ဝင်ငွေခွန်ထမ်းဆောင်သူ၏ မှီခိုသူဖြစ်ကြောင်းထောက်ခံစာ လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

ဝင်ငွေခွန်ထမ်းဆောင်နေသူအား မှီခိုနေသည့် ဇနီး၊ သား၊ သမီးနှင့် မိဘများထောက်ခံစာ လျှောက်ထား နိုင်ပါသည်။

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂"x၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
    (မှီခိုသူ ဇနီး၊ အတူနေသား/သမီး နှစ်ဖက်မိဘများ အတူတကွပူးတွဲလျှောက်ထားခဲ့ပါက တစ်ဦးချင်းစီ အတွက် နိုင်ငံကူးလက်မှတ်၊ ဓါတ်ပုံ၊ ကိုယ်ရေးရာဇဝင်များ သီးခြားစီ ဖြည့်စွက်ရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ပေးဆောင်ထားသောပြေစာမိတ္တူ
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသား လက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာ တွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဆောင်ရွက်ပြီးစီးလျှင်ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထား သူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေး ရပါမည်။

Dependent Recommendation Form


အမေရိကန်နိုင်ငံသား မိဘ/ သားသမီးအား မှီခိုအဖြစ်နေထိုင်သူဖြစ်ကြောင်း  ထောက်ခံစာလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂"x ၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
  • အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဆောင်ရွက်ပြီးစီးလျှင်ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထား သူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေး ရပါမည်။

Foreigner's Dependent Recommendation Form


နိုင်ငံခြားသားခင်ပွန်းအား မှီခိုဖြစ်ကြောင်း ထောက်ခံစာလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂"x ၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
  • အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • လက်ထပ်စာချုပ်မိတ္တူ
  • အပြန်လေယာဉ်စရိတ်ပေးသွင်းထားသည့် ပြေစာမိတ္တူ
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Myanmar Consulate General ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးက ဆောင်ရွက်ပြီးစီးလျှင် ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထား သူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုးပေးချေပြီး ဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေးရပါမည်။

Foreigner's Spouse Recommendation Form


သက်ရှိထင်ရှားရှိကြောင်း ထောက်ခံစာလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂"x၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
  • အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထား သူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီး ဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေးရပါမည်။

Living Certificate Form


Special Power / General Power လွှဲပြောင်းခွင့်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂"x ၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
  • အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • လွှဲပြောင်းသူ၊ လက်ခံသူနှင့် သက်သေတစ်ဦးတို့၏ အချက်အလက်များပြည့်စုံစွာဖြင့် ဖြည့်စွက်ကာ လက်မှတ်ရေးထိုးထားသည့် တံဆိပ်ခေါင်းကပ်ထားပြီးသည့် Special Power / General Pwer မူရင်း
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာ တွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဆောင်ရွက်ပြီးစီးလျှင် ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေး ရပါမည်။

Special Power General Power Endorsement Form


ကျောင်းသားဖြစ်ကြောင်းထောက်ခံစာလျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂" x ၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
  • အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • ကျောင်းသားဖြစ်ကြောင်း/ အချိန်ပြည့်ကျောင်းတက်ကြောင်း သက်ဆိုင်ကျောင်း၏ ထောက်ခံစာ
  • သက်တမ်းရှိကျောင်းသားကတ်ပြားမိတ္တူ
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဆောင်ရွက်ပြီးစီးလျှင် ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့် တန်ဖိုးပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Student Recommendation Letter Form


ဘာသာပြန် (Notary Public) ထောက်ခံစာ လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

သက်တမ်းရှိ ယာဉ်မောင်းလိုင်စင်၊ မွေးစာရင်း၊ အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ လက်ထပ်စာချုပ်၊ အိမ်ထောင်စုစာရင်းများကို မြန်မာနိုင်ငံရှိ (Notary Public) ထောက်ခံချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထောက်ခံချက်ရယူ၍ တင်ပြလျှောက်ထားလာပါက မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ထပ်ဆင့်ထောက်ခံစာထုတ်ပေးမည်ဖြစ်ပါသည်။

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂"x ၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
  • အမေရိကန်နိုင်ငံတွင်အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား
  • ဘာသာပြန်ထောက်ခံချက် တောင်းခံသည့် စာရွက်စာတမ်းမူရင်း၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထပ်ဆင့်ထောက်ခံထားသော နိုတြီဘာသာပြန်ဆိုချက်
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာ တွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဆောင်ရွက်ပြီးစီးလျှင် ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေး ရပါမည်။

Translation Endorsement Form


အလည်အပတ်လာရောက်ကြောင်း ထောက်ခံစာလျှောက်ထားခြင်းအတွက် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စောင် (စာရွက်လွတ်များမိတ္တူကူးရန်မလိုပါ)
  • ၂" x ၂" အရွယ်ရောင်စုံဓါတ်ပုံကပ်ထားသည့် ဖြည့်စွက်ပြီးကိုယ်ရေးရာဇဝင်(၁)စုံ
  • အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာသည့် အလည်အပတ်ဗီဇာအထောက်အထား
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာ တွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဆောင်ရွက်ပြီးစီးလျှင် ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေး ရပါမည်။

Visit Recommendation Letter Form


သေဆုံးကြောင်းထောက်ခံစာ (Death Certificate) လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား သေဆုံးကြောင်း သက်ဆိုင်ရာ ဆေးရုံ/ ဌာန/ အဖွဲ့အစည်းများမှ ထုတ်ပေးသည့် Death Certificate များကို မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ဆက်လက်ထောက်ခံပေးပါသည်။
  • သေဆုံးသူနှင့် သက်ဆိုင်သူတစ်ဦး၏ ကိုယ်ရေးလျှောက်လွှာ
  • လျှောက်ထားသူနှင့် သေဆုံးသူတို့၏ တော်စပ်ပုံအထောက်အထားမိတ္တူတစ်စောင်
  • သေဆုံးသူ၏ နိုင်ငံကူးလက်မှတ်ရောင်စုံမိတ္တူ(၁)စုံ (စာရွက်အလွန်များကူးရန်မလိုပါ)
  • သက်ဆိုင်ရာဆေးရုံး/ဌာန/အဖွဲ့အစည်းမှ ထုတ်ပေးသော Death Certificate
  • ထောက်ခံစာကြေး USD 15
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသား လက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာ တွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
  • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့် တန်ဖိုးပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Death Certificate Endorsement Form

Embassy Websites

Government Ministries