၁။ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်ယု အနေဖြင့် အယ်လ်အေမြို့အခြေစိုက်သံတမန်များအဖွဲ့အတွက် Rotary Club of Los Angeles မှ ၁၄-၂-၂၀၂၀ ရက်နေ့၊ California Club(LA) တွင် ကျင်းပပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲကို ပါဝင်တက်ရောက်ခဲ့ပါသည်။

၂။ ကောင်စစ်ဝန်ချုပ် ဦးတင်ယုနှင့်အတူ Rotary Club ၏ အဖွဲ့ခွဲဖြစ်သည့် Rotary International မှ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော နိုင်ငံ များမှ ကောင်စစ်ဝန်ချုပ်များနှင့် ၎င်းတို့၏ Country Manager များပါ တက်ရောက်ခဲ့ကြသည့် အဆိုပါတွေ့ဆုံပွဲတွင် ကောင်စစ်ဝန်ချုပ်များအား Rotary Club နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြရာ ကောင်စစ်ဝန်ချုပ် ဦးတင်ယုက Rotary Club က မြန်မာ နိုင်ငံ၏ လူမှုဖွံ့ဖြိုးရေးကဏ္ဍတွင် အကူအညီပေးခြင်း၊ ၂၀၀၅ ခုနှစ်မှစတင်၍ Rotary Water Management Systems အစီအစဉ်ဖြင့် (၁၅) နှစ်စီမံကိန်းတစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်အထိ Sanitary Water Management System စီမံကိန်း ၆၇ ခုကို အကောင်ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်စသည့် တိုင်းနှင့် ပြည်နယ်များရှိ ကျေးရွာအသီးသီးက ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် မိဘမဲ့ကလေး ဂေဟာများတွင် အဓိကဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင်လည်း ယခင်ထက် ပိုမို အဆင့်မြင့်မားသည့် စီမံကိန်း ၈ ခုကို သံလျင်မြို့တွင် အကောင်အထည်ဖေါ်ရန် ဘတ်ဂျက် တောင်းခံထားသည်ဟု သိရှိရကြောင်းနှင့် မြန်မာပြည်အလယ်ပိုင်းဒေသများကိုလည်း အရည် အသွေးရှိသော စီမံကိန်းများဖြင့် Sanitary Water Management System အား ကြာရှည်ခံ စေရန် ကူညီထိန်းသိမ်းပေးရန်နှင့် ဒေသခံများကိုလည်း ပညာပေးကူညီပေးရန် ဆွေးနွေးခဲ့ပါ သည်။

 

Embassy Websites

Government Ministries