(၁၇-၃-၂၀၂၃ ရက်၊ နေပြည်တော်)

၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မစိုးရိမ်ကျောင်းတိုက် ဩဝါဒစရိယ ဆရာတော် ဦးကောသလ္လ အမှူးပြုသော သံဃာတော်အရှင်သူမြတ် (၅)ပါးတို့ ကြွရောက်တော်မူကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့် အမှုထမ်းများက တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပါသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ တရားတော်များနာယူခဲ့ကြပါသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20230317 03

20230317 03

20230317 03

Embassy Websites

Government Ministries