Union Minister for International Cooperation U Kyaw Tin participated in the video conference of the 25th Meeting of the ASEAN Coordinating Council today at 8:30 a.m. from the Ministry of Foreign Affairs, Nay Pyi Taw. The Meeting was attended by ASEAN Foreign Ministers and the Secretary-General of ASEAN.

At the Meeting, the ASEAN Foreign Ministers briefed their national efforts in the fight against the spread of the COVID-19 and exchanged views on sharing information, best practices and policy adjustments, strengthening cooperation to contain the spread of the global pandemic, establishing the COVID-19 ASEAN Response Fund, providing appropriate assistance to ASEAN citizens affected by COVID-19 in each other's countries or in a third country and enhancing coordinated and collective actions to address the socio-economic impacts of COVID-19. The Ministers also discussed preparations for the Special ASEAN Summit and Special ASEAN Plus Three Summit on COVID-19 through video conferencing and endorsed the Recommendations from the first Meeting of the ASEAN Coordinating Council Working Group on Public Health Emergencies (ACCWG-PHE).

Union Minister U Kyaw Tin updated the Meeting on national measures taken by Myanmar Government in the prevention, containment and treatment of COVID-19, and Myanmar Government's whole-of-Government approach in addressing health and socio-economic impacts of COVID-19 as well as Government's rigorous efforts in mobilizing peoples' participation and promoting public awareness under the guidance of a National Committee headed by the State Counsellor. He emphasized that no one is left behind in such responsive measures covering different strata of societies including Internally Displaced Persons and returnees from abroad. He also stressed the need to strengthen collaboration and collective actions among ASEAN Member States in enhancing surveillance and control of the borders including the well-being and safe return of the migrant workers in the region, transferring workers across the borders systematically and safely in close cooperation between the countries concerned, fostering closer coordination to counter misinformation and fake news pertaining to COVID-19, promoting public awareness and sharing correct information to the peoples, facilitating smooth flow of the essential commodities and goods particularly urgent medical equipment in time of difficulty and maintaining the momentum of the ASEAN Community building efforts despite the challenges posed by the global pandemic.

Present at the video conference were senior officials from the Ministry of Foreign Affairs, Ministry of Investment and Foreign Economic Relations, Ministry of Religious Affairs and Culture and Ministry of Health and Sports.

Dated. 9th April 2020

Ministry of International Cooperation

* * * * *

ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင် video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၂၅) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီအစည်းအဝေးသို့ ပါဝင်တက်ရောက်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့နံနက် ၀၈၃၀ နာရီတွင် အင်တာနက်ကွန်ရက်အသုံးပြု video conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် (၂၅) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (ASEAN Coordinating Council) အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။ ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အသီးသီးက COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် မိမိတို့နိုင်ငံအလိုက် ဆောင်ရွက်နေသည့် အစီအမံများကို ရှင်းလင်း ပြောကြားပြီးနောက် COVID-19 ကူးစက်ရောဂါဆိုင်ရာ သတင်း အချက်အလက်၊ အတွေ့အကြုံနှင့် မူဝါဒအပြောင်းအလဲများ ပုံမှန်ဖလှယ်ရေး၊ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အာဆီယံရန်ပုံငွေတစ်ရပ် ထူထောင်ရေး၊ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ (သို့မဟုတ်) တတိယနိုင်ငံတစ်ခုရှိ COVID-19 ရောဂါကူးစက်ခြင်း ခံနေရသော အာဆီယံနိုင်ငံသားများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အကူအညီပေးရေး၊ COVID-19 ကူးစက် ရောဂါကြောင့် ဖြစ်ပေါ်လာမည့် လူမှု-စီးပွား ထိခိုက်နစ်နာမှုများကို ပူးပေါင်းဖြေရှင်းရေးစသည့် ကိစ္စရပ်များအပြင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံ အထူးထိပ်သီး အစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့ကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအပေါ် ဆွေနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပြီး အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့၏ ထောက်ခံတင်ပြချက်များကို အတည်ပြုခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က COVID-19 ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့တွင် မြန်မာ အစိုးရက ဆောင်ရွက်နေသည့် အစီအမံများ၊ COVID-19 ရောဂါကြောင့် ဖြစ်ပေါ် လာမည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရ အဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်သူအင်အားကိုစုစည်းရယူ၍ ပြည်သူများအားယင်းကူးစက်ရောဂါအကြောင်း အသိပညာပေးပြီး ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရယူခြင်း နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ယင်းသို့သော တုံ့ပြန်ရေးအစီအမံများကို ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မျှ မကျန်စေဘဲ နေရပ် စွန့်ခွာသူများ၏စခန်းများ၊ ပြည်ပမှ ပြန်ရောက်လာသည့် အလုပ်သမားများအပါအဝင် အသိုင်းအဝန်း အားလုံး အတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက COVID-19 ၏စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရာတွင် အာဆီယံရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး နှင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာရေးကိစ္စအပါအဝင် နယ်စပ်ဖြတ်ကျော်သွားလာမှုကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုရေး၊ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ပြန်လာသည့်အလုပ်သမားများအား သက်ဆိုင်ရာ နှစ်နိုင်ငံ ညှိနှိုင်း၍ စနစ်တကျနှင့်လုံခြုံစွာလွှဲပြောင်းရေး၊ COVID-19 ဆိုင်ရာသတင်းအမှားများနှင့် သတင်းတုများ ပူးပေါင်း တိုက်ဖျက်ရေး၊ ပြည်သူလူထုအကြား COVID-19 ဆိုင်ရာအသိပညာ၊ ဗဟုသုတနှင့် သတင်းအချက်အလက်များ ဖြန့်ဝေရေး၊ ရောဂါဖြစ်ပွားနေသည့် အကျပ်အတည်းကာလတွင် အရေးကြီးသည့် ကုန်ပစ္စည်းများ၊ အထူးသဖြင့် အရေးပေါ်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အချင်းချင်းကူညီပံ့ပိုးရေး၊ COVID-19 ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း နေချိန်တွင် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်ရပ်တန့်မသွားစေပဲ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရေးစသည့် ကဏ္ဍများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန် လိုအပ်ကြောင်း၊ ဆွေးနွေးခဲ့သည်။

အဆိုပါ video conferencing အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ ပါဝင်တက်ရောက် ခဲ့ကြသည်။

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန

Embassy Websites

Government Ministries