အလည်အပတ်လာရောက်သောသူများ လျှောက်ထားနိုင်ပါသည်။

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆ လအတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထားသော ပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံ ပြည်ဝင်ဗီဇာအထောက်အထား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ကတ်ပြား ရောင်စုံမိတ္တူ
  • နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်း ဖြင့် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/ FedEx/ UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်း၍ တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope) များ တစ်ပါတည်း ထည့်သွင်း ပေးရပါမည်။

Download Form

အလုပ် လုပ်ကိုင်သူများ  မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်တိုး လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • အလုပ်လုပ်သူ၏ ဝင်ငွေခွန်အကျေပေးဆောင်ထားသောပြေစာ ( ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ပေးဆောင်ထားသော ပြေစာ)
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထား သောပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား
  • နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်း ဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူ အမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
    • နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြား တစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည် ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်း၍ တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန် စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်း ပေးရပါမည်။

Job Passport Renewal Form

ပညာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်တိုး လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ များ လျှောက်ထား နိုင်ပါသည်။

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထား သောပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား
  • ကျောင်းသား၊ ကျောင်းသူဖြစ်ကြောင်း သက်ဆိုင်ရာ ကျောင်း၊ တက္ကသိုလ်မှ ထောက်ခံစာ
  • သက်တမ်းရှိ ကျောင်းသားကတ်ပြားမိတ္တူနှင့် I-20 ရှိပါက မိတ္တူ
  • နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသား လက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုးပေးချေပြီးဖြစ်သော အပြန် စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Student Passport Renewal Form

သာသနာရေးဆိုင်ရာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ နိုင်ငံကူးလက်မှတ် သက်တမ်တိုး လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူးရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံအဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင်ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထားသော ပုံစံတွင် ထိုးမြဲလက်မှတ်အားရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား
  • သက်ဆိုင်ရာ သီတင်းသုံးသည့် ကျောင်းထိုင်ဆရာတော်၏ထောက်ခံချက် (သို့မဟုတ်) ကျောင်းဂေါပက အဖွဲ့၏ ထောက်ခံချက် (သို့မဟုတ်) သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းမှထောက်ခံချက်
  • နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုးပေးချေပြီးဖြစ်သော အပြန် စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Religious Passport Renewal Form

အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသားအား မှီခိုသူမိသားစုဝင်များ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်တိုး လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

  • အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသားအား မှီခိုသူမိသားစုဝင် (conjugal family) ဟုဆိုရာတွင် ယင်းအလုပ်လုပ်ကိုင်သူ၏ ဇနီး၊ အတူနေ သား(အသက် ၂၁နှစ်နှင့် အောက်)၊ သမီး (အသက် ၂၅ နှစ် နှင့်အောက်) နှင့် အတူနေမိဘများ (အသက် ၆၀ နှင့်အထက်) ကို သတ်မှတ်ပါသည်။
  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • အလုပ်လုပ်သူ၏ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်အကျေပေးဆောင်ထားသောပြေစာ
    (ယင်းကာလအထိ ဝင်ငွေခွန်မပေးဆောင်ရသေးပါက ပေးဆောင်ရမည်ဖြစ်ပြီး အခွန်ငွေကို Money Order (သို့မဟုတ်) Cashier's Check ဖြင့်သီးခြားပေးသွင်းရပါမည်)
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံအဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထား သောပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား
  • အလုပ်လုပ်ကိုင်သူ၏ မိသားစုဝင်ဖြစ်ကြောင်း အထောက်အထား (လက်ထပ်စာချုပ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း)
  • နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
    • နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်း၍ တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုးပေးချေပြီးဖြစ်သော အပြန် စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Myanmar Citizen's Dependent Passport Renewal Form

နိုင်ငံခြားသားခင်ပွန်း၏ မှီခိုသူအဖြစ် မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်တိုး လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • နိုင်ငံခြားသားခင်ပွန်းနှင့် လက်ထပ်ထားသော မြန်မာအမျိုးသမီးများအား နိုင်ငံခြားသားခင်ပွန်း ၏မှီခိုသူအဖြစ် သတ်မှတ်ပါသည်။
  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထား သောပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား
  • နိုင်ငံခြားသားခင်ပွန်း၏ နိုင်ငံကူးလက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံသားခံယူထားသည့် လက်မှတ် မိတ္တူနှင့် လက်ထပ်စာချုပ်
  • အပြန်လေယာဉ်စရိတ်အာမခံငွေ (Return Airfare) USD 800
  • နိုင်ငံခြားသားနှင့် လက်ထပ်ထားသော မြန်မာအမျိုးသမီးများအား ဒုက္ခအခက်အခဲများရင်ဆိုင်ရ ပါက ထုတ်ယူသုံးစွဲနိုင်ရန် အာမခံငွေအဖြစ် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးသွင်းထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသို့ အပြီးပြန်လည်နေထိုင်သည့်အခါတွင်လည်းကောင်း၊ နိုင်ငံခြား သားအဖြစ် ခံယူသွားသည့်အခါတွင်လည်းကောင်း၊ ငွေစတင်သွင်းသည့်ရက်မှ (၃)နှစ်ပြည့်လျှင် သော်လည်းကောင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
  • မြန်မာနိုင်ငံကူးလက်မှတ်အသစ်ခ (USD 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်း ဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့် တန်ဖိုးပေးချေပြီးဖြစ်သော အပြန်စာအိတ်(Return Envelope)များ တစ်ပါတည်းထည့်သွင်း ပေးရပါမည်။

Foreigner Husband's Dependent Passport Renewal Form

နိုင်ငံခြားသားအားမှီခိုသူ မိဘနှင့်သားသမီးများ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်တိုး လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • နိုင်ငံခြားသားအားမှီခိုသူ မိဘနှင့်သားသမီးများဟုဆိုရာတွင် အတူနေမိဘများ(အသက်၆၀နှင့် အထက်)၊ အတူနေသား(အသက် ၂၁နှစ်နှင့်အောက်) သမီး(အသက် ၂၅ နှစ်နှင့်အောက်) ကို သတ်မှတ်ပါသည်။
  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထား သောပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား
  • မှီခိုခံရသော နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်မိတ္တူ (သို့မဟုတ်) နိုင်ငံသားခံယူထားသည့် လက်မှတ်မိတ္တူနှင့် ၎င်းမှမှီခိုသူ မိသားစုဝင်အား အမေရိကန်နိုင်ငံ၌ ရောက်ရှိစဉ်အတွင်း နေထိုင်စားသောက်စရိတ်များအား တာဝန်ယူကြောင်းစာ (ယင်းစာအား နိုတြီပြုလုပ်၍ တင်ပြရန်)
  • မှီခိုခံရသောနိုင်ငံခြားသား၏ မိသားစုဝင်ဖြစ်ကြောင်း အထောက်အထား ( လက်ထပ်စာချုပ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း)
  • နိုင်ငံကူးလက်မှတ်အသစ်ခ (USD 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုးပေးချေပြီးဖြစ်သော အပြန် စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Foreigner's Dependent Passport Renewal Form

မြန်မာနိုင်ငံသားမိဘနှစ်ဦးမှ မွေးဖွားလာသည့်ကလေးအတွက် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ (၂) စုံ
  • မွေးစာရင်းမိတ္တူ (၂) စုံ
  • ကိုယ်ရေးရာဇဝင် (မိဘနှစ်ဦးနှင့် ကလေး) (၂) စုံစီ
  • ကလေးမိဘများ၏ လက်ထပ်စာချုပ် (၂) စုံ
  • မိဘများ၏အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (၂) စုံ
  • ကလေးအား မြန်မာနိုင်ငံသားအဖြစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ရန် လျှောက် ထားခြင်းဖြစ်ကြောင်း မိဘနှစ်ဦးမှ ဝန်ခံကတိပြုစာ (၂) စုံ
  • မိဘများသည် အလုပ်လုပ်သူဖြစ်ပါက ဝင်ငွေခွန်အကျေပေးဆောင်ထားသောပြေစာ
    ( ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန်ပေးဆောင်ထားသော ပြေစာ) (၂) စုံ
  • မိဘနှစ်ဦးနှင့် ကလေးတို့၏ ရောင်စုံဓာတ်ပုံ (၃) ပုံ
    ( ၆လ အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံအဖြူရောင် )
    ( ဓာတ်ပုံ (၂)ပုံစီအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးရန် )
  • ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • နိုင်ငံကူးလက်မှတ်အသစ်ခ (USD 35)
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာ တွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
    • နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့် တန်ဖိုးပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

New Born Passport Application Form

မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်းအတွက် အသစ်လျှောက်ထားရာတွင် လိုအပ်သည့်  အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ(၂)စုံ
  • ပျောက်ဆုံးသည့်နိုင်ငံကူးလက်မှတ်၏မိတ္တူ(၂)စုံ
  • ကိုယ်ရေးရာဇဝင်(၂)စုံ
  • နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်းသက်ဆိုင်ရာရဲစခန်းသို့တိုင်ကြားစာ(Police Report)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်အထောက်အထား (၂)စုံ
  • အလုပ်လုပ်သူဖြစ်ပါက ဝင်ငွေခွန်အကျေပေးဆောင်ထားသောပြေစာ (၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ အထိ ဝင်ငွေခွန် ပေးဆောင်ထားသောပြေစာ) (၂)စုံ
  • မှီခိုသူဖြစ်ပါက မှီခိုသူဖြစ်ကြောင်း အထောက်အထားနှင့် မှီခိုခံရသူ၏ ဝင်ငွေခွန် အကျေပေးဆောင် ထားသော ပြေစာ (၂)စုံ
  • ကျောင်းသားဖြစ်ပါက ကျောင်းတက်နေကြောင်း အထောက်အထား(၂)စုံ
  • ရောင်စုံဓာတ်ပုံ(၃)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံ (၂)ပုံစီအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန် )
  • ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • နိုင်ငံကူးလက်မှတ် ပျောက်ဆုံးဒဏ်ကြေး US$ 105 နှင့် နိုင်ငံကူးလက်မှတ်အသစ်ခ US$ 35
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
    • နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုး ပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope) များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

New Passport Apply for Passport Lost Form

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းကျော်လွန်ခြင်း၊ သက်တမ်းပြတ်တောက်နေသူများ မြန်မာနိုင်ငံကူး လက်မှတ်ပြန်လည် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

သက်တမ်းကျော်လွန်ခြင်း၊ သက်တမ်းပြတ်တောက်နေသူများအနေဖြင့် နိုင်ငံကူးလက်မှတ်ပြန်လည် လျှောက်ထားသည့်ကိစ္စရပ်များအား မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ဆက်ပေးပို့ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါ၍ ကြိုတင်လျှောက်ထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ခွင့်ပြုချက်ရရှိမှသာနိုင်ငံကူးလက်မှတ်အသစ် အား ထုတ်ပေးမည်ဖြစ်ပါသည်။

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (၂) စုံ
  • ကိုယ်ရေးရာဇဝင် (၂) စုံ
  • ဝင်ငွေခွန်အား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ကျေပွန်စွာပေးဆောင်ရန်
    (ယင်းကာလအထိ ဝင်ငွေခွန်မပေးဆောင်ရသေးပါက ပေးဆောင်ရမည်ဖြစ်ပြီး အခွန်ငွေကို Money Order (သို့မဟုတ်) Cashier's Check ဖြင့်သီးခြားပေးသွင်းရပါမည်)
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထား သောပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (၂) စုံ
  • နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်းဖြင့် ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
    • နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုးပေးချေပြီးဖြစ်သော အပြန် စာအိတ် (Return Envelope)များ တစ်ပါတည်းထည့်သွင်းပေးရပါမည်။

Over-validity Passport Renewal Form

မြန်မာနိုင်ငံ ကူးလက်မှတ် မရှိ၍ မြန်မာနိုင်ငံသို့ အပြီးပြန်လိုသော မြန်မာနိုင်ငံသားများ တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity - CI) လျှောက်ထားခြင်းအတွက် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မိတ္တူ (နိုင်ငံကူးလက်မှတ်ရှိခဲ့ဖူးပါက) (၂)စုံ
  • မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ (နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စု စာရင်း၊ ရပ်ကွက်/ မြို့နယ်/ ရဲစခန်းထောက်ခံစာများ၊ သင်္ဘောသားဖြစ်ပါက CDC၊ ဝင်ငွေခွန်ပြေစာ စသည်ဖြင့်) (၂) စုံ
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့် အထောက်အထား (၂) စုံ
  • ကိုယ်ရေးရာဇဝင် (၂) စုံ
  • ရောင်စုံဓာတ်ပုံ(၃)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသော ဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံ (၁)ပုံစီအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်နှင့် အပိုတစ်ပုံထည့်ပေးရန် )
  • ထိုးမြဲလက်မှတ် (လျှောက်ထားသူမှ လျှောက်လွှာနှင့် ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား ရေးထိုးပေးရန်လိုအပ်ပါသည်။)
  • မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ခ USD 35/-
  • ကာယကံရှင်ကိုယ်တိုင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် လာရောက်ထုတ်ယူရမည် ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
  • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
  • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
  • မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။

CI Application Form

မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲခွင့်လျှောက်ထားရာတွင်လိုအပ်သည့်အချက်အလက်များ

ကျောင်းသားအဖြစ်မှ အလုပ်လုပ်ကိုင်သူအဖြစ်သို့လည်းကောင်း၊ အလုပ်လုပ်ကိုင်သူအဖြစ်မှ ကျောင်းသား အဖြစ်သို့လည်းကောင်း၊ အလုပ်လုပ်ကိုင်သူအဖြစ်မှ မှီခိုသူအဖြစ်သို့ လည်းကောင်း၊ မှီခိုသူအဖြစ်မှ အလုပ်လုပ်ကိုင်သူအဖြစ်သို့လည်းကောင်း၊ သင်္ဘောသားအဖြစ်မှ ကုန်ပေါ်တွင် အလုပ်လုပ်ကိုင်သူအဖြစ်သို့ လည်းကောင်း နိုင်ငံကူးလက်မှတ်အမျိုးအစားများအား ပြောင်းလဲလျှောက်ထားနိုင်ပါသည်။

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • သင်္ဘောသားဖြစ်ပါက CDC မူရင်းနှင့် မိတ္တူ
  • ကိုယ်ရေးရာဇဝင်
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက် အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်အထောက်အထား
  • အလုပ်လုပ်ကိုင်သူအဖြစ် ပြောင်းလဲခွင့်လျှောက်ထားပါက အလုပ်ခန့်စာမူရင်းနှင့် အလုပ်လုပ်ကိုင် သည့်နေ့မှစ၍ ပေးဆောင်ရမည့်ဝင်ငွေခွန်
  • ကျောင်းသားအဖြစ်ပြောင်းလဲခွင့် လျှောက်ထားပါက ကျောင်းမှထောက်ခံစာနှင့် သက်တမ်းရှိ ကျောင်းသားကတ်ပြားမိတ္တူ
  • မှီခိုသူအဖြစ် ပြောင်းလဲခွင့်လျှောက်ထားပါက မည်သူ့အားမှီခိုကြောင်း ဖော်ပြ၍ မြန်မာနိုင်ငံသား ဖြစ်ပါက ဝင်ငွေခွန်အကျေပေးဆောင်ထားသော ပြေစာမိတ္တူ
  • သင်္ဘောသားမှ ကုန်းပေါ်၌အလုပ်လုပ်ကိုင်သူအဖြစ် လျှောက်ထားပါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အထိ SECD မှ သတ်မှတ်ထားသော သင်္ဘောသားလစာနှုန်းထားပေါ်တွင် ဝင်ငွေခွန် ၁၀% ပေးဆောင်ခဲ့သောပြေစာ
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံ အဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • ထိုးမြဲလက်မှတ်(လျှောက်ထားသူမှ လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် သတ်မှတ်ထား သောပုံစံတွင် ထိုးမြဲလက်မှတ်အား ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • နိုင်ငံကူးလက်မှတ်အသစ်ခ (US$ 35)
  • မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက် တစ်နှစ်လျှင် (USD 15) နှုန်းဖြင့် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
    • နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။
  • စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့်တန်ဖိုးပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Passport Type Change Application Form

နိုင်ငံကူးလက်မှတ်တွင် အမည်ဖြည့်သွင်းရန် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များ

  • ကိုယ်ရေးလျှောက်လွှာ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူ (စာရွက်အလွတ်များမိတ္တူကူးရန်မလိုပါ)
  • ကိုယ်ရေးရာဇဝင်
  • အမည်ဖြည့်စွက်ခြင်းနှင့် စပ်လျဉ်းသည့်အထောက်အထားမိတ္တူ
  • အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် ကတ်ပြားရောင်စုံမိတ္တူ (သို့မဟုတ်) ဗီဇာအထောက်အထား (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်အထောက်အထား
  • အလုပ်လုပ်သူဖြစ်ပါက ဝင်ငွေခွန် အကျေပေးဆောင်ထားသောပြေစာ
    (၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအထိ ဝင်ငွေခွန် ပေးဆောင်ထားသောပြေစာ)
  • မှီခိုသူဖြစ်ပါက မှီခိုသူဖြစ်ကြောင်းအထောက်အထားနှင့် မှီခိုခံရသူ၏ ဝင်ငွေခွန်အကျေပေးဆောင် ထားသောပြေစာ
  • ကျောင်းသားဖြစ်ပါက ကျောင်းတက်နေကြောင်းအထောက်အထား
  • ရောင်စုံဓာတ်ပုံ(၂)ပုံ ( ၆လ အတွင်း ရိုက်ကူးထားသောဓာတ်ပုံ၊ အရွယ်အစား ၂" x ၂"၊ နောက်ခံအဖြူ) (ဓာတ်ပုံတစ်ပုံအား ကိုယ်ရေးရာဇဝင်တွင် ကပ်ပေးပါရန်)
  • အမည်ဖြည့်စွက်ခြင်းအတွက်ကျသင့်ငွေ (USD 35)
  • ငွေပေးသွင်းခြင်း
    • ကောင်စစ်ဝန်ချုပ်ရုံးသို့ အခွန်အခများ ပေးဆောင်ရာတွင် Money Order (သို့မဟုတ်) Cashier's Check ဖြင့် ပေးသွင်းရန်၊ Personal Check နှင့် ငွေသားလက်မခံပါ။
    • Pay to နေရာတွင် Consulate General of Myanmar ကိုလည်းကောင်း၊ From နေရာတွင် ပေးသွင်းသူအမည်နှင့် လိပ်စာတို့ကို ဖြည့်သွင်းရပါမည်။
    • နိုင်ငံကူးလက်မှတ်အသစ်ခ၊ ဝင်ငွေခွန်တို့ကို Money Order (သို့မဟုတ်) Cashier's Check သီးခြားတစ်စောင်စီခွဲ၍ ပေးသွင်းရပါမည်။
  •  စာပို့စနစ်ဖြင့် ပေးပို့ခြင်း
    • USPS/FedEx/UPS စသည်တို့ဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့နိုင်ပါသည်။ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ဆောင်ရွက်ပြီးစီးပါက ပြန်လည်ပေးပို့နိုင်ရန်အတွက် လျှောက်ထားသူ၏ လိပ်စာရေးသွင်းပြီး တံဆိပ်ခေါင်းကပ်ပြီး (သို့မဟုတ်) ကျသင့် တန်ဖိုးပေးချေပြီးဖြစ်သော အပြန်စာအိတ် (Return Envelope)များ တစ်ပါတည်း ထည့်သွင်းပေးရပါမည်။

Name Add in PPT Application Form

Embassy Websites

Government Ministries