1. Hon. Consul General U Tin Yu attended a Virtual Meeting discussed by Mr. Eric Garcetti, Mayor of the City of Los Angeles, to the members of Los Angeles Consular Corps (LACC) about the COVID-19 related developments in Los Angeles, on 20-7-2020 (Monday) at (14:00) p.m.

2. During the meeting, Mayor Mr. Eric Garcetti briefed over the updated information on the control of COVID-19 within Los Angeles and discussed about the current racism issues taking place in the US, and addressed the questions submitted in advance by the LACC members.

3. In his address, Mayor Mr. Garcetti responded to the question raised by the Myanmar Consulate General in Los Angeles by affirming that the government of US anticipates successful formulation of COVID-19 vaccines in another nine-month of time and its willingness to not only distribute the vaccines equally at the local and national level but also across nations based on mutual-aid agreements once the formulation process completes, and he also mentioned to seek collaboration with the foreign governments with regards to the vaccine distribution.

4. Among the (102) members of LACC, Consuls General from (75) Consulate Generals participated in the Virtual Meeting and the Mayor responded to the questions raised by Consulate General of Korea, Myanmar, Spain, Ecuador, Israel and South Africa respectively.

*****

“ကောင်စစ်ဝန်ချုပ် ဦးတင်ယုက လော့စ်အိန်ဂျယ်လိစ်မြို့တော်ဝန်မှ ပြုလုပ်ခဲ့သည့် Virtual Meeting သို့ ပါဝင်တက်ရောက်ခဲ့ခြင်း (၂၀-၇-၂၀၂၀)”

၁။ လော့စ်အိန်ဂျယ်လိစ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးတင်ယုအနေဖြင့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လော့စ်အိန်ဂျယ်လိစ်မြို့၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြို့တော်ဝန် Mr. Eric Garcetti က ၂၀-၇-၂၀၂၀ ရက် (တနင်္လာနေ့)၊ နေ့လယ် (၁၄:၀၀) နာရီတွင် လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက်သံတမန်များအဖွဲ့ (Los Angeles Consular Corps-LACC) အား ရှင်းလင်းပြောကြားသည့် ရုပ်သံအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

၂။ အစည်းအဝေးတွင် လော့စ်အိန်ဂျယ်လိစ်မြို့၏ မြို့တော်ဝန်Mr. Eric Garcetti က COVID-19 နှင့်ပတ်သက်၍ အလေးထားဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များနှင့် အသားအရောင်ခွဲခြားမှုအရေး ကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံးများမှ ၎င်းထံသို့ ကြိုတင်မေးမြန်းထားသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မေးမြန်းခဲ့သည့် COVID-19 ကူးစက်ရောဂါအတွက်အမေရိကန်၏ ကာကွယ်ဆေးစမ်းသပ်ဖော်စပ်မှုအခြေအနေနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြို့တော်ဝန် Mr. Garcetti က COVID-19 ကူးစက်ရောဂါအတွက် ကာကွယ်ဆေးများ အောင်မြင်စွာ စမ်းသပ်ဖော်စပ်၍ တွင်ကျယ်စွာထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် အနည်းဆုံး (၉) လခန့်အချိန်ယူရမည်ဟု ခန့်မှန်းရပြီး ယင်းဆေးဝါးများကို ထုတ်လုပ်နိုင်ပါက ပြည်တွင်းရှိ အသိုက် အဝန်းများအားလုံးကို သာတူညီမျှဖြန့်ဝေပေးမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်တွင်လည်း ကမ္ဘာ့နိုင်ငံများသို့ နှစ်နိုင်ငံ အကူအညီပေးရေး သဘောတူညီမှုအစီအစဉ်များဖြင့် ပွင့်လင်းစွာချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အလေးထားဖြေကြားပေးခဲ့ပါသည်။

၃။ လော့စ်အိန်ဂျယ်လိစ်မြို့တော်ဝန် Mr. Garcetti မှ ပြုလုပ်သည့် Virtual Meeting သို့ LACC အဖွဲ့ဝင် ကောင်စစ်ဝန်ချုပ်ရုံးစုစုပေါင်း (၁၀၂) ရုံးအနက် (၇၅) ရုံးမှ ကောင်စစ်ဝန်ချုပ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြို့တော်ဝန် Mr. Garcettiက တောင်ကိုရီးယား၊ မြန်မာ၊ စပိန်၊ အီကွေဒေါ၊ အစ္စရေးနှင့် တောင်အာဖရိက နိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

 

Embassy Websites

Government Ministries