that achievement of the national reconciliation and peace is Myanmar's highest priority. He also apprised the Council of the momentum gained in the peace process between the Government and the ethnic armed groups during the last three years. He further informed that next session of the Union Peace Conference is scheduled to be held in the first four months of this year.
Speaking about the complexity of the issue of Rakhine State, while sharing the concern of the international community over the conflict in Rakhine State, he urged the Council to look the root causes objectively and comprehensively as well as consider all political and economic issues involving cross-border migration since colonial time, poverty, lack of rule of law and security without overlooking the human emotions steamed from historical tension, mistrust and fear between the communities.
He highlighted the number of concrete steps taken by the present Government since it came into office in finding a sustainable solution. He also pointed out that deliberate terrorist attacks of ARSA group in 2016 and 2017 not only derailed the Government's efforts for finding sustainable solution to the issue of Rakhine State, also caused mass displacement and current humanitarian situation. Moreover, he said, “the armed conflict between Tatmadaw and AA added further challenges and complexity to the issue”.
Despite the challenges, he reaffirmed that “we never fail to lose our sight for finding sustainable solution and our top priority now is expeditious commencement of repatriation in accordance with the agreements signed between Myanmar and Bangladesh”. In this regard, he encouraged Bangladesh to strictly adhere to the signed agreements and to extend genuine and sincere cooperation.
On the accountability matter, he reiterated that Myanmar is willing and able to address the issue of accountability. He apprised the Council of the final report of the Independent Commission of Enquiry (ICOE), submitted to the President of Myanmar in January 2020. He highlighted that the findings of the Commission's Evidence Collection and Verification Team reveal no indication of pattern of conduct from which one could be reasonably concluded that the acts were committed with “genocidal intent”. He also informed the Council that in concurrence with the recommendations by the ICOE's report, Myanmar President has transmitted the full report with annexes to the Union Attorney General and the Commander-in-Chief for further investigation and prosecution”.
Recalling the adoption of the Vienna Declaration and Programme of Action, he stressed that any attempt to take the matter to any international judicial or legal body shall be rejected as national remedies have not been exhausted.
He further informed of the utmost efforts by the Government to bring all communities together in building a democratic federal union through understanding and called for the international community to join hands with Myanmar in constructive way, stating “the reports and statements of the OHCHR and the approaches of the Council should contribute to our efforts for reconciliation, living in harmony and unity, and they should not be in a way of creating hatred among communities and disunity of the country”.
He expressed that targeting unfairly and disproportionately under special scrutiny by multiple mechanisms of the UN will not contribute positively to our efforts for building a democratic federal union. However, he concluded by saying “whatever challenges we have, we are resolute to overcome them for achieving our goal of democratic federal union”.
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံတင်ပြချက်အပေါ် မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြား
(၂၈-၂-၂၀၂၀ ရက်၊ ဂျီနီဗာမြို့)
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့ သည်။
လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ အရ မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ အစီရင်ခံစာကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်သွင်းချက်အပေါ် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မိန့်ခွန်းတစ်ရပ်ကို တုံ့ပြန်ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာတွင် “၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားသည့် လက်ရှိမြန်မာအစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခဒဏ်၊ နှစ်နှင့်ချီ၍ စီးပွားရေးမဖွံ့ဖြိုးမှုနှင့် ရပ်တန့်နေသော လူမှုရေးနှင့် နိုင်ငံရေးအခြေအနေ တို့ကြောင့် စိန်ခေါ်မှုများစွာရှိသည့်ကြားမှ နိုင်ငံတော်အား အာဏာရှင်စနစ်မှ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ပြောင်းလဲမှုများပြုလုပ်လျက်ရှိသည်” ကို ထောက်ပြပြောဆိုကာ၊ စနစ်တစ်ခုမှတစ်ခုသို့ ကူးပြောင်းရာတွင် အချိန်ကာလ လိုအပ်ကြောင်းကို အလေးအနက်ထားပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်ရေးနှင့် အလုံးစုံဖွံ့ဖြိုး တိုးတက်ရေးတို့သည် ဆက်နွယ်လျက်ရှိသဖြင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးသည် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးဦးစားပေးကိစ္စဖြစ်ကြောင်းကို မီးမောင်းထိုးပြခဲ့ သည်။ ထို့အပြင် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အရှိန်အဟုန်ရရှိနေမှုများကို အသိပေးပြောကြားခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၏ လာမည့်အစည်းအဝေးကို ယခုနှစ် ပထမလေးလတာကာလအတွင်း ကျင်းပ သွားရန် လျာထားကြောင်း ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်အရေး၏ ရှုပ်ထွေးနက်နဲပြီး သိမ်မွေ့မှုများကို ပြောကြားရာတွင် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို နားလည် ကြောင်းနှင့် ပြဿနာ၏ အရင်းအမြစ်များကို ဓမ္မဓိဌာန်ကျကျ အလုံးစုံခြုံငုံကြည့်ရှုရန်နှင့် အသိုက်အဝန်းများ အကြား သမိုင်းကြောင်းအရ တင်းမာမှု၊ မယုံကြည်မှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် လူသားတို့၏ စိတ်ခံစားချက်များကိုလည်း မျက်ကွယ်မပြုဘဲ ကိုလိုနီခေတ်ကတည်းက နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးအားနည်းမှုတို့ အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအားလုံးကိုပါ ထည့်သွင်းစဉ်းစားရန် တိုက်တွန်း ပြောကြားခဲ့သည်။
လက်ရှိအစိုးရ စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက ရေရှည်တည်တံ့သည့် အဖြေရရှိရေးအတွက် လက်တွေ့ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အာဆာ၏ ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့မှုသည် ရခိုင်ပြည်နယ်အရေး ရေရှည်တည်တံ့သည့်အဖြေရရှိရေး ဆောင်ရွက်မှုတွင် အစိုးရ၏ ကြိုးပမ်းမှုများကို အားလျော့စေသည်သာမက လူအစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာမှုနှင့် လက်ရှိလူသားချင်းစာနာမှုအခြေအနေများကို ဖြစ်ပေါ်စေခဲ့ကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် တပ်မတော်နှင့် အေအေအကြား လက်နက်ကိုင်ပဋိပက္ခသည် ပြဿနာအား ပိုမိုရှုပ်ထွေးစေပြီး စိန်ခေါ်မှုများတိုးပွားလာစေကြောင်း ပြောကြားခဲ့သည်။
စိန်ခေါ်မှုများရှိသော်ငြားလည်း အမြဲတမ်းကိုယ်စားလှယ်က “မိမိတို့သည် ရေရှည်ဖြေရှင်းမှု နည်းလမ်းရှာဖွေမှုကို မည်သည့်အခါကမျှ လျစ်လျူမရှုခဲ့ကြောင်းနှင့် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို မြန်ဆန်စွာ စတင်နိုင်ရန်ဖြစ်ကြောင်း” ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များကို တိကျစွာလိုက်နာရန်နှင့် စစ်မှန်သောစိတ်ရင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြသရန် တိုက်တွန်းခဲ့သည်။
တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် နိုင်ငံတော် သမ္မတထံသို့ တင်ပြခဲ့သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာအကြောင်းကို အသိပေးပြောကြားခဲ့သည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကော်မရှင်၏ အချက်အလက် စုဆောင်းရေးနှင့် စိစစ်ရေးအဖွဲ့ (ECVT) ၏ ရှာဖွေတွေ့ရှိမှုများသည် “လူမျိုးသုဉ်း သတ်ဖြတ်မှု ရည်ရွယ်ချက်” ဖြင့် ကျူးလွန်သည့်လုပ်ရပ်များဟု ချင့်ချိန်ကောက်ချက်ချနိုင်သော အရိပ်လက္ခဏာမရှိကြောင်း မီးမောင်းထိုးပြခဲ့သည်။ ICOE ၏ အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ နိုင်ငံတော်သမ္မတသည် နောက်ထပ် စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံသို့ နောက်ဆက်တွဲများနှင့်အတူ အစီရင်ခံစာအပြည့်အစုံအား ပေးပို့ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ဗီယင်နာကြေညာချက်နှင့် လုပ်ဆောင်ချက်အစီအစဉ်တို့ကို အတည်ပြုခဲ့မှုအား ပြန်ပြောင်းအမှတ်ရလျက် အမြဲတမ်းကိုယ်စားလှယ်က ပြည်တွင်း၌ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ရှိနေသေးသည့်အလျောက် မည်သည့်နိုင်ငံတကာတရားရေး (သို့မဟုတ်) ဥပဒေအဖွဲ့တို့၏ ကြိုးပမ်းမှုမဆို လက်မခံကြောင်း အလေးအနက်ပြောကြားခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နားလည်မှုရှိစွာဖြင့် အသိုက်အဝန်းအားလုံး ပါဝင်လာရေးအတွက် အစိုးရ၏ အစွမ်းကုန် ကြိုးပမ်းနေမှုများကို အသိပေးခဲ့ပြီး၊ “OHCHR ၏ အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များ၊ ကောင်စီ၏ ချဉ်းကပ်မှုနည်းလမ်းများသည် မိမိတို့၏ စည်းစည်းလုံးလုံးဖြင့် သဟဇာတရှိစွာ နေထိုင်နိုင်ရန် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေမှုများအပေါ် အထောက်အကူဖြစ်စေသင့်ကြောင်းနှင့် နိုင်ငံတော်စည်းလုံး ညီညွတ်မှုပျက်ပြားပြီး အသိုက်အဝန်းများအကြား အမုန်းတရားဖြစ်စေသည့် နည်းလမ်းမျိုးမဖြစ်သင့် ကြောင်း” ပြောကြားရင်း၊ နိုင်ငံတကာ အသိုက်အဝန်းအား အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံနှင့် လက်တွဲပါဝင်ကြရန် တိုက်တွန်းခဲ့သည်။
အမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂ၏ များစွာသော ယန္တရားများဖြင့် အထူးစစ်ဆေးမှုအောက်တွင် မျှတမှုမရှိ ပစ်မှတ်ထားခြင်းသည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မိမိတို့၏ ကြိုးပမ်းမှုများအပေါ် အပြုသဘောအထောက်အကူမဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ နိဂုံးချုပ်ပြောကြားရာတွင် “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဟူသည့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင် သို့ ရောက်ရှိရေးအတွက် မည်သည့်စိန်ခေါ်မှုမျိုးမဆို ရင်ဆိုင်ကျော်လွှားသွားရန် အခိုင်အမာ ဆုံးဖြတ်ထား ကြောင်း” ပြောကြားခဲ့ကြောင်း သိရှိရပါသည်။