မြန်မာနိုင်ငံသားများအား မေတ္တာရပ်ခံချက်

အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယားပြည်နယ်၊ အရီဇိုးနားပြည်နယ်၊ အလက်စကာပြည်နယ်၊ အော်ရီဂွန်ပြည်နယ်၊ နီဗားဒါးပြည်နယ်၊ နယူးမက္ကဆီကိုပြည်နယ်၊ ဝါရှင်တန်ပြည်နယ်၊ ဟာဝိုင်ရီပြည်နယ်၊ American Samoa၊ Gum နှင့် Northern Marians Islands သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား သဘာဝဘေးအန္တရာယ်များကြုံတွေ့ရသည့် အချိန်တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက်လည်းကောင်း၊ မြန်မာနိုင်ငံသားများအကျိုးကို ကာကွယ်စောင့်ရှောက် ပေးရန် အတွက်လည်းကောင်း ထိရောက်လျင်မြန်စွာ ကူညီဆောက်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံသားများစာရင်းကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ပြုစုလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သော အချက်အလက်များကို သတ်မှတ် ပုံစံတွင်ရေးသွင်းပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သတင်းပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံသားများအား ကူညီ စောင့်ရှောက်ရေးလုပ်ငန်းကို သံရုံးနှင့်အတူပါဝင်ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အောက်ပါပုံစံများတွင် ပြည့်စုံစွာဖြည့်စွက်ပြီး စာတိုက် (သို့မဟုတ်) email (သို့မဟုတ်) Fax ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့သို့ အကြောင်းကြားရန် မေတ္တာရပ်ခံအပ်ပါသည်-

Consulate General of the Republic of the Union of Myanmar

3435 Wilshire Blvd., Suite 1590, Los Angeles, CA 90010
Phone: (1) 213 387 0043
Fax: (1) 213 387 0042
Email: This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.

 

Citizens arrival reporting Form


အစိုးရဝန်ထမ်း ပြည်ပ ပညာသင်များ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိကြောင်း သတင်းပေးပို့ခြင်း

အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယားပြည်နယ်၊ အရီဇိုးနားပြည်နယ်၊ အလက်စကာပြည်နယ်၊ အော်ရီဂွန်ပြည်နယ်၊ နီဗားဒါးပြည်နယ်၊ နယူးမက္ကဆီကိုပြည်နယ်၊ ဝါရှင်တန်ပြည်နယ်၊ ဟာဝိုင်ရီပြည်နယ်၊ American Samoa၊ Gum နှင့် Northern Marians Islands တို့တွင် ပညာသင်များအဖြစ် လာရောက် သင်ကြားလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း ပြည်ပပညာသင်များအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင် ရန်နင့် မိခင်ဌာနကလိုအပ်သည့်အခါ အကြောင်းကြား ဆက်သွယ်နိုင်ရေးတို့အတွက် နိုင်ငံ့ဝန်ထမ်း ပြည်ပ ပညာသင်များအနေဖြင့် အောက်ပါပုံစံများတွင် ပြည့်စုံစွာဖြည့်စွက်ပြီး စာတိုက် (သို့မဟုတ်) email (သို့မဟုတ်) Fax ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့သို့ အကြောင်းကြားရန် မေတ္တာရပ်ခံ အပ်ပါသည်-

Consulate General of the Republic of the Union of Myanmar

3435 Wilshire Blvd., Suite 1590, Los Angeles, CA 90010
Phone: (1) 213 387 0043
Fax: (1) 213 387 0042
Email: This email address is being protected from spambots. You need JavaScript enabled to view it., This email address is being protected from spambots. You need JavaScript enabled to view it.

 

Government Scholar Form

Embassy Websites

Government Ministries