၁။ ယခုအခါ မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားဒေသများသို့ အလည်အပတ်ခရီး၊ ဘုရားဖူးခရီး အစရှိသည့် ပြည်ပခရီးသွားရောက်မှုများ ပိုမိုများပြားလျက်ရှိကြပြီး၊ ခရီးသွားအုပ်စုများအတွင်း ခါးပိုက်နှိုက် ခံရခြင်း၊ မြန်မာနိုင်ငံကူးလက်မှတ်ပေျာက်ဆုံးခြင်းများ ကြုံရလေ့ရှိပါသည်။

၂။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံကူးလက်မှတ် ပေျာက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်င်ငံသားများ (ခရီးသွားများ/ သင်တန်းသားများ/ တာဝန်ဖြင့် သွားရောက် သူများ) အနေဖြင့် မြန်မာ သံရုံးများသို့ ဆက်သွယ်ဆောင်ရွက်ရာတွင် မိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် အောက်ပါ အချက်အလက် များကို သိရှိထားရန် လိုအပ်မည်ဖြစ်ပါသည်-

(က) မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူကူးထား၍ သီးသန့်သိမ်းထားရန် လိုအပ်ပါသည်။ ဖြစ်နိုင်ပါက မိမိ၏မြန်မာနိုင်ငံကူးလက်မှတ်ကို အီလက်ထရောနစ် မိတ္တူ(Soft Copy)အနေဖြင့် မိမိ၏ email (သိုမဟုတ်) အခြားလုံခြုံစိတ်ချရသည့် အွန်လိုင်းတွင် ထိန်းသိမ်းထားနိုင်မည့် ဝက်ဘ်ဆိုက်များ (ဥပမာ - Google Drive) တွင် ထိန်းသိမ်းထားပါက ပိုမိုအဆင်ပြေစေမည် ဖြစ်ပါသည်။ ပေျာက်ဆုံးကြောင်း လာရောက်တိုင်ကြားလျှင် မြန်မာနိုင်ငံကူးလက်မှတ်အမှတ်၊ ထုတ်ပေးသည့်နေ့စွဲများလည်း လိုအပ်ပါသည်။

(ခ)  ခါးပိုက်နှိုက်ခံရကြောင်း (သို့မဟုတ်) ပျောက်ဆုံးကြောင်းကို ပျောက်ဆုံးသည့် နေရာရှိ ရဲစခန်းသို့တိုင်ကြားထားသည့် တိုင်ကြားစာလိုအပ်ပါသည်။

(ဂ)  လိုင်စင်ဓာတ်ပုံ (၃)ပုံ လိုအပ်ပါသည်။

၃။ ထို့ပြင် ခရီးသွားအေဂျင်စီများအနေဖြင့် ခရီးသွားမည့်နိုင်ငံအလိုက် မြန်မာသံရုံး လိပ်စာ၊ ဖုန်းနံပါတ်များ ပေးထားသင့်ကြောင်းဖြင့် အကြံပြုအပ်ပါသည်။ သက်ဆိုင်ရာနိုင်ငံအလိုက် မြန်မာသံရုံးလိပ်စာများ၊ ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များကိုနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် www.mofa.gov.mm တွင် ဝင်ရောက် ကြည့်နိုင်ပါသည်။

၄။ မြန်မာသရုံးအခြေစိုက်ရာနိုင်ငံများရှိ မြန်မာသံရုံးများအနေဖြင့် အခက်အခဲကြုံေတွ့ရသူ မိမိနိုင်ငံသား များဖြစ်သည့် မြန်မာခရီးသွားများအတွက် ရုံးပိတ်ရက်များတွင်ပင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံ လက်မှတ် (Certificate of Identity) ပြုလုပ်ပေးခြင်းနှင့် နေထိုင်စားသောက်ရေးတို့ကိုပါ ကူညီထောက်ပံ့မှု များပြုလုပ်ပေးလျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန 
နေပြည်တော်

Embassy Websites

Government Ministries