In Rakhine, the destructive activities by the AA are continuing with greater intensity. These have led to clashes between the Security Forces and AA insurgents, resulting in sizeable numbers of Internally Displaced Persons (IDPs) from various communities.

The Government is providing humanitarian assistance to the IDPs, and giving continued access to humanitarian partners, so far as security conditions allow.
Because of the intensity of armed clashes since early January 2019, delivering humanitarian assistance and arranging access for humanitarian partners present considerable challenges.

Consultations were held recently among concerned ministries and the Government has decided to step up efforts to provide humanitarian assistance and to grant enhanced access to international humanitarian partners, including the ICRC, who are working in support of the Government's humanitarian efforts in Rakhine State. Consultations will be made with the United Nations and the ICRC on detailed arrangement for effective humanitarian assistance in Rakhine.

The Government will continue to take all necessary measures to ensure the protection of civilians and the prevention of civilian causalities.

Ministry of Foreign Affairs

Nay Pyi Taw

20 March, 2020

* * * * *

ရခိုင်ပြည်နယ်အတွင်းရှိ ထိခိုက်ခံဒေသများသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများတိုးမြှင့် ပေးအပ်သွားရေးအတွက် အစိုးရမှအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်

ရခိုင်ပြည်နယ်အတွင်း AA ၏ အဖျက်အမှောင့် လုပ်ရပ်များသည် ပိုမိုပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက်ရှိသည့်အတွက် မြန်မာ့တပ်မတော်နှင့် AA သောင်းကျန်းသူများအကြား တိုက်ပွဲများ ဖြစ်ပွားပြီး လူမှုအသိုက်အဝန်းပေါင်းစုံမှ ပြည်တွင်း နေရပ်စွန့်ခွာသူ အများအပြား ပေါ်ပေါက်စေခဲ့သည်။

အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိပြီး၊ လုံခြုံရေးအခြေအနေပေးမှုအပေါ်မူတည်၍ အခြားလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ်ခွင့်ကို ဆက်လက်ပေးအပ်ထား ပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှစတင်၍ လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် လူသားချင်းစာနာမှုအကူအညီများ ဖြန့်ဝေရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များမှ အကူအညီများ သွားရောက်ပေးအပ်နိုင်ရန် စီစဉ်ပေးရာ၌ စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။

မကြာသေးမီက သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်နှင့် ရခိုင်ပြည်နယ်အတွင်း အစိုးရ၏လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများတွင် အကူအညီများပေးအပ်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအား လုပ်ငန်း ဆောင်ရွက်ခွင့်များ တိုးမြှင့်ပေးအပ်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် အသေးစိတ်အစီအစဉ်များကို ကုလသမဂ္ဂနှင့် ICRC အဖွဲ့များနှင့် မကြာမီအတွင်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။

အစိုးရအနေဖြင့် အရပ်သားများကို အကာအကွယ်ပေးရေးနှင့် အရပ်သားများ ထိခိုက် သေေကျမှုများမှ ကာကွယ်တားဆီးရေးအတွက် လိုအပ်သည့် အစီအမံများအားလုံးကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်

* * * * *

Embassy Websites

Government Ministries