1. Hon. Mr. Tin Yu, Consul General of the Consulate General of the Republic of the Union of Myanmar in Los Angeles, CEO Mr. Karim Kabir and representatives of the Sunray Energy Solution 29th June, 2020 (Monday) at 10 a.m.at the Myanmar Consulate General.

2. During their meeting, CEO Mr. Karim Kabir briefly introduced Sunray Energy Solution, explained relevant specifications of the Generators manufactured by their company and offered to provide assistances and make investments in Myanmar's electricity and energy sector.

3. Therefore, Consul General U Tin Yu expressed his warm welcome and pleasure to Sunray Energy Solution Company's offer and stated his confidence over the prospected benefits that the company would bring in for Myanmar's electricity and energy sector. The Consul General also ensured to provide required assistances for the group's visit to Myanmar when the Myanmar Government eases Precautionary Restriction Measures related to the Control of the COVID-19 Pandemic, and to coordinate meetings for the representatives of Sunray Energy Solution Company with relevant authorities in Myanmar.

*******

“ကောင်စစ်ဝန်ချုပ် ဦးတင်ယုက မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကမ်းလှမ်းလာခဲ့သည့် Sunray Energy Solution မှ ကိုယ်စားလှယ်များအား လက်ခံ တွေ့ဆုံခဲ့ခြင်း (၂၉-၆-၂၀၂၀ ရက်)”

၁။ လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်ယုအနေဖြင့် ၂၉-၆-၂၀၂၀ ရက် (တနင်္လာနေ့)၊ နံနက် (၁၀၀၀) နာရီတွင် Sunray Energy Solution ဥက္ကဋ္ဌ Mr. Karim Kabirနှင့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် Sunray Energy Solution ဥက္ကဋ္ဌ Mr. Karim Kabir နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်လျက်ရှိသည်ဟု သိရှိရသောကြောင့် ၎င်းတို့ကုမ္ပဏီ အနေဖြင့်လည်း ကုမ္ပဏီမှထုတ်လုပ်ထားသည့် လျှပ်စစ်ဓာတ်အားပေးစက်များဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ပါဝင်စားလျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

၃။ သို့ဖြစ်ရာ ကောင်စစ်ဝန်ချုပ် ဦးတင်ယုက Sunray Energy Solution ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်အားဖြည့်ရန် ဆန္ဒရှိသည်ကို သိရှိရသောကြောင့် အထူးဝမ်းမြောက်ပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်း၊ ကိုယ်စား လှယ်အဖွဲ့မှ ကိုဗစ်-၁၉ ကာလကျော်လွန်ချိန်တွင် မြန်မာနိုင်ငံသို့သွားရောက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ချိရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့ပါသည်။

 

Embassy Websites

Government Ministries