(၂၃-၃-၂၀၂၃ ​၊ နေပြည်တော်)

​မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့်လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၃-၃-၂၀၂၃ ရက်နေ့၊ ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ​အစည်းအဝေးကိုလုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ကဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်း အဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သောလူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ ​အစည်းအဝေး၌ မြန်မာနိုင်ငံတွင် အမှန်တကယ်အကူအညီလိုအပ်နေသည့် ပြည်သူများ အတွက် ပိုမိုကျယ်ပြန့်သောလူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် လိုအပ်ချက် ဆန်းစစ်မှုလုပ်ငန်းများအပြီးသတ်ဆောင်ရွက်နိုင်ရေးကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကြားကာလအကူအညီပေးအပ်ရေး လုပ်ငန်းများအကောင် အထည်ဖော်နိုင်ရေးထိရောက်၍ လုံခြုံမှုရှိသောမြေပြင်လုပ်ငန်းများအတွက် ညှိနှိုင်း ဆောင်ရွက် ပေးရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အစည်းအဝေး၌ အာဆီယံတူညီဆန္ဒ၏ စတုတ္ထအချက်ဖြစ်သည့် လူသားချင်းစာနာမှုအကူအညီပေးအပ်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကတိကဝတ်အပေါ် ထပ်လောင်းအတည်ပြုခဲ့ကြပြီး၊အကူအညီလိုအပ်သူများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်ရေး ရှိရင်းစွဲယန္တရားများအကြား ပေါင်းစပ်ညှိနှိုင်းအားကိုလည်း တိုးမြှင့် သွားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20230323 11

20230323 11

20230323 11

20230323 11

Embassy Websites

Government Ministries