Hon. Consul General Mr. Tin Yu attended the Charity Luncheon Event, which intends to appreciate and recognize the efforts of the United States Department of State, Office of Foreign Missions in Los Angeles, Los Angeles Mayor Office, and other ASEAN community members for their concerted and consecutive support over the years, organized by the ASEAN Women Circle in Los Angeles (AWCLA) on 27th February, 2020 (Thursday).

*****

“ကောင်စစ်ဝန်ချုပ် ဦးတင်ယုက ASEAN Women Circle in Los Angeles ၏ Charity Luncheon သို့ တက်ရောက်ခဲ့ခြင်း (၂၇-၂-၂၀၂၀ ရက်) ”

လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်ယုအနေဖြင့် လော့စ်အိန်ဂျယ်လိစ်မြို့တွင် ဖွဲ့စည်းတည်ထောင်ထားသည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော ASEAN အမျိုးသမီးအသင်း (ASEAN Women Circle in Los Angeles– AWCLA) က ကယ်လီဖိုးနီးယားပြည်နယ်တွင် အခြေစိုက် ဖွင့်လှစ်ထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများအား အဖက်ဖက်မှ ပံ့ပိုးကူညီ ပေးလျက်ရှိသော အဖွဲ့အစည်းများကို ဂုဏ်ပြုရန်နှင့် ယင်းအစီအစဉ်မှတစ်ဆင့် ရရှိလာမည့် ရန်ပုံ ငွေများကို ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ပိုင်းတွင် လော့စ်အိန်ဂျယ်လိစ်မြို့တွင်းရှိ အကူအညီ လိုအပ်သည့် အဖွဲ့အစည်းတစ်ခုခုအား လှူဒါန်းနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် Charity Luncheon သို့ ၂၇-၂-၂၀၂၀ ရက် (ကြာသပတေးနေ့) တွင် တက်ရောက်ခဲ့ပါသည်။

 

Embassy Websites

Government Ministries