(၁၇-၃-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတို့ကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်သောနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်တွင် (၇၆)နှစ်မြောက် နှစ်ပတ်လည်အခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြပါရှိသည့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ချမှတ်ထားသည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာများတွင် နိုင်ငံအားလုံးတန်းတူရည်တူရှိမှုနှင့် မိတ်ဝတ်မပျက် မိတ်ဆွေအဖြစ် ဆက်ဆံရေးတို့ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်ပြီး ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအပေါ် ရပ်တည်ကာကွယ်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းတိုင်း၏ တာဝန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများကို သိရှိလိုက်နာရန်လိုအပ်ပြီး တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေး မြင့်မားတိုးတက်အောင် တည်ဆောက်နေကြရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းအောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အတွေ့အကြုံ၊ ဗဟုသုတပြည့်စုံရန်သာမက လုပ်ငန်းခွင်သာယာပျော်ရွှင်ရေးအတွက်လည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းဘဝအဖြစ် စတင်ခံယူစဉ်ကတည်းက မိမိတိုင်းပြည်အတွက် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းရွက်သွားရန် သန္နိဋ္ဌာန် ချမှတ်ပြီးဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံရေးအရောင်အသွေး ကင်းရှင်းစွာဖြင့် နိုင်ငံ၏အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ဆက်လက်ကြိုးစားကြရန် တိုက်တွန်းအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ဇန်နဝါရီလအတွင်း ဝန်ကြီးဌာနတွင်း ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သူများ၊ သီချင်းဆိုပြိုင်ပွဲ၌ ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများအား အသီးသီး ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အထူးဆုမဲ (၇၆)ဆုအပါအဝင် ဗလာမပါ ကံစမ်းမဲများ မဲဖောက်ခြင်း တို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစား သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများနှင့် အတူတကွ ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်နေစဉ် ဝါသနာရှင်ဝန်ထမ်းများက ကာရာအိုကေ တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20230317 12

20230317 12

20230317 12

20230317 12

20230317 12

20230317 12

20230317 12

20230317 12

Embassy Websites

Government Ministries